၂၀၁၅ - ၂၀၁၆ အစိုးရစစ္ (၄)တန္း ႏွင့္ (၈)တန္း စာေမးပြဲ၌ မေအာင္သူမ်ား ေမလ(၁၆)ရက္ေန႔တြင္ ျပန္လည္ ကုစားေျဖဆိုရမည္

၂၀၁၅ - ၂၀၁၆ အစိုးရစစ္ (၄)တန္း ႏွင့္ (၈)တန္း စာေမးပြဲ၌ မေအာင္သူမ်ား ေမလ(၁၆)ရက္ေန႔တြင္ ျပန္လည္ ကုစားေျဖဆိုရမည္
မေ 5, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမ (၅) ရက္
၂၀၁၅ -၂၀၁၆ ပညာသင္ႏွစ္တြင္ က်ရႈံးခဲ့ေသာ စတုတၳတန္းႏွင့္ အဌမတန္းမ်ား ျပန္လည္ကုစား ေျဖဆိုခြင့္မရွိဟု ထုတ္ျပန္ခဲ့ေသာ္လည္း ေမလအတြင္းျပန္လည္ေျဖဆိုႏိုင္ရန္ ျပင္ဆင္လွ်က္ရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ ပညာေရးမွဴးရုံုးမွ သိရသည္။

"အရင္က ေျဖခြင့္မရွိဘူးလို႔ေျပာေပမဲ့ အခုရံုးခ်ဳပ္က ဖုန္းသတင္းနဲ႔ က်တဲ့ကေလးေတြျပန္ေျဖႏိုင္ေအာင္ စီစဥ္ေပးဖို႔ ညႊန္ၾကားထားတာေတာ့ရွိတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ပညာေရးမွဴး ေဒၚမာမာဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း စတုတၳတန္းႏွင့္ အဌမတန္းမွာ က်ဆံုးမႈအေရအတြက္နည္းပါးၿပီး အဌမတန္းတြင္ တစ္ၿမိဳ႕နယ္လံုး(၈၀) ရာခိုင္ႏႈန္းခန္႔၊ စတုတၳတန္းတြင္ (၉၃) ရာခိုင္ႏႈန္းခန္႔ ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ၂၀၁၅-၂၀၁၆ ခုႏွစ္ပညာသင္ႏွစ္အတြင္း အေျခခံပညာအလယ္တန္းအဆင့္ အဌမတန္းတြင္ ေျဖဆိုသူ(၃၈၇၂)ဦးရိွရာ (၃၀၉၉)ဦး ေအာင္ျမင္ခဲ့ေၾကာင္း ျပည္နယ္ပညာေရးမွဴးရံုး၏ စစ္တမ္းမ်ားအရ သိရသည္။

သတင္း။  ။ ကိုဇက္

...................

တာချီလိတ်၊ မေ (၅) ရက်
၂၀၁၅ -၂၀၁၆ ပညာသင်နှစ်တွင် ကျရှုံးခဲ့သော စတုတ္ထတန်းနှင့် အဌမတန်းများ ပြန်လည်ကုစား ဖြေဆိုခွင့်မရှိဟု ထုတ်ပြန်ခဲ့သော်လည်း မေလအတွင်းပြန်လည်ဖြေဆိုနိုင်ရန် ပြင်ဆင်လျှက်ရှိကြောင်း တာချီလိတ်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

"အရင်က ဖြေခွင့်မရှိဘူးလို့ပြောပေမဲ့ အခုရုံးချုပ်က ဖုန်းသတင်းနဲ့ ကျတဲ့ကလေးတွပြေန်ဖြေနိုင်အောင် စီစဉ်ပေးဖို့ ညွှန်ကြားထားတာတော့ရှိတယ်။"ဟု တာချီလိတ်မြို့နယ် ပညာရေးမှူး ဒေါ်မာမာဦးက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း စတုတ္ထတန်းနှင့် အဌမတန်းမှာ ကျဆုံးမှုအရေအတွက်နည်းပါးပြီး အဌမတန်းတွင် တစ်မြို့နယ်လုံး(၈၀) ရာခိုင်နှုန်းခန့်၊ စတုတ္ထတန်းတွင် (၉၃) ရာခိုင်နှုန်းခန့် အောင်မြင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၀၁၅-၂၀၁၆ ခုနှစ်ပညာသင်နှစ်အတွင်း အခြေခံပညာအလယ်တန်းအဆင့် အဌမတန်းတွင် ဖြေဆိုသူ(၃၈၇၂)ဦးရှိရာ (၃၀၉၉)ဦး အောင်မြင်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စစ်တမ်းများအရ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~