အရိွန္မထိန္းႏိုင္ေသာ ယာဥ္တစ္စီး ဆက္သြယ္ေရးကြန္ကရစ္တိုင္အား ဝင္တိုက္မိ

အရိွန္မထိန္းႏိုင္ေသာ ယာဥ္တစ္စီး ဆက္သြယ္ေရးကြန္ကရစ္တိုင္အား ဝင္တိုက္မိ
မေ 18, 2016
By Tachileik News Agency

က်ဳိင္းတံု ၊ ေမလ (၁၈) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕တြင္ ယာဥ္တစ္စီးက အရိွန္မထိန္းႏိုင္ဘဲ ဆက္သြယ္ေရးကြန္ကရစ္တိုင္ အား ဝင္တိုက္မိသျဖင့္ ယာဥ္ေမာင္းျဖစ္သူအား တရားစြဲထားေၾကာင္း အမွတ္ (၁၁၆) ယာဥ္ထိန္း ရဲတပ္ဖြဲ႕စုမွဴး႐ံုး (က်ဳိင္းတံု) မွ သတင္းရရိွသည္။

" ကားကေတာ့ ေတာ္ေတာ္ ပ်က္စီးသြားၿပီးေတာ့ လူဘာမွ မျဖစ္တာကံေကာင္းတယ္။ ဆက္သြယ္ေရးနဲ႔ ဆက္သြယ္ၿပီး အမႈဖြင့္တဲ့ ကိစၥျပဳလုပ္ခဲ့တယ္" ဟု အဆိုပါ႐ံုးမွ တာဝန္က် ရဲတပ္ဖြဲ႔၀င္တစ္ဦးက ေျပာသည္။

အဆိုပါယာဥ္မွာ ေမလ (၁၆) ရက္ေန႔က က်ဳိင္းတံုေလယာဥ္ကြင္းလမ္းမွ ေနာင္ခမ္းလမ္းအတိုင္း လိြဳင္ေမြလမ္းဘက္သို႔ ေမာင္းႏွင္လာခဲ့ရာ အမွတ္ (၃) ရပ္ကြက္ ေနာင္ခမ္းရပ္၏ လမ္းတစ္ေနရာ အေရာက္တြင္ အရိွန္မထိန္းႏိုင္ဘဲ လမ္းယာဘက္ေဘးရိွ ပလက္ေဖာင္းႏွင့္ ဆက္သြယ္ေရး ကြန္ကရစ္တိုင္အား ဝင္တိုက္မိၿပီးေနာက္ လူေနအိမ္အုတ္တံတိုင္းအား ဆက္လက္တိုက္မိခဲ့ျခင္းျဖစ္သည္။

ယာဥ္တိုက္မႈေၾကာင့္ ျပည္သူပိုင္ပစၥည္းႏွင့္ ကားပစၥည္း ပ်က္စီးမႈ တန္ဖိုးေငြ စုစုေပါင္း က်ပ္ (၂၇၈၀၀၀၀) ခန္႔ရိွၿပီး ယာဥ္ေမာင္းတြင္ ယာဘက္လက္ညိဳးပြန္းျခစ္ဒဏ္ရာတစ္ခုသာ ရရိွခဲ့ေၾကာင္း သတင္းရရိွသည္။

ေမာ္ေတာ္ယာဥ္အား မဆင္မျခင္ေမာင္းႏွင္သူ အသက္ (၃၀) ႏွစ္အရြယ္ ဦးဖိုးခ်ဳိဆုိသူအား က်ဳိင္းတံုၿမိဳ႕မ ရဲစခန္းမွ (ပ) ၁၉ /၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/၄၂၇ ျဖင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သတင္းရရိွသည္။

သတင္း။  ။ ဇင္ေအာင္

..............

ကျိုင်းတုံ၊ မေလ (၁၈) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဆက်သွယ်ရေးကွန်ကရစ်တိုင် အား ဝင်တိုက်မိသဖြင့် ယာဉ်မောင်းဖြစ်သူအား တရားစွဲထားကြောင်း အမှတ် (၁၁၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံး (ကျိုင်းတုံ) မှ သတင်းရရှိသည်။
" ကားကတော့ တော်တော် ပျက်စီးသွားပြီးတော့ လူဘာမှ မဖြစ်တာကံကောင်းတယ်။ ဆက်သွယ်ရေးနဲ့ ဆက်သွယ်ပြီး အမှုဖွင့်တဲ့ ကိစ္စပြုလုပ်ခဲ့တယ်" ဟု အဆိုပါရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါယာဉ်မှာ မေလ (၁၆) ရက်နေ့က ကျိုင်းတုံလေယာဉ်ကွင်းလမ်းမှ နောင်ခမ်းလမ်းအတိုင်း လွိုင်မွေလမ်းဘက်သို့ မောင်းနှင်လာခဲ့ရာ အမှတ် (၃) ရပ်ကွက် နောင်ခမ်းရပ်၏ လမ်းတစ်နေရာ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ပလက်ဖောင်းနှင့် ဆက်သွယ်ရေး ကွန်ကရစ်တိုင်အား ဝင်တိုက်မိပြီးနောက် လူနေအိမ်အုတ်တံတိုင်းအား ဆက်လက်တိုက်မိခဲ့ခြင်းဖြစ်သည်။ 
ယာဉ်တိုက်မှုကြောင့် ပြည်သူပိုင်ပစ္စည်းနှင့် ကားပစ္စည်း ပျက်စီးမှု တန်ဖိုးငွေ စုစုပေါင်း ကျပ် (၂၇၈၀၀၀၀) ခန့်ရှိပြီး ယာဉ်မောင်းတွင် ယာဘက်လက်ညိုးပွန်းခြစ်ဒဏ်ရာတစ်ခုသာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ အသက် (၃၀) နှစ်အရွယ် ဦးဖိုးချိုဆိုသူအား ကျိုင်းတုံမြို့မ ရဲစခန်းမှ (ပ) ၁၉ /၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၄၂၇ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
သတင်း။ ဇင်အောင်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~