ဘက္စံု ထူးခၽြန္ဆုရ လူရည္ခြ်န္(၆)ဦးအား တာခ်ီလိတ္၌ ေရႊ(၅)မူးသားစီ ခ်ီးျမႇင့္

ဘက္စံု ထူးခၽြန္ဆုရ လူရည္ခြ်န္(၆)ဦးအား တာခ်ီလိတ္၌ ေရႊ(၅)မူးသားစီ ခ်ီးျမႇင့္
မေ 23, 2016
By တာချီလိတ်
တာခ်ီလိတ္၊ ေမလ(၂၃)
တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ၂၀၁၅ -၂၀၁၆ ခုႏွစ္ ပညာသင္ႏွစ္၏ ဘက္စံု ထူးခၽြန္ဆုရ လူရည္ခြ်န္ ေက်ာင္းသူ၊ ေက်ာင္းသား(၆)ဦးအား တစ္ဦးလွ်င္ က်ပ္(၄)သိန္းေက်ာ္တန္ဖိုးရွိ ေရႊ(၅)မူးသားဆီပါ၀င္သည့္ လက္စြပ္ (၆)ကြင္းအား ေမလ(၂၂)ရက္ေန႔၊ ည(၇)နာရီအခ်ိန္က ဂုဏ္ျပဳညစာ စားပြဲတြင္ ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
"အဓိက ဂုဏ္ျပဳသင့္တဲ့ကေလးေတြကို ဂုဏ္ျပဳတာမွ ဒါမွ ကေလးေတြ အနာဂါတ္မွာ ပိုၿပီး ႀကိဳးစားလာၾကမယ္ ဒါမ်ိဳးဂုဏ္ျပဳတာ ဒုတိယအႀကိမ္ေျမာက္ပါ၊ နယ္စပ္ေဒသမွာေနတဲ့ ကေလးအမ်ားစုက ျပည္မႀကီးက ကေလးေတြထက္ စာရင္ ပညာေရး အခြင့္အေရးနည္းပါ ပါတယ္၊ ဒါမ်ိဳးေတြ မ်ားမ်ားဂုဏ္ျပဳလာမယ္ဆိုရင္ ေက်ာင္းေတြေရာ ကေလးေတြအတြက္ပါ ပိုေကာင္းမယ္လို႔ ယံုၾကည္လို႔ ဆုေပးတာပါ၊ ၂၀၁၃ခုႏွစ္တုန္းကလည္း အခုလိုပဲ ခ်ီးျမႇင့္ခဲ့ပါတယ္။ ဒါနဲ႔ဆို ဒုတိယအႀကိမ္လို႔ ေျပာလို႕ရပါတယ္၊ ၂၀၁၄ နဲ႔ ၂၀၁၅ မွာေတာ့ သက္ဆိုင္ရာ ပညာေရးဌာနက ဆက္သြယ္ျခင္း မရွိတဲ့အတြက္ေၾကာင့္ ႏွစ္ႏွစ္ဆက္တိုက္ ေရႊသားခ်ီးျမႇင့္ျခင္း မျပဳလုပ္ႏိုင္ခဲ့ပါဘူး"ဟု ေရႊလက္စြပ္ခ်ီးျမႇင့္ေပးခဲ့ေသာ ရွမ္းျပည္နယ္အေရွ႕ပိုင္းသတင္းစာဆရာအသင္း ဥကၠဌ ဦးေအာင္ၿဖိဳးရွိန္က ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕နယ္၏ ၂၀၁၆ ခုႏွစ္ ဘက္စံုထူးခြ်န္ဆုရ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေက်ာင္းအုပ္ႀကီးမ်ား၊ ၿမိဳ႕နယ္အဆင့္ စတုတၳတန္း ႏွင့္ အဌမတန္းေအာင္ခ်က္ အေကာင္းဆံုးဆုရရွိေသာ ေက်ာင္းအုပ္ႀကီးမ်ားအား ဂုဏ္ျပဳညစာ စားပြဲ က်င္းပျပဳလုပ္ၿပီး ဘက္စံုထူးခြ်န္ဆုရ လူရည္ခြ်န္ ေက်ာင္းသား၊ ေက်ာင္းသူ (၆)ဦးအတြက္ ေရႊလက္စြပ္တစ္ကြင္းစီျဖင့္ စုစုေပါင္း (၆)ကြင္း ကုိ ေစတနာရွင္အလွဴရွင္ (၆)ဦးတို႔မွ အသီးသီးေပးအပ္ခ်ီးျမွင့္လိုက္ေၾကာင္း သိရသည္။
ေရႊလက္စြပ္ခ်ီးျမႇင့္သူမ်ားမွာ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ ၿမိဳ႕နယ္အေထာက္အကူျပဳေကာ္မတီ ဥကၠဌ ဦးၾကည္ျမင့္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးသိန္းထြန္းဦး၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းသတင္းစာဆရာမ်ားအသင္းဥကၠဌ ဦးေအာင္ၿဖဳိးရွိန္ ႏွင့္ မဇၥ်ိမလူမႈကူညီေရးအသင္းဥကၠဌ ဦးတင့္ေဆြ တို႔မွ ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္ၿပီး၊ ေရႊလက္စြပ္တစ္ကြင္းလွ်င္ တန္ဖိုးေငြ ဘတ္(၁၂,၂၀၀)တန္ဖိုးရွိေၾကာင္း ႏွင့္ ယခုကဲ့သို႔ ခ်ီးျမႇင့္ခဲ့သည္မွာ (၂)ႀကိမ္ေျမာက္ခဲ့ၿပီ ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။
တာခ်ီလိိတ္ၿမိဳ႕နယ္အတြင္း ဘက္စံုထူးခၽြန္ဆုရရွိေသာ ေက်ာင္းေပါင္း(၅)ေက်ာင္းပါ၀င္ၿပီး၊ ဆုရရွိေသာ ေက်ာင္းသားမ်ားမွာ (၆)ဦးရွိေၾကာင္းႏွင့္ ၿမိဳ႕နယ္အတြင္း အစိုးရစစ္ျဖစ္သည့္ စတုတၳတန္းနွင့္ အဌမတန္းအား ရာႏွဳန္းျပည့္ေအာင္ျမင္ေသာ ေက်ာင္းအုပ္ႀကီးမ်ားအား ဆုခ်ီးျမႇင့္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ညစာ စားပြဲႏွင့္ ဆုခ်ီးျမႇင့္ျခင္း အခမ္းအနားသို႔ စစ္ဗ်ဴဟာအဖြဲ႔(အေျခခ်) တခ်ီလိတ္၊ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေက်ာ္ကိုထိုက္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ ပညာေရးမွ ဆရာ/မမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္မ်ား တက္ေရာက္ခဲ့ၾကသည္။
သတင္း။  ။ ကိုဇက္
ဓာတ္ပံု။  ။ ေဇာင္းညီ
..............
တာချီလိတ်၊ မေလ(၂၃)
တာချီလိတ်မြို့နယ်အတွင်း ၂၀၁၅ -၂၀၁၆ ခုနှစ် ပညာသင်နှစ်၏ ဘက်စုံထူးချွန်ဆုရ ကျောင်းသူ?ကျောင်းသား(၆)ဦးအား တစ်ဦးလျှင် ကျပ်(၄)သိန်းကျော်တန်ဖိုးရှိ ရွှေ(၅)မူးသားဆီပါဝင်သည့် လက်စွပ် (၆)ကွင်းအား မေလ(၂၂)ရက်နေ့၊ ည(၇)နာရီအချိန်က ဂုဏ်ပြုညစာ စားပွဲတွင် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
"အဓိက ဂုဏ်ပြုသင့်တဲ့ကလေးတွေကို ဂုဏ်ပြုတာမှ ဒါမှ ကလေးတွေ အနာဂါတ်မှာ ပိုပြီး ကြိုးစားလာကြမယ် ဒါမျိုးဂုဏ်ပြုတာ ဒုတိယအကြိမ်မြောက်ပါ၊ နယ်စပ်ဒေသမှာနေတဲ့ ကလေးအများစုက ပြည်မကြီးက ကလေးတွေထက် စာရင် ပညာရေး အခွင့်အရေးနည်းပါ ပါတယ်၊ ဒါမျိုးတွေ များများဂုဏ်ပြုလာမယ်ဆိုရင် ကျောင်းတွေရော ကလေးတွေအတွက်ပါ ပိုကောင်းမယ်လို့ ယုံကြည်လို့ ဆုပေးတာပါ၊ ၂၀၁၃ခုနှစ်တုန်းကလည်း အခုလိုပဲ ချီးမြှင့်ခဲ့ပါတယ်။ ဒါနဲ့ဆို ဒုတိယအကြိမ်လို့ ပြောလို့ရပါတယ်၊ ၂၀၁၄ နဲ့ ၂၀၁၅ မှာတော့ သက်ဆိုင်ရာ ပညာရေးဌာနက ဆက်သွယ်ခြင်း မရှိတဲ့အတွက်ကြောင့် နှစ်နှစ်ဆက်တိုက် ရွှေသားချီးမြှင့်ခြင်း မပြုလုပ်နိုင်ခဲ့ပါဘူး"ဟု ရွှေလက်စွပ်ချီးမြှင့်ပေးခဲ့သော ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစာဆရာအသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။
တာချီလိတ်မြို့နယ်၏ ၂၀၁၆ ခုနှစ် ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအုပ်ကြီးများ၊ မြို့နယ်အဆင့် စတုတ္ထတန်း နှင့် အဌမတန်းအောင်ချက် အကောင်းဆုံးဆုရရှိသော ကျောင်းအုပ်ကြီးများအား ဂုဏ်ပြုညစာ စားပွဲ ကျင်းပပြုလုပ်ပြီး ဘက်စုံထူးချွန်ဆုရ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ (၆)ဦးအတွက် ရွှေလက်စွပ်တစ်ကွင်းစီဖြင့် စုစုပေါင်း (၆)ကွင်း ကို စေတနာရှင်အလှူရှင် (၆)ဦးတို့မှ အသီးသီးပေးအပ်ချီးမြှင့်လိုက်ကြောင်း သိရသည်။
ရွှေလက်စွပ်ချီးမြှင့်သူများမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစာဆရာများအသင်းဥက္ကဌ ဦးအောင်ဖြိုးရှိန် နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေ တို့မှ ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး၊ ရွှေလက်စွပ်တစ်ကွင်းလျှင် တန်ဖိုးငွေ ဘတ်(၁၂,၂၀၀)တန်ဖိုးရှိကြောင်း နှင့် ယခုကဲ့သို့ ချီးမြှင့်ခဲ့သည်မှာ (၂)ကြိမ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၎င်းထံမှ သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ဘက်စုံထူးချွန်ဆုရရှိသော ကျောင်းပေါင်း(၅)ကျောင်းပါဝင်ပြီး၊ ဆုရရှိသော ကျောင်းသားများမှာ (၆)ဦးရှိကြောင်းနှင့် မြို့နယ်အတွင်း အစိုးရစစ်ဖြစ်သည့် စတုတ္ထတန်းနှင့် အဌမတန်းအား ရာနှုန်းပြည့်အောင်မြင်သော ကျောင်းအုပ်ကြီးများအား ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ညစာ စားပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) တချီလိတ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက် နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ပညာရေးမှ ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
သတင်း။ ကိုဇက်
ဓာတ်ပုံ။ ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net