HIV ပိုးႏွင့္ ေနထိုင္သူမ်ားအား HIV/AIDS က႑တြင္ လုပ္ေဆာင္ေနသည့္ အဖြဲ႕အစည္းမ်ားတြင္ပါ ခြဲျခားဆက္ဆံ ခံေနရ

HIV ပိုးႏွင့္ ေနထိုင္သူမ်ားအား HIV/AIDS က႑တြင္ လုပ္ေဆာင္ေနသည့္ အဖြဲ႕အစည္းမ်ားတြင္ပါ ခြဲျခားဆက္ဆံ ခံေနရ
မေ 24, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၂၄)ရက္
HIV ပိုးႏွင့္ေနထုိင္သူမ်ားအေနျဖင့္ HIV/AIDS ႏွင့္သက္ဆိုင္သည့္က႑တြင္ လုပ္ေဆာင္ေနသည့္ အဖြဲ႕အစည္းမ်ားတြင္ပါ ခြဲျခားဆက္ဆံခံရမႈမ်ားရိွေနေၾကာင္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း) HIV ပိုးႏွင့္ အသက္ရွင္ေနထုိင္သူမ်ားကြန္ရက္မွ ေျပာၾကားလိုက္သည္။

"ကၽြန္မတို႔ဟာ ART ေဆးေသာက္ေနတဲ့အခ်ိန္မွာ သာမန္လူေတြလို လုပ္ႏိုင္ကိုင္ႏိုင္ပါတယ္။ အခု ကၽြန္မတို႔ တာခ်ီလိတ္မွာရွိတဲ့ ပိုးကူးစက္ခံထားရတဲ့သူေတြဆိုရင္ လူေတြက ဘယ္ေနရာမွာမွ အလုပ္မေပးခ်င္ၾကဘူး။ အခု HIV/AIDS နဲ႔သက္ဆိုင္တဲ့ NGO မွာ၀င္လုပ္တာေတာင္ ဖိႏိွပ္ခံရမႈေတြ ရွိေနတယ္။ အဆိုးဆံုးက ခြဲျခားႏိွမ့္ခ်မႈေတြ ရွိေနတယ္။ ဒီလိုသာ အလုပ္အကိုင္အခြင့္အေရးေတြ နည္းေနမယ္ဆိုရင္ HIV/AIDS ရည္မွန္းခ်က္ျဖစ္တဲ့ Zero to Getting ရည္မွန္းခ်က္က ေနာက္ႏွစ္(၂၀)လည္း ေအာင္ျမင္မွာမဟုတ္ဘူး"ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) HIV ပိုးႏွင့္ အသက္ရွင္ေနထုိင္သူမ်ား ကြန္ရက္မွ ဥကၠဌ မေဝမာလင္းက ေျပာသည္။

HIV/AIDS ေဝဒနာရွင္မ်ားအတြက္ အလုပ္လုပ္မည့္ NGO မ်ားမွာ က်န္းမာေရး၀န္ႀကီးဌာန၊ Donar (အလွဴရွင္အဖြဲ႕အစည္း)မ်ားႏွင့္ ေတြ႕ဆံုစဥ္ PLHIV မ်ားအား လုပ္ငန္းခြင္မ်ားတြင္ အလုပ္အကိုင္ ထည့္သြင္း ေပးသြားမည္ဟု ေျပာၾကားထားေသာ္လည္း လက္ေတြ႕တြင္ သန္႔ရွင္းေရးႏွင့္ ႏွစ္သိမ့္ေဆြးေႏြးသူ ေနရာမ်ားတြင္သာ အမ်ားဆံုးခန္႔အပ္ထားၾကၿပီး လုပ္ငန္းခြင္တြင္လည္း အမ်ိဳးမ်ိဳး ခြဲျခားႏွိမ့္ခ်မႈမ်ား ရွိေနေၾကာင္း ၎မွေျပာသည္။

"ကၽြန္ေတာ္တို႔ Myanmar Positive Group မွာ အရင္တုန္းက အစည္းအေ၀းလုပ္ေနတဲ့အခ်ိန္ေတြမွာ UNAIDS ကတာ၀န္ရွိသူေတြလည္းပါတယ္။ ေနာက္ၿပီး တျခားကြန္ရက္ကလူေတြလည္းပါတယ္။ ဒီလိုမ်ိဳး အလုပ္အကိုင္ အခြင့္အေရးကိစၥေတြအတြက္ ထည့္သြင္းေဆြးေႏြးျဖစ္တယ္။ အဓိက က်န္းမာလာၿပီးတဲ့ေနာက္ ဘ၀ ျပန္လည္ထူေထာင္ဖို႔ အလုပ္အကိုင္ အခြင့္အလမ္းေတြ ေဖာ္ေဆာင္ဖို႔အတြက္ေပါ့။ MPG အေနနဲ႔လည္း ကိုယ့္လူေတြကို အၿမဲတမ္း စေကးေတြတက္လာေအာင္ Capacity Building သင္တန္းေတြ ဖြင့္လွစ္ေပးခဲ့တယ္။ ခက္တာက လူေတြက ခြဲျခားႏိွမ့္ခ်မႈေတြရွိေနေတာ့ လူေတာတိုးဖို႔ လူ႔အဖြဲ႕အစည္းက လက္မခံသလိုေတြ ျဖစ္ေနတာ"ဟု ယခင္ MPG ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာ၀န္ခံ ကိုေစာလွမင္းက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း HIV/AIDS ပိုးႏွင့္ေနထုိင္သူမ်ားအေနျဖင့္ က်ိဳင္းတံုၿမိဳ႕တြင္ အိမ္ေထာင္စုေပါင္း(၄၀)ခန္႔ ေနထုိင္ႏုိင္ရန္ ရွင္သန္ျခင္းေက်းရြာအား တည္ေဆာက္ထားရွိၿပီး မိုင္းလား၊ မိုင္းျဖတ္၊ မိုင္းဆတ္၊ တာခ်ီလိတ္ၿမိဳ႕မ်ားမွ ေနထိုင္စရာမရွိသူ ေဆြးမ်ိဳးမရွိသူႏွင့္ စစ္ျပန္စစ္မႈထမ္းေဟာင္းမ်ား ေနထုိင္လွ်က္ရွိေၾကာင္း ၎ထံမွသိရသည္။

ျမန္မာႏို္င္ငံ၏ HIV/AIDS ကူးစက္မႈသမိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕လမ္းေၾကာင္းမွတစ္ဆင့္ ကူးစက္မႈအား ၁၉၈၃ ခုႏွစ္တြင္ ပထမဆံုးစတင္ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ ကူးစက္ခံထားရသူ (၁၀၀၀)ေက်ာ္ရွိကာ အမ်ားစုမွာ ေရႊ႕ေျပာင္း အလုပ္သမားတြင္ျဖစ္ေၾကာင္း သိရသည္။

ကူးစက္ရာလမ္းေၾကာင္းမ်ားတြင္ ထုိင္းႏိုင္ငံတြင္း သြားေရာက္အလုပ္လုပ္ကိုင္ေနသူမ်ားထံမွ တစ္ဆင့္ျပန္လည္ကူးစက္ခံရျခင္းျဖစ္ၿပီး ထုိင္းႏိုင္ငံတြင္း ၂၀၁၅ ခုႏွစ္တြင္ ART အခမဲ့မေပးေတာ့သျဖင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္၀င္ေရာက္လာမႈမ်ား ပိုမိုမ်ားျပားလာေၾကာင္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း) HIV ပိုးႏွင့္ အသက္ရွင္ေနထုိင္သူမ်ား ကြန္ရက္၏ စစ္တမ္းမ်ားအရသိရသည္။

.................

တာချီလိတ်၊ မေလ(၂၄)ရက်
HIV ပိုးနှင့်နေထိုင်သူများအနဖြေင့် HIV/AIDS နှင့်သက်ဆိုင်သည့်ကဏ္ဍတွင် လုပ်ဆောင်နေသည့် အဖွဲ့အစည်းများတွင်ပါ ခွဲခြားဆက်ဆံခံရမှုများရှိနေကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) HIV ပိုးနှင့် အသက်ရှင်နေထိုင်သူများကွန်ရက်မှ ပြောကြားလိုက်သည်။

"ကျွန်မတို့ဟာ ART ဆေးသောက်နေတဲ့အချိန်မှာ သာမန်လူတွေလို လုပ်နိုင်ကိုင်နိုင်ပါတယ်။ အခု ကျွန်မတို့ တာချီလိတ်မှာရှိတဲ့ ပိုးကူးစက်ခံထားရတဲ့သူတွေဆိုရင် လူတွေက ဘယ်နေရာမှာမှ အလုပ်မပေးချင်ကြဘူး။ အခု HIV/AIDS နဲ့သက်ဆိုင်တဲ့ NGO မှာဝင်လုပ်တာတောင် ဖိနှိပ်ခံရမှုတွေ ရှိနေတယ်။ အဆိုးဆုံးက ခွဲခြားနှိမ့်ချမှုတွေ ရှိနေတယ်။ ဒီလိုသာ အလုပ်အကိုင်အခွင့်အရေးတွေ နည်းနေမယ်ဆိုရင် HIV/AIDS ရည်မှန်းချက်ဖြစ်တဲ့ Zero to Getting ရည်မှန်းချက်က နောက်နှစ်(၂၀)လည်း အောင်မြင်မှာမဟုတ်ဘူး"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) HIV ပိုးနှင့် အသက်ရှင်နေထိုင်သူများ ကွန်ရက်မှ ဥက္ကဌ မဝေမာလင်းက ပြောသည်။

HIV/AIDS ဝေဒနာရှင်များအတွက် အလုပ်လုပ်မည့် NGO များမှာ ကျန်းမာရေးဝန်ကြီးဌာန၊ Donar (အလှူရှင်အဖွဲ့အစည်း)များနှင့် တွေ့ဆုံစဉ် PLHIV များအား လုပ်ငန်းခွင်များတွင် အလုပ်အကိုင် ထည့်သွင်း ပေးသွားမည်ဟု ပြောကြားထားသော်လည်း လက်တွေ့တွင် သန့်ရှင်းရေးနှင့် နှစ်သိမ့်ဆွေးနွေးသူ နေရာများတွင်သာ အများဆုံးခန့်အပ်ထားကြပြီး လုပ်ငန်းခွင်တွင်လည်း အမျိုးမျိုး ခွဲခြားနှိမ့်ချမှုများ ရှိနေကြောင်း၎င်းမှပြောသည်။

"ကျွန်တော်တို့ Myanmar Positive Group မှာ အရင်တုန်းက အစည်းအေဝးလုပ်နေတဲ့အချိန်တွေမှာ UNAIDS ကတာဝန်ရှိသူတွေလည်းပါတယ်။ နောက်ပြီး တခြားကွန်ရက်ကလူတွေလည်းပါတယ်။ ဒီလိုမျိုး အလုပ်အကိုင် အခွင့်အရေးကိစ္စတွေအတွက် ထည့်သွင်းဆွေးနွေးဖြစ်တယ်။ အဓိက ကျန်းမာလာပြီးတဲ့နောက် ဘဝ ပြန်လည်ထူထောင်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ဖို့အတွက်ပေါ့။ MPG အနေနဲ့လည်း ကိုယ့်လူတွေကို အမြဲတမ်း စကေးတွေတက်လာအောင် Capacity Building သင်တန်းတွေ ဖွင့်လှစ်ပေးခဲ့တယ်။ ခက်တာက လူတွေက ခွဲခြားနှိမ့်ချမှုတွေရှိနေတော့ လူတောတိုးဖို့ လူ့အဖွဲ့အစည်းက လက်မခံသလိုတွေ ဖြစ်နေတာ"ဟု ယခင် MPG ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာဝန်ခံ ကိုစောလှမင်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်း HIV/AIDS ပိုးနှင့်နေထိုင်သူများအနဖြေင့် ကျိုင်းတုံမြို့တွင် အိမ်ထောင်စုပေါင်း(၄၀)ခန့် နေထိုင်နိုင်ရန် ရှင်သန်ခြင်းကျေးရွာအား တည်ဆောက်ထားရှိပြီး မိုင်းလား၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ တာချီလိတ်မြို့များမှ နေထိုင်စရာမရှိသူ ဆွေးမျိုးမရှိသူနှင့် စစ်ပြန်စစ်မှုထမ်းဟောင်းများ နေထိုင်လျှက်ရှိကြောင်း၎င်းထံမှသိရသည်။

မြန်မာနို်င်ငံ၏ HIV/AIDS ကူးစက်မှုသမိုင်းတွင် တာချီလိတ်မြို့လမ်းကြောင်းမှတစ်ဆင့် ကူးစက်မှုအား ၁၉၈၃ ခုနှစ်တွင် ပထမဆုံးစတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကူးစက်ခံထားရသူ (၁၀၀၀)ကျော်ရှိကာ အများစုမှာ ရွှေ့ပြောင်း အလုပ်သမားတွင်ဖြစ်ကြောင်း သိရသည်။

ကူးစက်ရာလမ်းကြောင်းများတွင် ထိုင်းနိုင်ငံတွင်း သွားရောက်အလုပ်လုပ်ကိုင်နေသူများထံမှ တစ်ဆင့်ပြန်လည်ကူးစက်ခံရခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင်း ၂၀၁၅ ခုနှစ်တွင် ART အခမဲ့မပေးတော့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမှုများ ပိုမိုများပြားလာကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) HIV ပိုးနှင့် အသက်ရှင်နေထိုင်သူများ ကွန်ရက်၏ စစ်တမ်းများအရသိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~