နေရပ်မပြန်နိုင်သေးသည့် ဟိုက်ပါစစ်ဘေးရှောင်စခန်းမှပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မည့် အခြေအနေရောက်နေ
နေရပ်မပြန်နိုင်သေးသည့် ဟိုက်ပါစစ်ဘေးရှောင်စခန်းမှပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မည့် အခြေအနေရောက်နေ
မေ 4, 2016
By Tachileik News Agency
တာချီလိတ်၊ မေ (၄) ရက်
ရှမ်းပြည်နယ်၊ တောင်ပိုင်းဒေသ၊ မိုင်းရှူးမြို့ နယ်အတွင်းမှ ဟိုက်ပါစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များ အနေဖြင့် နေရပ်ပြန်နိုင်ရန် အခက်အခဲများ ရှိနေပြီး စခန်းတွင်း စားနပ်ရိက္ခာမှာလည်း ပြတ်လပ်တော့မည့် အခြေအနေတွင်ရှိနေကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းလူငယ်ကွန်ယက်မှ သိရသည်။
ယခုလက်ရှိ အဆိုပါ စခန်းအား စားနပ်ရိက္ခာထောက်ပံ့နေသည့် နမ့်ခုံးပရဟိတအဖွဲ့မှလည်း မေလတွင် ထောက်ပံ့မှု ရပ်ဆိုင်းမည်ဖြစ်ပြီး စစ်ဘေးရှောင်များ အနေဖြင့် မိမိတို့နေရပ်သို့ ပြန်လည်နေထိုင်ရန် အဆင်မပြေသေးသဖြင့် အခက်အခဲဖြစ်နေရကြောင်း သိရသည်။
တိုက်ပွဲများဖြစ်ခဲ့သည့် ၎င်းတို့၏ ရွာများတွင် မြေမြုပ်မိုင်းများရှိနေခြင်း၊ စစ်ပွဲများပြီးဆုံးချိန်တွင် ကျေးရွာများတွင် ကျန်ခဲ့သည့် ကျေးရွာသားများ၏ပစ္စည်းများမရှိတော့သဖြင့် နေရပ်ပြန်ရန် အခက်အခဲဖြစ်နေရခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။  ။ ဇွဲမြတ်
.....................
တာချီလိတ်၊ မေ (၄) ရက်
ရှမ်းပြည်နယ်၊ တောင်ပိုင်းဒေသ၊ မိုင်းရှူးမြို့နယ်အတွင်းမှ ဟိုက်ပါစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များ အနဖြေင့် နေရပ်ပြန်နိုင်ရန် အခက်အခဲများ ရှိနပြေီး စခန်းတွင်း စားနပ်ရိက္ခါမှာလည်း ပြတ်လပ်တော့မည့် အခြေအနေတွင်ရှိနေကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းလူငယ်ကွန်ယက်မှ သိရသည်။
" လာမယ့် တစ်ပတ်လောက်အတွင်းမှာ စားနပ်ရိက္ခါတွေ လုံးဝကို ပြတ်လပ်သွားမယ့် အခြေအနေမှာ အရေးတကြီးရှိနေတယ်လို့ သိရပါတယ်။ အဲဒီကိစ္စကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုလည်း တင်ပြထားပါတယ်။ ရိက္ခါပိုင်းဆိုင်ရာ အတွက်ကို နိုင်ငံတော်ပိုင်းဆိုင်ရာကနဖြေစ်စေ၊ လူမှုရေးအသင်းအဖွဲ့တွေကနဖြေစ်စေ၊ NGOအဖွဲ့တွေကနဖြေစ်စေ သွားရောက်လှူဒါန်းပေးဖို့ကို အထူးကို လိုအပ်နေတယ်လို့ ပြောချင်ပါတယ်။"ဟု ရှမ်းပြည်နယ်တောင်ပိုင်းလူငယ်ကွန်ယက်မှ ကိုဝင့်ထည်ကောင်းမြတ်က ပြောသည်။
ယခုလက်ရှိ အဆိုပါ စခန်းအား စားနပ်ရိက္ခါထောက်ပံ့နေသည့် နမ့်ခုံးပရဟိတအဖွဲ့မှလည်း မေလတွင် ထောက်ပံ့မှု ရပ်ဆိုင်းမည်ဖြစ်ပြီး စစ်ဘေးရှောင်များ အနဖြေင့် မိမိတို့နေရပ်သို့ ပြန်လည်နေထိုင်ရန် အဆင်မပြေသေးသဖြင့် အခက်အခဲဖြစ်နေရကြောင်း သိရသည်။
တိုက်ပွဲများဖြစ်ခဲ့သည့်၎င်းတို့၏ ရွာများတွင် မြမြေုပ်မိုင်းများရှိနခြေင်း၊ စစ်ပွဲများပြီးဆုံးချိန်တွင် ကျေးရွာများတွင် ကျန်ခဲ့သည့် ကျေးရွာသားများ၏ပစ္စည်းများမရှိတော့သဖြင့် နေရပ်ပြန်ရန် အခက်အခဲဖြစ်နေရခြင်းဖြစ်ကြောင်း သိရသည်။
"ဒီစစ်ပွဲအတွင်းမှာပေါ့။ တပ်မတော်ဘက်ကနပြေီးတော့ ဒီဟာတွေကို ယူပြီးတော့ သုံးလိုက်တာတွေလည်း ရှိတယ်။ နောက်ဆုံး လယ်ထွန်စက်က အစပေါ့။ စစ်ပွဲပြီးတော့ သူတို့ရွာကိုပြန်ကြတယ်ပေါ့နော်။ ပြန်တဲ့အခါမှာ သူတို့ရဲ့လယ်ထွန်စက်ပျောက်နေတဲ့အတွက် လိုက်ရှာကြတဲ့ အခါမှာကျတော့ တပ်မတော်ဘက်ကနပြေီးတော့ သိမ်းထားပြီးတော့ ပြန်လိုချင်ရင် (၁)သိန်းနဲ့ပြန်လာရွေးခိုင်းတဲ့ အခြေအနေတွေ ကြုံတွေ့နေရပါတယ်။"ဟု ဟိုက်ပါစခန်းမှ စစ်ဘေးရှောင်များအား စစ်တမ်းကောက်နေသည့် ကိုဝင့်ထည်ကောင်းမြတ်ကဆိုသည်။
၂၀၁၅ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် နမ့်ပါမုန်း၊ ကုန်းနင်၊ နမ့်ဆွပ်နှင့် တာထမ်းပူးကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေး တိမ်းရှောင်လာကြရခြင်းဖြစ်ပြီး ဟိုက်ပါကျေးရွာအနီးတွင် စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၁၃၀၀)ကျော်နေထိုင်လျှက်ရှိကြောင်း သိရသည်။
သတင်း။ ဇွဲမြတ်
ဓာတ်ပုံ။ သန်းစိုးအောင်(နမ့်စန်)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~