ထိုင်းနိုင်ငံ မယ်ဆိုင်၌ မြန်မာအမျိုးသမီး(၂)ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိ

ထိုင်းနိုင်ငံ မယ်ဆိုင်၌ မြန်မာအမျိုးသမီး(၂)ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိ
မေ 18, 2016
By Tachileik News Agency
တာချီလိတ်၊ မေလ(၁၈)
....................
တာချီလိတ်၊ မေလ(၁၈)
ထိုင်းနိုင်ငံ မယ်ဆိုင် - ချင်းရိုင်းလမ်း ဘန့်ထန့်စုပေါင်း စစ်ဆေးရေးဂိတ်တွင် ယနေ့ မေလ(၁၈)ရက် နံနက်(၈)နာရီခွဲအချိန်က ဘတ်စ်ကားစီးနင်းလာသည့် မြန်မာအမျိုးသမီး(၂)ဦးထံမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ 
ဖမ်းဆီးရမိသူနှစ်ဦးမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နေ အသက်(၂၅)နှစ်ရှိ နန်းယုံး နှင့် မိုင်းရှူးမြိုကနေ အသက်(၂၃)နှစ်ရှိ နန်းနွန့်တို့ဖြစ်ပြီး၎င်းတို့ထံမှ စိတ်ကြွဆေးပြား စုစုပေါင်း (၂၆၀၀၀)လုံး နှင့် အိုက်စ်(ice) (၁)ကီလိုတို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်းနှင့်၎င်းတို့သည် မူးယစ်ဆေးဝါးများကို သယ်ဆောင်ခ ဘတ်(၅၀၀၀၀)ဖြင့် ဘန်ကောက်သို့ ပို့ဆောင်ရန်အတွက် သယ်ဆောင်လာတာဖြစ်ကြောင်း မြန်မာဘက် နယ်ခြားကော်မတီ(TBC)မှ ကိုသန်းထွန်းအောင်၏ ပြောပြချက်အရ သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~