မိုင္းေယာင္း၌ ရက္(၁၀၀)စီမံခ်က္ႏွင့္ ၀န္ေဆာင္မွဳကိုေရွးရွဳေသာ ရဲလုပ္ငန္းဆိုင္ရာ အသိပညာေပး

မိုင္းေယာင္း၌ ရက္(၁၀၀)စီမံခ်က္ႏွင့္ ၀န္ေဆာင္မွဳကိုေရွးရွဳေသာ ရဲလုပ္ငန္းဆိုင္ရာ အသိပညာေပး
မေ 20, 2016
By Tachileik News Agency

မိုင္းေယာင္း၊ ေမလ(၂၀)
ၿမိဳ႕နယ္အတြင္း လံုၿခံဳေရး၊ တရားဥပေဒစိုးမိုးေရး၊ မႈခင္းေလ်ာ့ပါး က်ဆင္းေရးအတြက္ ရက္(၁၀၀)စီမံခ်က္ ႏွင့္ ၀န္ေဆာင္မႈကို ေရွ႔ရႈေသာ ရဲလုပ္ငန္းဆုိင္ရာ အသိပညာေပးရွင္းလင္းပြဲကို ယေန႔ ေမလ(၂၀)ရက္ေန႔ နံနက္(၁၀)နာရီ အခ်ိန္က တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရံုးတြင္ အစည္းအေ၀း ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

"မႈခင္းက်ဆင္းေရးနဲ႔ ပတ္သက္ၿပီး လုပ္ငန္းစဥ္(၅)ရပ္နဲ႔ ေဆာင္ရြက္လွ်က္ရွိၿပီး၊ မိတ္ဖက္အဖြဲ႔အစည္းေတြနဲ႔ အားလံုး ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ပါတယ္၊ ျပည္သူေတြအားကိုးယံုၾကည္တဲ့ ရဲတပ္ဖြဲ႔ျဖစ္ေအာင္လည္း ႀကိဳးပမ္းေဆာင္ရြက္လွ်က္ ရွိပါတယ္"ဟု ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး၊ ရဲမွဴးေက်ာ္ဇင္က အခမ္းအနားတြင္ ေျပာၾကားသည္။

အဆိုပါ ရဲလုပ္ငန္းဆုိင္ရာ အသိပညာေပးရွင္းလင္းပြဲကို မိုင္းေယာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရံုးတြင္ က်င္းပျပဳလုပ္ရာ မိုင္းေယာင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းႏိုင္ေအာင္ႏွင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား ႏွင့္ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ ၀န္ေဆာင္မႈကို ေရွ႕ရႈေသာ ရဲလုပ္ငန္းဆိုင္ရာ အလုပ္ရံုေဆြးေႏြးပြဲအား ၂၀၁၆ ခုႏွစ္ ေမ လ(၁၂)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က က်ဳိင္းတံုၿမိဳ႕ရွိ ရွမ္းျပည္နယ္ဒုတိယရဲတပ္ဖြဲ႔မွဳးရံုး ၌ ကနဦး က်င္းပခဲ့ျခင္းျဖစ္ၿပီး ဆက္လက္၍ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္လည္း အသိပညာေပးရွင္းလင္းပြဲမ်ားကို ျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု။ ။ ‪#‎အားခ်ာ‬(မိုင္းေယာင္း)

..............

မိုင်းယောင်း၊ မေလ(၂၀)
မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းလျော့ပါး ကျဆင်းရေးအတွက် ရက်(၁၀၀)စီမံချက် နှင့် ဝန်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို ယနေ့ မေလ(၂၀)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် အစည်းအေဝး ပြုလုပ်ခဲ့ကြောင်း သိရသည်။

"မှုခင်းကျဆင်းရေးနဲ့ ပတ်သက်ပြီး လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဆောင်ရွက်လျှက်ရှိပြီး၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ပြည်သူတွေအားကိုးယုံကြည်တဲ့ ရဲတပ်ဖွဲ့ဖြစ်အောင်လည်း ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါတယ်"ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကျော်ဇင်က အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါ ရဲလုပ်ငန်းဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို မိုင်းယောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပပြုလုပ်ရာ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဝန်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ် မေ လ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှုးရုံး၌ ကနဦး ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း အသိပညာပေးရှင်းလင်းပွဲများကို ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ‪#‎အားချာ‬(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~