Update News

မိုင္းရွဴးေဒသတိုက္ပြဲမ်ားအတြင္းမွ ေျမျမဳပ္မိုုင္းမ်ားေၾကာင့္ ေဒသခံမ်ား ေနရပ္ မျပန္ႏုိင္ေသး



ေတာင္ႀကီး၊ ေမလ(၅)ရက္
ရွမ္းျပည္နယ္(ေတာင္ပိုင္း) မိုင္းရွဴးၿမိဳ႕နယ္အတြင္း ၂၀၁၅ ခုႏွစ္အတြင္းျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ားအတြင္း အသံုးျပဳခဲ့သည့္ ေက်းရြာမ်ားအနီးတဝိုက္မွ ေျမျမဳပ္မိုင္းမ်ားကို ဖယ္ရွားရွင္းလင္းျခင္း မျပဳေသးသည့္အတြက္ စစ္ေဘးေရွာင္အခ်ိဳ႕ မိမိတို႔ေနရပ္ျပန္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။

"ဒုကၡသည္စခန္းကလူေတြက သူတို႔ရဲ ့ရြာေတြကို လုံး၀ျပန္လို႔မရတဲ့ အေျခအေနမွာရိွတယ္ဗ်။ အဓိကအားျဖင့္ သူတို႔ရဲ ့ရြာအနီးတစ္၀ိုက္ေတြမွာ ေျမျမဳပ္မိုင္းေတြရိွေနတယ္။ ဒီျပႆနာကိုေျဖရွင္းဖို ့ ကၽြန္ေတာ္တို႔အဖြဲ႔အေနနဲ႔ ေျမျမဳပ္မိုင္းရွင္းတဲ့အဖြဲ႔ေတြကို ဆက္သြယ္ေမးျမန္းၾကည့္တဲ့အခါ သူတို႔ျပန္ေျပာလာတာက ႏွစ္ဖက္တပ္ရဲ ့ ခြင့္ျပဳမိန္႔လိုတယ္လို႔ သိခဲ့ရတယ္” ဟု ဟိုက္ပါစစ္ေဘးေရွာင္စခန္းမွ စစ္ေဘးေရွာင္မ်ားအေရး ကူညီေပးေနသည့္ ရွမ္းျပည္နယ္ေတာင္ပိုင္း လူငယ္ကြန္ယက္မွ ကို၀င့္ထည္ေကာင္းျမတ္က ေျပာသည္။

လက္ရိွတြင္ အဆိုပါ စစ္ေဘးေရွာင္မ်ားအေရးႏွင့္ပတ္သက္၍ ျပည္နယ္လႊတ္ေတာ္အေနျဖင့္ ေဆြးေႏြးႏုိင္ျခင္း မရိွေသးေၾကာင္း သိရသည္။

"ဒီေျမျမဳပ္မိုင္းေတြကိစၥ၊ စစ္ေဘးေရွာင္ေတြကိစၥေတာ့ ဒီလြတ္ေတာ္သက္တမ္းအတြင္းမွာ ေဆြးေႏြးၾကပါလိမ့္မယ္။ သူတို႔ သက္ဆုိင္ရာ မဲဆႏၵနယ္ကေပါ့။ အခုေလာေလာဆယ္ ရွမ္းျပည္နယ္လြတ္ေတာ္က ေကာင္းေကာင္း မလည္ပတ္ႏိုင္ေသးဘူးလို႔ဆိုရမယ္။ ဘာလို႔လဲဆိုေတာ့ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဖြဲ႔စည္းၿပီးတာလည္း မၾကာေသးဘူး။ အစိုးရယႏၱရားေကာင္းေကာင္း မလည္ပတ္ႏိုင္ေသးေတာ့ သက္ဆိုင္ရာ ကိုယ္စားလွယ္ကေမးလည္း ေျဖမယ့္သူမရွိေသးဘူးေလ။ အဲဒီလိုျဖစ္ေနေတာ့ အခုခ်ိန္မွာ ဘာလုပ္မယ္ဆိုတာ အတိအက်မေျပာႏိုင္ေသးဘူး"ဟု တာခ်ီလိတ္မဲဆႏၵနယ္မွ ရွမ္းျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလႏွင့္ ႏို၀င္ဘာလမ်ားအတြင္း ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းရွဴးၿမိဳ ့နယ္ နမ့္ပါမုန္း၊ ကုန္းနင္၊ နမ့္ဆြပ္ႏွင့္ တာထမ္းပူးေက်းရြာမ်ားတဝိုက္တြင္ တပ္မေတာ္ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ၊ ရွမ္းျပည္တပ္မေတာ္တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည့္အတြက္ အဆိုပါေက်းရြာမ်ားမွ ထြက္ေျပးတိမ္းေရွာင္ လာသူ (၁၀၀၀)ေက်ာ္ခန္႔သည္ ဟိုက္ပါစစ္ေဘးေရွာင္စခန္းတြင္ ခိုလံႈေနရျခင္းျဖစ္သည္။

"ကၽြန္ေတာ္တို႔ အရပ္ဖက္ အဖြဲ႔အစည္းအေနနဲ႔ ပညာေပးအဆင့္ေလာက္ပဲ လက္လွမ္းမွီႏိုင္ပါတယ္။ မိုင္းရွင္းလင္းေရး လုပ္ငန္းစဥ္က အရမ္းႀကီးကို အကုန္အက်မ်ားတယ္။ ၿပီးေတာ့ နည္းပညာအမ်ားႀကီး လိုတယ္ေပါ့ေနာ္။ ဒါေၾကာင့္ ဒီကိစၥေတြကိုေတာ့ ေျမျမဳပ္မိုင္းရွင္းလင္းတဲ့အဖြဲ႔ေတြ ကိုယ္တိုင္ကေနၿပီးေတာ့ လုပ္ကိုင္ေပးမွသာလွ်င္ ေျပလည္မွာျဖစ္ပါတယ္။"ဟု ကို၀င့္ထည္ေကာင္းျမတ္က ေျပာသည္။

တိုက္ပြဲဧရိယာႏွင့္ ေဝးလံေသာေက်းရြာမ်ားမွ ေဒသခံအခ်ိဳ႕မွာ ေနရပ္သို႔ျပန္သြားၿပီျဖစ္ေသာ္လည္း တိုက္ပြဲဧရိယာအတြင္းမွ ေက်းရြာမ်ားမွ ေဒသခံမ်ားမွာ ေနရပ္ျပန္ရန္ အခက္အခဲျဖစ္ေနေၾကာင္း သိရသည္။

သတင္း ။  ။ ဇြဲျမတ္

................


ဇွဲမြတ် - Tachileik News Agency
တောင်ကြီး၊ မေလ(၅)ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အသုံးပြုခဲ့သည့် ကျေးရွာများအနီးတဝိုက်မှ မြမြေုပ်မိုင်းများကို ဖယ်ရှားရှင်းလင်းခြင်း မပြုသေးသည့်အတွက် စစ်ဘေးရှောင်အချို့ မိမိတို့နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

"ဒုက္ခသည်စခန်းကလူတွေက သူတို့ရဲ့ရွာတွေကို လုံးဝပြန်လို့မရတဲ့ အခြေအနေမှာရှိတယ်ဗျ။ အဓိကအားဖြင့် သူတို့ရဲ့ရွာအနီးတစ်ဝိုက်တွေမှာ မြမြေုပ်မိုင်းတွေရှိနေတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ ကျွန်တော်တို့အဖွဲ့အနေနဲ့ မြမြေုပ်မိုင်းရှင်းတဲ့အဖွဲ့တွေကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ သူတို့ပြန်ပြောလာတာက နှစ်ဖက်တပ်ရဲ့ ခွင့်ပြုမိန့်လိုတယ်လို့ သိခဲ့ရတယ်” ဟု ဟိုက်ပါစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအရေး ကူညီပေးနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်ကွန်ယက်မှ ကိုဝင့်ထည်ကောင်းမြတ်က ပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအရေးနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်အနဖြေင့် ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"ဒီမြမြေုပ်မိုင်းတွေကိစ္စ၊ စစ်ဘေးရှောင်တွေကိစ္စတော့ ဒီလွတ်တော်သက်တမ်းအတွင်းမှာ ဆွေးနွေးကြပါလိမ့်မယ်။ သူတို့ သက်ဆိုင်ရာ မဲဆန္ဒနယ်ကပေါ့။ အခုလောလောဆယ် ရှမ်းပြည်နယ်လွတ်တော်က ကောင်းကောင်း မလည်ပတ်နိုင်သေးဘူးလို့ဆိုရမယ်။ ဘာလို့လဲဆိုတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းပြီးတာလည်း မကြာသေးဘူး။ အစိုးရယန္တရားကောင်းကောင်း မလည်ပတ်နိုင်သေးတော့ သက်ဆိုင်ရာ ကိုယ်စားလှယ်ကမေးလည်း ဖြေမယ့်သူမရှိသေးဘူးလေ။ အဲဒီလိုဖြစ်နေတော့ အခုချိန်မှာ ဘာလုပ်မယ်ဆိုတာ အတိအကျမပြောနိုင်သေးဘူး"ဟု တာချီလိတ်မဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် နမ့်ပါမုန်း၊ ကုန်းနင်၊ နမ့်ဆွပ်နှင့် တာထမ်းပူးကျေးရွာများတဝိုက်တွင် တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် အဆိုပါကျေးရွာများမှ ထွက်ပြေးတိမ်းရှောင် လာသူ (၁၀၀၀)ကျော်ခန့်သည် ဟိုက်ပါစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေရခြင်းဖြစ်သည်။

"ကျွန်တော်တို့ အရပ်ဖက် အဖွဲ့အစည်းအနေနဲ့ ပညာပေးအဆင့်လောက်ပဲ လက်လှမ်းမှီနိုင်ပါတယ်။ မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်က အရမ်းကြီးကို အကုန်အကျများတယ်။ ပြီးတော့ နည်းပညာအများကြီး လိုတယ်ပေါ့နော်။ ဒါကြောင့် ဒီကိစ္စတွေကိုတော့ မြမြေုပ်မိုင်းရှင်းလင်းတဲ့အဖွဲ့တွေ ကိုယ်တိုင်ကနပြေီးတော့ လုပ်ကိုင်ပေးမှသာလျှင် ပြေလည်မှာဖြစ်ပါတယ်။"ဟု ကိုဝင့်ထည်ကောင်းမြတ်က ပြောသည်။

တိုက်ပွဲဧရိယာနှင့် ဝေးလံသောကျေးရွာများမှ ဒေသခံအချို့မှာ နေရပ်သို့ပြန်သွားပြီဖြစ်သော်လည်း တိုက်ပွဲဧရိယာအတွင်းမှ ကျေးရွာများမှ ဒေသခံများမှာ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »