ရွမ္း/အေရွ႕တြင္ မိုးစပါးအထြက္တိုးေရး စိုက္ပ်ိဳးနည္းစနစ္မွန္ကန္ေရးအတြက္ ရက္(၁၀၀)စီမံခ်က္ျဖင့္ေဆာင္ရြက္

ရွမ္း/အေရွ႕တြင္ မိုးစပါးအထြက္တိုးေရး စိုက္ပ်ိဳးနည္းစနစ္မွန္ကန္ေရးအတြက္ ရက္(၁၀၀)စီမံခ်က္ျဖင့္ေဆာင္ရြက္
မေ 19, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ (၁၉) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ မိုးစပါးသီးႏွံမ်ား စိုက္ပ်ိဳးသည့္ ေတာင္သူမ်ား သမားရိုးက် စိုက္ပ်ိဳးနည္းကိုသာ အသံုးျပဳေနသျဖင့္  မိုးစပါးသီးႏွံမ်ား ထြက္သင့္သေလာက္ မထြက္နိုင္ေသာေၾကာင့္   မိုးစပါး အထြက္တိုးႏိုင္ေစေရး အတြက္ ရက္(၁၀၀) စီမံခ်က္အတြင္း အဓိကထား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ျမန္မာျပည္တြင္းမွာက မိုးစပါးစိုက္ရင္ စိုက္ပ်ိဳးနည္းမွန္ၾကေတာ့ ထြက္သင့္သေလာက္ထြက္တယ္။ ဧရာ၀တီတိုင္းတို႔ ရွမ္းျပည္နယ္တို႔မွာေတာ့ စိုက္ပ်ိဳးနည္းက သာမန္ သမားရိုးက်စိုက္ပ်ိဳးၾကေတာ့ (၁)ဧကမွာ ထြက္သင့္ သေလာက္ မထြက္ေတာ့ဘူး။ ရွမ္းျပည္နယ္မွာေတာင္ ေျမာက္ပိုင္းက စိုက္ပ်ိဳးနည္း နည္းပညာေတြ မွန္တယ္။ အဓိက ရွမ္း/အေရွ႕မွာက ေတာင္ကုန္းေတြမ်ားေတာ့ ေတာင္သူေတြ အေနနဲ႔ တညီတည္း မစုိက္တတ္ဘူး။ ဒါေၾကာင့္ ဒီရက္(၁၀၀)စီမံခ်က္မွာ အထြက္ႏႈန္းမွန္ေအာင္ သိပၸံနည္းက် စိုက္ပ်ိဳးနည္းကို ေဖာ္ေဆာင္သြားမွာပါ။”ဟု တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးလွ၀င္းက ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ေတာင္သူလယ္သမားမ်ား အေနျဖင့္ မိုးစပါးမ်ားစိုက္ပ်ိဳးသည့္အခါမွာ သမားရိုးက်နည္းျဖစ္သည့္ အစုလိုက္မ်ိဳးၾကဲစိုက္ပ်ိဳးျခင္းေၾကာင့္ အပင္မ်ားဖြာထြက္ၿပီး သီးႏွံထြက္သင့္သေလာက္မထြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဟိုးအရင္တုန္းက မိုးစပါး စိုက္ပ်ိဳးနည္းမမွန္ေတာ့ ေရာင္းဖို႔ေနေနသာသာ အိမ္စားဖို႔ေတာင္ ေျပာင္းဖူးနဲ႔ ေရာစားရတယ္။ အမွန္က ျဖစ္သလို မ်ိဳးက်ဲၿပီး စိုက္ၾကေတာ့ သီးႏွံက ထြက္သင့္သေလာက္မထြက္ဘူး။ အခုေနာက္ပိုင္းမွာ နည္းပညာ နည္းနည္းသိလာမွ စုိက္ပ်ိဳးနည္းမွန္လာတာ။ ဒါေတာင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) အေနနဲ႔ၾကည့္မယ္ဆိုရင္ ေတာင္သူ (၅၀)ရာခိုင္ႏႈန္းက စိုက္နည္းမမွန္ေတာ့ နစ္နာေနတုန္း။”ဟု ေဒသခံ ေတာင္သူတစ္ဦးကေျပာသည္။

တာခ်ီလိတ္ခရိုင္အတြင္း (၂၀၁၄-၂၀၁၅)ခုႏွစ္က မိုးစပါး (၈၉၇၇၉)ဧက စိုက္ပ်ိဳးၿပီး (၈၉၁၄၁)ဧက ရိတ္သိမ္းရာ မိုးစပါး(၆၉၄၄၂၂၀)တင္းထြက္ရွိခဲ့ေၾကာင္းသိရသည္။

(၂၀၁၅-၂၀၁၆)ခုႏွစ္တြင္ မိုးစပါး (၈၉၄၃၂)ဧက စိုက္ပ်ိဳးၿပီး (၈၇၆၁၆) ဧက ရိတ္သိမ္းခဲ့ရာ မိုးစပါး (၆၉၆၉၇၃၆)တင္းထြက္ရွိခဲ့၍ ယခင္ႏွစ္ထက္ တင္းေရတိုးလာေသာ္လည္း ကိ်ဳင္းလပ္ေရေဘးေၾကာင့္ ယခုႏွစ္မွာ ဧက(၁၀၀၀)ေက်ာ္ပ်က္စီးသြားျခင္းေၾကာင့္ ရိတ္သိမ္းဧက ႏိႈင္းယွဥ္ၾကည့္လွ်င္ သီးႏွံထြက္ႏႈန္းနည္းသြားေၾကာင္းသိရသည္။

မိုးစပါးသီးထြက္ႏႈန္းမ်ားေစရန္အတြက္ သိပၸံနည္းက်စနစ္ျဖင့္စိုက္ပ်ိဳးနည္းအသိပညာေပးျခင္း ႏွင့္ လက္ေတြ႕ျပသျခင္း ၊ ႏြားေခ်း /ကၽြဲေခ်းမ်ားႏွင့္ သဘာ၀ေျမၾသဇာျပဳလုပ္နည္းမ်ားသင္ၾကားေပးျခင္း ၊ မ်ိဳးေကာင္းမ်ိဳးသန္႔မ်ား ရွာေဖြထုတ္ေပးျခင္း စသည္တို႔ကို ဧၿပီလ (၁)ရက္မွ ဇြန္လ(၁၀)ရက္ေန႔အထိ ရက္(၁၀၀)စီမံခ်က္အတြင္း ေဆာင္ရြက္လွ်က္ရွိေၾကာင္းသိရသည္။

သတင္း။  ။ ေဇာင္းညီ
..................
တာချီလိတ်၊ မေလ (၁၉) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မိုးစပါးသီးနှံများ စိုက်ပျိုးသည့် တောင်သူများ သမားရိုးကျ စိုက်ပျိုးနည်းကိုသာ အသုံးပြုနေသဖြင့် မိုးစပါးသီးနှံများ ထွက်သင့်သလောက် မထွက်နိုင်သောကြောင့် မိုးစပါး အထွက်တိုးနိုင်စေရေး အတွက် ရက်(၁၀၀) စီမံချက်အတွင်း အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
“မြန်မာပြည်တွင်းမှာက မိုးစပါးစိုက်ရင် စိုက်ပျိုးနည်းမှန်ကြတော့ ထွက်သင့်သလောက်ထွက်တယ်။ ဧရာဝတီတိုင်းတို့ ရှမ်းပြည်နယ်တို့မှာတော့ စိုက်ပျိုးနည်းက သာမန် သမားရိုးကျစိုက်ပျိုးကြတော့ (၁)ဧကမှာ ထွက်သင့် သလောက် မထွက်တော့ဘူး။ ရှမ်းပြည်နယ်မှာတောင် မြောက်ပိုင်းက စိုက်ပျိုးနည်း နည်းပညာတွေ မှန်တယ်။ အဓိက ရှမ်း/အရှေ့မှာက တောင်ကုန်းတွေများတော့ တောင်သူတွေ အနေနဲ့ တညီတည်း မစိုက်တတ်ဘူး။ ဒါကြောင့် ဒီရက်(၁၀၀)စီမံချက်မှာ အထွက်နှုန်းမှန်အောင် သိပ္ပံနည်းကျ စိုက်ပျိုးနည်းကို ဖော်ဆောင်သွားမှာပါ။”ဟု တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှဝင်းက ပြောသည်။ 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တောင်သူလယ်သမားများ အနဖြေင့် မိုးစပါးများစိုက်ပျိုးသည့်အခါမှာ သမားရိုးကျနည်းဖြစ်သည့် အစုလိုက်မျိုးကြဲစိုက်ပျိုးခြင်းကြောင့် အပင်များဖွာထွက်ပြီး သီးနှံထွက်သင့်သလောက်မထွက်ခြင်းဖြစ်ကြောင်း သိရသည်။ 
“ဟိုးအရင်တုန်းက မိုးစပါး စိုက်ပျိုးနည်းမမှန်တော့ ရောင်းဖို့နေနေသာသာ အိမ်စားဖို့တောင် ပြောင်းဖူးနဲ့ ရောစားရတယ်။ အမှန်က ဖြစ်သလို မျိုးကျဲပြီး စိုက်ကြတော့ သီးနှံက ထွက်သင့်သလောက်မထွက်ဘူး။ အခုနောက်ပိုင်းမှာ နည်းပညာ နည်းနည်းသိလာမှ စိုက်ပျိုးနည်းမှန်လာတာ။ ဒါတောင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အနေနဲ့ကြည့်မယ်ဆိုရင် တောင်သူ (၅၀)ရာခိုင်နှုန်းက စိုက်နည်းမမှန်တော့ နစ်နာနေတုန်း။”ဟု ဒေသခံ တောင်သူတစ်ဦးကပြောသည်။ 
တာချီလိတ်ခရိုင်အတွင်း (၂၀၁၄-၂၀၁၅)ခုနှစ်က မိုးစပါး (၈၉၇၇၉)ဧက စိုက်ပျိုးပြီး (၈၉၁၄၁)ဧက ရိတ်သိမ်းရာ မိုးစပါး(၆၉၄၄၂၂၀)တင်းထွက်ရှိခဲ့ကြောင်းသိရသည်။ 
(၂၀၁၅-၂၀၁၆)ခုနှစ်တွင် မိုးစပါး (၈၉၄၃၂)ဧက စိုက်ပျိုးပြီး (၈၇၆၁၆) ဧက ရိတ်သိမ်းခဲ့ရာ မိုးစပါး (၆၉၆၉၇၃၆)တင်းထွက်ရှိခဲ့၍ ယခင်နှစ်ထက် တင်းရေတိုးလာသော်လည်း ကျိုင်းလပ်ရေဘေးကြောင့် ယခုနှစ်မှာ ဧက(၁၀၀၀)ကျော်ပျက်စီးသွားခြင်းကြောင့် ရိတ်သိမ်းဧက နှိုင်းယှဉ်ကြည့်လျှင် သီးနှံထွက်နှုန်းနည်းသွားကြောင်းသိရသည်။ 
မိုးစပါးသီးထွက်နှုန်းများစေရန်အတွက် သိပ္ပံနည်းကျစနစ်ဖြင့်စိုက်ပျိုးနည်းအသိပညာပေးခြင်း နှင့် လက်တွေ့ပြသခြင်း၊ နွားချေး /ကျွဲချေးများနှင့် သဘာဝမြသြေဇာပြုလုပ်နည်းများသင်ကြားပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ရှာဖွေထုတ်ပေးခြင်း စသည်တို့ကို ဧပြီလ (၁)ရက်မှ ဇွန်လ(၁၀)ရက်နေ့အထိ ရက်(၁၀၀)စီမံချက်အတွင်း ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~