အရက်မူးပြီး ကျိုင်းတုံပြည်သူ့ဆေးရုံရှိ လူနာဆေးမှတ်တမ်းများကို ဝင်ရောက်ဖျက်ဆီးသည့် လူငယ်များအား ဖမ်းမိရေး ကြိုးပမ်းနေ

အရက်မူးပြီး ကျိုင်းတုံပြည်သူ့ဆေးရုံရှိ လူနာဆေးမှတ်တမ်းများကို ဝင်ရောက်ဖျက်ဆီးသည့် လူငယ်များအား ဖမ်းမိရေး ကြိုးပမ်းနေ
မေ 13, 2016
By Tachileik News Agency

ကျိုင်းတုံ၊ မေလ(၁၃)ရက်



ကျိုင်းတုံဆေးရုံကြီးရှေ့ မြက်ခင်းပြင်တွင် လူငယ်တစ်စုက ဝိုင်းဖွဲ့အရက်သောက်နေသဖြင့် အော်ဟစ်ဆူညံမှုအား မပြုလုပ်ရန် ဆေးရုံကြီးမှ တာဝန်ကျ လုံခြုံရေးဝန်ထမ်းက တာဝန်အရ တားမြစ်ခြင်းကို မကျေမနပ်ဖြစ်ကာ ပြင်ပလူနာဌာနအတွင်း ဝင်လာကာ တာဝန်ကျဆရာဝန်နှင့် သူနာပြု ဆရာမများ၏ ရှေ့စားပွဲမှ လူနာဆေးမှတ်တမ်းနှင့် စာရွက်စာတမ်းများအား အရက်ဖြင့်လောင်း၍ ဖျက်ဆီးခြင်း၊ လူနာထိုင်ခုံများအား ခြေဖြင့် ကန်ခြင်းတို့အပြင် တာဝန်ကျဝန်ထမ်းများအား ညစ်ညမ်းစွာ ပြောဆိုခြင်း၊ အထက်တန်း သူနာပြုတစ်ဦး၏ မျက်နှာအား ပါးစပ်ဖြင့်ငုံထားသည့် အရက်ဖြင့် ထွေးထုတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။


သတင်း။  ။ ဇင်အောင်
................

ကျိုင်းတုံ၊ မေလ(၁၃)ရက်
ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင် လူနာဆေးမှတ်တမ်း ဝင်ရောက်ဖျက်ဆီးသွားသည့် လူငယ်နှစ်ဦးအား ဖမ်းဆီး ရမိရေးအတွက် ဆောင်ရွက်နေကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ လူငယ်နှစ်ဦးသည် မေလ (၈) ရက်၊ ည (၁၀) နာရီခွဲခန့်က အရက်သောက်ထားပြီး ရောက်ရှိလာကာ ဆေးရုံအစောင့်ဝန်ထမ်း၏ စည်းကမ်းတားမြစ်မှုကို မကျေနပ်သဖြင့် လူနာဆေးမှတ်တမ်း စာအုပ်ကို ဖျက်ဆီးထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

" ထွက်ပြေးသွားတဲ့ လူငယ်နှစ်ဦးကိုတော့ လူတွေ့ရင် မှတ်မိတယ်လို့ တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းတွေက ပြောတယ်။ အမြန်ဆုံး ဖမ်းဆီးနိုင်အောင် ဆောင်ရွက်သွားမှာပါ " ဟု ကျိုင်းတုံမြို့မ ရဲစခန်းမှ ရဲအုပ်ဇော်မိုးက ပြောသည်။

ကျိုင်းတုံဆေးရုံကြီးရှေ့ မြက်ခင်းပြင်တွင် လူငယ်တစ်စုက ဝိုင်းဖွဲ့အရက်သောက်နေသဖြင့် အော်ဟစ်ဆူညံမှုအား မပြုလုပ်ရန် ဆေးရုံကြီးမှ တာဝန်ကျ လုံခြုံရေးဝန်ထမ်းက တာဝန်အရ တားမြစ်ခြင်းကို မကျေမနပ်ဖြစ်ကာ ပြင်ပလူနာဌာနအတွင်း ဝင်လာကာ တာဝန်ကျဆရာဝန်နှင့် သူနာပြု ဆရာမများ၏ ရှေ့စားပွဲမှ လူနာဆေးမှတ်တမ်းနှင့် စာရွက်စာတမ်းများအား အရက်ဖြင့်လောင်း၍ ဖျက်ဆီးခြင်း၊ လူနာထိုင်ခုံများအား ခြဖြေင့် ကန်ခြင်းတို့အပြင် တာဝန်ကျဝန်ထမ်းများအား ညစ်ညမ်းစွာ ပြောဆိုခြင်း၊ အထက်တန်း သူနာပြုတစ်ဦး၏ မျက်နှာအား ပါးစပ်ဖြင့်ငုံထားသည့် အရက်ဖြင့် ထွေးထုတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်အား ကျိုင်းတုံဆေးရုံအုပ်ကြီးက တိုင်စာပေးပို့တိုင်တန်းသဖြင့် ကျိုင်းတုံမြို့မရဲစခန်းမှ မေလ (၉) ရက်တွင် (ပ) ၈၉ / ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၅၂/ ၃၅၃/ ၃၅၄ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~