လွိုင်လင်မြို့နယ်တွင် သံကူကွန်ကရစ်တံတား နှစ်စင်းအတွက် ကျပ်(၁၇)သန်း အသုံးပြုမည်
လွိုင်လင်မြို့နယ်တွင် သံကူကွန်ကရစ်တံတား နှစ်စင်းအတွက် ကျပ်(၁၇)သန်း အသုံးပြုမည်
မေ 6, 2016
By Tachileik News Agency
ပုံအညွှန်း ။  ။ ( ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးစဉ် ၊ ဓာတ်ပုံ။ ။ ပြည်သူ့လွှတ်တော် )
လွိုင်လင်၊ မေလ(၆)ရက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မေလ(၃)ရက်က ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး (၂၁)ရက်နေ့မြောက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
လွိုင်လင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီမှ လွိုင်လင်မြို့နယ်အတွင်း ကျေးရွာများ ဆက်သွယ်ထားသည့် တံတားအမှတ်(၁)နှင့် တံတားအမှတ်(၂)တို့အား သံကူကွန်ကရစ် တံတားဖြင့် အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းအပေါ် ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
သတင်း။  ။ ကိုဇက်
...............
လွိုင်လင်၊ မေလ(၆)ရက်
ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်၊ လွိုင်လောင်ရွာသွားလမ်းပေါ်ရှိ နမ့်စီးဟောင်းချောင်းတွင် သစ်သားတံတား အစား သံကူကွန်ကရစ်တံတား (၂)စင်းအဖြစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မွမ်းမံရန်ပုံငွေ ကျပ်(၁၇)သန်း အသုံးပြုကာ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မေလ(၃)ရက်က ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအေဝး (၂၁)ရက်နေ့မြောက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်(၁၂၉.၉၃၀)သန်းထဲမှာ ကျောက်ချောလမ်း(၁)မိုင်၊ မြေသားလမ်း(၁)မိုင်(၄)ဖာလုံနဲ့ ကွန်ကရစ်တံတား(၃၁)ပေတို့ကို လျာထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လွိုင်လင်မြို့နယ်ထဲက ဆဟောင်းကျေးရွာအုပ်စု၊ လွိုင်လောင်းရွာ သွားလမ်းမှာရှိတဲ့ နမ့်စီးဟောင်းရေချောင်းဖြတ်ကျော်ထားတဲ့ တံတားကိုတော့ လျာထားချက် ရန်ပုံငွေမှာမပါ ပါဘူး။ ဒါကို မွမ်းမံရန်ပုံငွေနဲ့ အသုံးပြုတည်ဆောက်သွားမှာပါ"ဟု ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြန်လည် ဖြကြေားပေးခဲ့ခြင်းဖြစ်သည်။
လွိုင်လင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီမှ လွိုင်လင်မြို့နယ်အတွင်း ကျေးရွာများ ဆက်သွယ်ထားသည့် တံတားအမှတ်(၁)နှင့် တံတားအမှတ်(၂)တို့အား သံကူကွန်ကရစ် တံတားဖြင့် အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းအပေါ် ယင်းကဲ့သို့ ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။
လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပန်မုန့်ကျေးရွာအုပ်စုမှ ဆဟောင်းကျေးရွာ အုပ်စု၊ လွိုင်လောင်ရွာသွားလမ်းပေါ်ရှိ နမ့်စီးဟောင်းရေချောင်းအား ဖြတ်ကျော်တည်ဆောက်ထားသည့် ပျက်စီးနေသော သစ်သားတံတားများအစား သံကူကွန်ကရစ်တံတားများဖြင့် အစားထိုး တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်တံတားသည် ကျေးရွာ (၁၃) ရွာ၊ အိမ်ခြေ (၄၅၅) အိမ်၊ လူဦးရေစုစုပေါင်း (၂၇၁၁) ဦးတို့ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~