တာခ်ီလိတ္မွ တဆင့္ ထိုင္းႏိုင္ငံသို႔ သြားေရာက္ ေဆးကုသခံယူသူ ႏွစ္စဥ္ (၁၀၀၀၀)ေက်ာ္ရွိလာ

တာခ်ီလိတ္မွ တဆင့္ ထိုင္းႏိုင္ငံသို႔ သြားေရာက္ ေဆးကုသခံယူသူ ႏွစ္စဥ္ (၁၀၀၀၀)ေက်ာ္ရွိလာ
မေ 26, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမ လ(၂၆) ရက္
ထုိင္းႏိုင္ငံ၊ မယ္ဆိုင္၊ ခ်င္းရိုင္း၊ ခ်င္းမိုင္ၿမိဳ႕မ်ားသို႔ ရွမ္းျပည္နယ္မွ ႏွစ္စဥ္ေဆးကုသမႈသြားေရာက္ခံယူသူ ဦးေရ (၁၀,၀၀၀)ေက်ာ္ဝန္းက်င္ရိွေနေၾကာင္း ေဒသတြင္း က်န္းမာေရးေစာင့္ေရွာက္ေပးေနေသာ လူမႈေရး အသင္းအဖြဲ႕မ်ား၏ စစ္တမ္းမ်ားအရ သိရသည္။

"ကၽြန္ေတာ္တို႔ အဓိကေတာ့ တာခ်ီလိတ္ျပည္သူ႔ေဆးရံုက အေရးေပၚလူနာတခ်ိဳ႕ကို မယ္ဆိုင္၊ ခ်င္းမိုင္ေဆးရံုေတြကို ပို႔ေပးတယ္၊ ဒီလိုပို႔ေပးတာဟာလည္း လူနာရွင္ေတြရဲ႕ဆႏၵပါ၊ တစ္ႏွစ္ကို ကၽြန္ေတာ္တို႔ အသင္းအေနနဲ႔ ပ်မ္းမ်ွ (၁၀၀၀)ေလာက္ရွိတယ္ ကၽြန္ေတာ္တို႔ မသိဘဲ တျခားကိုယ့္ဟာကိုယ္ သြားၿပီးေဆးကုသတဲ့လူေတြပါ ထည့္သြင္းရင္ေတာ့ ဦးေရ(၁၀,၀၀၀)ေလာက္ေတာ့ရွိႏိုင္တယ္၊ အတိအက်ေတာ့ ဘယ္သူမွ စာရင္းဇယားလုပ္တာမရွိေတာ့ ့မသိႏုိင္ဘူးေပါ့" ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ဥကၠဌ ဦးလွမိုးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္စပ္မွတစ္ဆင့္ ထိုင္းႏိုင္ငံသို႔သြားေရာက္ေဆးကုသသူ အမ်ားစုမွာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ တာခ်ီလိတ္၊ က်ိဳင္းတံု၊ မိုင္းျဖတ္၊ မိုင္းဆတ္ၿမိဳ႕မ်ားမွျဖစ္ၿပီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ ေတာင္ႀကီး၊ နမ့္စန္၊ လင္းေခး၊ မိုင္းပန္ၿမိဳ႕မ်ား ႏွင့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)မွ သီေပါ၊ ေက်ာက္မဲ၊ လားရွိဳး စသည္တို႔မွ တိုင္းရင္းသားမ်ားျဖစ္ေၾကာင္း သိရသည္။

"ရွမ္းျပည္နယ္ထဲမွာ ေဆးရံုေတြကို အဆင့္ျမႇင့္ဖြင့္ထားၿပီး အထူးကုဆရာ၀န္ေတြလည္း ခန္႔ထားၿပီးျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ က်န္းမာေရးစနစ္က တကယ္တမ္းေတာ့ ေကာင္းပါတယ္။ ၀န္ထမ္းအသစ္ေတြလည္း ခန္႔ထားၿပီးပါၿပီ။ ကၽြန္ေတာ္တို႔ေဆးရံုမွာ အခမဲ့ေဆး၀ါးစနစ္နဲ႔ ၂၀၁၂ - ၂၀၁၃ ခုႏွစ္ကတည္းက စၿပီး လုပ္ေဆာင္ေနပါတယ္။ အျပည့္အ၀ မရႏိုင္ေပမဲ့ ရွမ္းျပည္နယ္ထဲမွာေတာ့ လူနာအမ်ိဳးအစား (၃)မ်ိဳးကို အခမဲ့ကုသေပးေနပါတယ္"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ ျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာ မ်ိဳးထြန္းက ေျပာသည္။

"ကၽြန္ေတာ့္ဦးေလး ေက်ာက္ကပ္ေဆးတာ ထုိင္းႏိုင္ငံမွာ သြားေဆးေနရတယ္။ (၆)လတစ္ႀကိမ္ေလာက္ ပံုမွန္သြားေဆးရတယ္။ တစ္ေခါက္ကို ဘတ္(၃)ေသာင္းေလာက္ကုန္တယ္။ အဓိက ဘာလို႔သြားတာလဲဆိုေတာ့ ျမန္မာႏိုင္ငံမွာရွိတဲ့ ေဆးရံုေတြနဲ႔ ထုိင္းႏိုင္ငံကေဆးရံုက ၀န္ေဆာင္မႈေပးတဲ့ ပံုစံလည္း ကြာတယ္။ ဟိုမွာက အကူနပ္(စ္)ဆို အခ်ိန္ျပည့္ေစာင့္ေပးေနတာ။ facility လည္းကြာတယ္ေလ အဲဒါေၾကာင့္သြားတာပါ"ဟု နမ့္စန္ၿမိဳ႕မွ ကိုစိုင္းထြန္းညႊန္႔က ေျပာသည္။

ထုိင္းႏိုင္ငံတြင္ သြားေရာက္ေဆးကုသေသာ သူမ်ားမွာ  နယ္စပ္ထြက္ေပါက္မွ လြယ္လင့္တကူ သြားေရာက္ႏိုင္ျခင္းေၾကာင့္ျဖစ္ၿပီး ေလယာဥ္ခရီးျဖင့္သြားေရာက္ပါက ရန္ကုန္မွတစ္ဆင့္ ျပန္လည္သြားေရာက္ရသျဖင့္ အခ်ိန္ကုန္လူပန္းျဖစ္ေစေသာေႀကာင့္ သြားေရာက္ကုသမႈမျပဳျခင္းျဖစ္သည္ဟု ၎မွေျပာသည္။

ရွမ္းျပည္နယ္အတြင္း ေဆးရံုေပါင္း(၁၅၃)ရံုဖြင့္လွစ္ထားရွိၿပီး အေရးေပၚလူနာမ်ား၊ ျပင္ပလူနာမ်ား၊ အတြင္းလူနာမ်ားအနက္ ဆင္းရဲႏြမ္းပါးသည့္လူနာမ်ားအား ေဆးရံုႀကီးၾကပ္မႈေကာ္မတီမွ ေထာက္ခံခ်က္ျဖင့္ လည္းေကာင္း၊ ႏိုင္ငံ့၀န္ထမ္း၊ အက်ဥ္းသားမ်ား၊ သာသနာေရး သံဃာေတာ္မ်ား၊ (၅)ႏွစ္ေအာက္ ကေလးငယ္မ်ားအား လည္းေကာင္း အခမဲ့ ေဆးကုသေစာင့္ေရွာက္မႈ ေပးလွ်က္ရွိေၾကာင္း သိရသည္။
သတင္း။ ။ ‪#‎ကိုဇက္‬

...............

တာချီလိတ်၊ မေ လ(၂၆) ရက်
ထိုင်းနိုင်ငံ၊ မယ်ဆိုင်၊ ချင်းရိုင်း၊ ချင်းမိုင်မြို့များသို့ ရှမ်းပြည်နယ်မှ နှစ်စဉ်ဆေးကုသမှုသွားရောက်ခံယူသူ ဦးရေ (၁၀,ဝဝဝ)ကျော်ဝန်းကျင်ရှိနေကြောင်း ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်ပေးနေသော လူမှုရေး အသင်းအဖွဲ့များ၏ စစ်တမ်းများအရ သိရသည်။

"ကျွန်တော်တို့ အဓိကတော့ တာချီလိတ်ပြည်သူ့ဆေးရုံက အရေးပေါ်လူနာတချို့ကို မယ်ဆိုင်၊ ချင်းမိုင်ဆေးရုံတွေကို ပို့ပေးတယ်၊ ဒီလိုပို့ပေးတာဟာလည်း လူနာရှင်တွေရဲ့ဆန္ဒပါ၊ တစ်နှစ်ကို ကျွန်တော်တို့ အသင်းအနေနဲ့ ပျမ်းမျှ (၁၀၀၀)လောက်ရှိတယ် ကျွန်တော်တို့ မသိဘဲ တခြားကိုယ့်ဟာကိုယ် သွားပြီးဆေးကုသတဲ့လူတွေပါ ထည့်သွင်းရင်တော့ ဦးရေ(၁၀,ဝဝဝ)လောက်တော့ရှိနိုင်တယ်၊ အတိအကျတော့ ဘယ်သူမှ စာရင်းဇယားလုပ်တာမရှိတော့မသိနိုင်ဘူးပေါ့" ဟု တာချီလိတ်နာရေးကူညီမှုအသင်းမှ ဥက္ကဌ ဦးလှမိုးက ပြောသည်။

တာချီလိတ်မြို့နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့သွားရောက်ဆေးကုသသူ အများစုမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ်မြို့များမှဖြစ်ပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ တောင်ကြီး၊ နမ့်စန်၊ လင်းခေး၊ မိုင်းပန်မြို့များ နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ သီပေါ၊ ကျောက်မဲ၊ လားရှိုး စသည်တို့မှ တိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။

"ရှမ်းပြည်နယ်ထဲမှာ ဆေးရုံတွေကို အဆင့်မြှင့်ဖွင့်ထားပြီး အထူးကုဆရာဝန်တွေလည်း ခန့်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးစနစ်က တကယ်တမ်းတော့ ကောင်းပါတယ်။ ဝန်ထမ်းအသစ်တွေလည်း ခန့်ထားပြီးပါပြီ။ ကျွန်တော်တို့ဆေးရုံမှာ အခမဲ့ဆေးဝါးစနစ်နဲ့ ၂၀၁၂ - ၂၀၁၃ ခုနှစ်ကတည်းက စပြီး လုပ်ဆောင်နေပါတယ်။ အပြည့်အဝ မရနိုင်ပေမဲ့ ရှမ်းပြည်နယ်ထဲမှာတော့ လူနာအမျိုးအစား (၃)မျိုးကို အခမဲ့ကုသပေးနေပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

"ကျွန်တော့်ဦးလေး ကျောက်ကပ်ဆေးတာ ထိုင်းနိုင်ငံမှာ သွားဆေးနေရတယ်။ (၆)လတစ်ကြိမ်လောက် ပုံမှန်သွားဆေးရတယ်။ တစ်ခေါက်ကို ဘတ်(၃)သောင်းလောက်ကုန်တယ်။ အဓိက ဘာလို့သွားတာလဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဆေးရုံတွေနဲ့ ထိုင်းနိုင်ငံကဆေးရုံက ဝန်ဆောင်မှုပေးတဲ့ ပုံစံလည်း ကွာတယ်။ ဟိုမှာက အကူနပ်(စ်)ဆို အချိန်ပြည့်စောင့်ပေးနေတာ။ facility လည်းကွာတယ်လေ အဲဒါကြောင့်သွားတာပါ"ဟု နမ့်စန်မြို့မှ ကိုစိုင်းထွန်းညွှန့်က ပြောသည်။

ထိုင်းနိုင်ငံတွင် သွားရောက်ဆေးကုသသော သူများမှာ နယ်စပ်ထွက်ပေါက်မှ လွယ်လင့်တကူ သွားရောက်နိုင်ခြင်းကြောင့်ဖြစ်ပြီး လေယာဉ်ခရီးဖြင့်သွားရောက်ပါက ရန်ကုန်မှတစ်ဆင့် ပြန်လည်သွားရောက်ရသဖြင့် အချိန်ကုန်လူပန်းဖြစ်စေသောကြောင့် သွားရောက်ကုသမှုမပြုခြင်းဖြစ်သည်ဟု၎င်းမှပြောသည်။

ရှမ်းပြည်နယ်အတွင်း ဆေးရုံပေါင်း(၁၅၃)ရုံဖွင့်လှစ်ထားရှိပြီး အရေးပေါ်လူနာများ၊ ပြင်ပလူနာများ၊ အတွင်းလူနာများအနက် ဆင်းရဲနွမ်းပါးသည့်လူနာများအား ဆေးရုံကြီးကြပ်မှုကော်မတီမှ ထောက်ခံချက်ဖြင့် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း၊ အကျဉ်းသားများ၊ သာသနာရေး သံဃာတော်များ၊ (၅)နှစ်အောက် ကလေးငယ်များအား လည်းကောင်း အခမဲ့ ဆေးကုသစောင့်ရှောက်မှု ပေးလျှက်ရှိကြောင်း သိရသည်။
သတင်း။ ‪#‎ကိုဇက်‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~