က်ဳိင္းတံု၌ က်င္းပသည့္ ႏွစ္(၇၀)ျပည့္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔ေန႔ အခမ္းအနားတြင္ ၂၀၁၆ မီးေဘးအႏၱရာယ္ ကာကြယ္ေရးညႊန္ၾကားခ်က္ကို ရွင္းလင္း

က်ဳိင္းတံု၌ က်င္းပသည့္ ႏွစ္(၇၀)ျပည့္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔ေန႔ အခမ္းအနားတြင္ ၂၀၁၆ မီးေဘးအႏၱရာယ္ ကာကြယ္ေရးညႊန္ၾကားခ်က္ကို ရွင္းလင္း
မေ 5, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ေမလ (၅) ရက္
ရွမ္းျပည္နယ္(အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ ႏွစ္(၇၀)ျပည့္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔ေန ့ အခမ္းအနားကို မတ္လ(၅)ရက္ေန ့ နံနက္(၈)နာရီက က်ိဳင္းတုံၿမိဳ ့မအားကစားကြင္း၌ က်င္းပရာ ၂၀၁၆ ခုႏွစ္ အစြန္းေရာက္ ရာသီဥတုသက္ေရာက္မႈအတြက္ မီးေဘးအႏၱရာယ္ကာကြယ္ေရး ညႊန္ၾကားခ်က္ကို ရွင္းလင္းခဲ့သည္။

"၂၀၁၆ခုႏွစ္မွာ  အစြန္းေရာက္ရာသီဥတု သက္ေရာက္မႈေၾကာင့္ မီးေဘးအႏၱရာယ္ ျပန္လည္တုန္႔ျပန္ေရး တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အလိုက္ ပထ၀ီအေနအထားအရ လုပ္ငန္းစီမံခ်က္မ်ား ေရးဆြဲ အေကာင္ အထည္ေဖာ္မႈကို ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလမွာ ညႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ လုပ္ငန္းစီမံခ်က္ ပထမအဆင့္ အေနနဲ ့ သတိေပးေဖာ္ေဆာင္မႈ၊ ဒုတိယအဆင့္အေနနဲ ့ စစ္ေဆးႀကီးၾကပ္ အေကာင္ အထည္ေဖာ္ လမ္းညႊန္မႈ၊ တတိယအဆင့္ အေနနဲ ့ ရပ္ရြာအလိုက္ ပူးေပါင္းဇာတ္တိုက္ေလ့က်င့္မႈ တို ့ကို ေဆာင္ရြက္လွ်က္ရိွပါတယ္။"ဟု ရွမ္းျပည္နယ္(အေရွ ့ပိုင္း) ဒုတိယျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေကာင္းစံဦးက အဆိုပါ အခမ္းအနားတြင္ ထည့္သြင္း ေျပာၾကားသြားသည္။

မီးေဘးအႏၱရာယ္၊ အျခားေသာေဘးအႏၱရာယ္ႏွင့္ ရုတ္တရတ္ျဖစ္ပြားလာတတ္သည့္အႏၱရာယ္မ်ားကို တားဆီးကာကြယ္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ထိေရာက္စြာေဆာင္ရြက္ႏိုင္ရန္ ျမန္မာႏုိ္င္ငံ၏ ၁၉၉၇ ခုႏွစ္ မီးသတ္ဥပေဒကို ရုတ္သိမ္းၿပီး ေခတ္ႏွင့္ေလ်ာ္ညီသည့္ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ ့ဥပေဒကို အသစ္ေရးဆြဲကာ ၂၀၁၅ ခုႏွစ္ မတ္လ (၁၇)ရက္ေန ့တြင္ ျပည္ေထာင္စု လႊတ္ေတာ္၌ အတည္ျပဳျပဌာန္းခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ ့နည္းဥပေဒကိုလည္း ၂၀၁၅ ခုႏွစ္ ၾသဂုတ္လ (၂၁)ရက္ေန႔တြင္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ ျမန္မာႏို္င္ငံ မီးသတ္ဦးစီးဌာန၏ ဖြဲ႔စည္းပုံ အင္အားမွာ တိုင္းေဒသႀကီးႏွင့့္ ျပည္နယ္ မီးသတ္ဦးစီးဌာန (၁၅)ရုံး၊ ခရိုင္ မီးသတ္ဦးစီးဌာန (၇၃)ရုံး၊ ခရိုင္ မီးသတ္စခန္း (၇၃)စခန္း၊ ၿမိဳ႕နယ္ မီးသတ္ဦးစီးမွဴးရုံး (၃၃၀)ရုံး၊ ၿမိဳ ့နယ္မီးသတ္စခန္း (၃၃၀)စခန္းႏွင့္ နယ္ေျမမီးသတ္စခန္း (၇၀၃)စခန္းရိွၿပီး ဖြဲ ့စည္းပုံအရ တပ္ဖြဲ႔၀င္ခြင့္ျပဳအင္အား (၂၄၉၇၆)ဦး၊ မီးသတ္ယာဥ္ (၃၀၁၇)စီးရိွေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ မီးသတ္တပ္ဖြဲ႕စြမ္းရည္ျပသျခင္းႏွင့္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔ဌာနခ်ဳပ္မွ ေပးအပ္ေသာ အရန္မီးသတ္လုပ္သက္(၂၅)ႏွစ္အထက္ အရန္မီးသတ္တပ္ဖြဲ႔၀င္ (၆)ဦးတုိ႔အား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားႏွင့္ ဂုဏ္ျပဳဆုေငြမ်ားခ်ီးျမႇင့္ေပးခဲ့ၾကသည္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ မီးသတ္အစည္းအရုံး ညီလာခံက်င္းပခဲ့သည့္ ေမလ(၅)ရက္ေန ့ကို မီးသတ္တပ္ဖြဲ ့ေန႔ အျဖစ္ သတ္မွတ္က်င္းပလာခဲ့ရာ ၂၀၁၆ ခုႏွစ္တြင္ ႏွစ္(၇၀)ျပည့္ေျမာက္ခဲ့ၿပီျဖစ္ၿပီး အဆိုပါ အခမ္းအနားအား ျမန္မာတစ္ႏိုင္ငံလံုးတြင္ က်င္းပၾကျခင္းျဖစ္သည္။

က်ိဳင္းတံုၿမိဳ႕တြင္ က်င္းပသည့္ အခမ္းအနားသို႔ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအးႏွင့္တကြ ရွမ္းျပည္နယ္အေရွ႕ပိုင္း ဒုတိယျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေကာင္းစံဦး၊ ရွမ္းျပည္နယ္အေရွ ့ပိုင္း တြဲဖက္ျပည္နယ္မီးသတ္ဦးစီးမွဴး ရဲသူရိန္သိန္းျမင့္ႏွင့္ ဌာနဆိုင္ရာမွ တာ၀န္ရိွသူမ်ားလည္း တက္ေရာက္ခဲ့ၾကသည္ကို ေတြ႔ရသည္။

သတင္း/ဓာတ္ပံု။  ။ #ဇြဲျမတ္

....................

ကျိုင်းတုံ၊ မေလ (၅) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နှစ်(၇၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မတ်လ(၅)ရက်နေ့ နံနက်(၈)နာရီက ကျိုင်းတုံမြို့မအားကစားကွင်း၌ ကျင်းပရာ ၂၀၁၆ ခုနှစ် အစွန်းရောက် ရာသီဥတုသက်ရောက်မှုအတွက် မီးဘေးအန္တရာယ်ကာကွယ်ရေး ညွှန်ကြားချက်ကို ရှင်းလင်းခဲ့သည်။

"၂၀၁၆ခုနှစ်မှာ အစွန်းရောက်ရာသီဥတု သက်ရောက်မှုကြောင့် မီးဘေးအန္တရာယ် ပြန်လည်တုန့်ပြန်ရေး တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ပထဝီအနေအထားအရ လုပ်ငန်းစီမံချက်များ ရေးဆွဲ အကောင် အထည်ဖော်မှုကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ လုပ်ငန်းစီမံချက် ပထမအဆင့် အနေနဲ့ သတိပေးဖော်ဆောင်မှု၊ ဒုတိယအဆင့်အနေနဲ့ စစ်ဆေးကြီးကြပ် အကောင် အထည်ဖော် လမ်းညွှန်မှု၊ တတိယအဆင့် အနေနဲ့ ရပ်ရွာအလိုက် ပူးပေါင်းဇာတ်တိုက်လေ့ကျင့်မှု တို့ကို ဆောင်ရွက်လျှက်ရှိပါတယ်။"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးက အဆိုပါ အခမ်းအနားတွင် ထည့်သွင်း ပြောကြားသွားသည်။

မီးဘေးအန္တရာယ်၊ အခြားသောဘေးအန္တရာယ်နှင့် ရုတ်တရတ်ဖြစ်ပွားလာတတ်သည့်အန္တရာယ်များကို တားဆီးကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် မြန်မာနို်င်ငံ၏ ၁၉၉၇ ခုနှစ် မီးသတ်ဥပဒေကို ရုတ်သိမ်းပြီး ခေတ်နှင့်လျော်ညီသည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဥပဒေကို အသစ်ရေးဆွဲကာ ၂၀၁၅ ခုနှစ် မတ်လ (၁၇)ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နည်းဥပဒေကိုလည်း ၂၀၁၅ ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာနို်င်ငံ မီးသတ်ဦးစီးဌာန၏ ဖွဲ့စည်းပုံ အင်အားမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် မီးသတ်ဦးစီးဌာန (၁၅)ရုံး၊ ခရိုင် မီးသတ်ဦးစီးဌာန (၇၃)ရုံး၊ ခရိုင် မီးသတ်စခန်း (၇၃)စခန်း၊ မြို့နယ် မီးသတ်ဦးစီးမှူးရုံး (၃၃၀)ရုံး၊ မြို့နယ်မီးသတ်စခန်း (၃၃၀)စခန်းနှင့် နယ်မြေမီးသတ်စခန်း (၇၀၃)စခန်းရှိပြီး ဖွဲ့စည်းပုံအရ တပ်ဖွဲ့ဝင်ခွင့်ပြုအင်အား (၂၄၉၇၆)ဦး၊ မီးသတ်ယာဉ် (၃၀၁၇)စီးရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မီးသတ်တပ်ဖွဲ့စွမ်းရည်ပြသခြင်းနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ပေးအပ်သော အရန်မီးသတ်လုပ်သက်(၂၅)နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင် (၆)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးခဲ့ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ညီလာခံကျင်းပခဲ့သည့် မေလ(၅)ရက်နေ့ကို မီးသတ်တပ်ဖွဲ့နေ့ အဖြစ် သတ်မှတ်ကျင်းပလာခဲ့ရာ ၂၀၁၆ ခုနှစ်တွင် နှစ်(၇၀)ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အဆိုပါ အခမ်းအနားအား မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပကြခြင်းဖြစ်သည်။

ကျိုင်းတုံမြို့တွင် ကျင်းပသည့် အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့်တကွ ရှမ်းပြည်နယ်အရှေ့ပိုင်း ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တွဲဖက်ပြည်နယ်မီးသတ်ဦးစီးမှူး ရဲသူရိန်သိန်းမြင့်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

သတင်း/ဓာတ်ပုံ။ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~