ျမန္မာ - ထိုင္းနယ္စပ္ တံတားျဖတ္ ဆိုင္ကယ္မ်ား တရားဝင္ျဖတ္သန္းခြင့္ လက္မွတ္ လုပ္ေဆာင္ရန္လို

ျမန္မာ - ထိုင္းနယ္စပ္ တံတားျဖတ္ ဆိုင္ကယ္မ်ား တရားဝင္ျဖတ္သန္းခြင့္ လက္မွတ္ လုပ္ေဆာင္ရန္လို
မေ 26, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၂၆)ရက္
ျမန္မာ - ထိုင္း နယ္စပ္တံတားမ်ားေပၚမွ ဆိုင္ကယ္ျဖင့္ ျဖတ္သန္းသည့္ ျမန္မာႏိုင္ငံသားမ်ားသည္ ထိုင္းအေကာက္ခြန္ဥပေဒအရ ေမာ္ေတာ္ဆိုင္ကယ္အား တရား၀င္ျဖတ္သန္းခြင့္ စာရြက္စာတမ္း လုပ္ေဆာင္ရမည္ကို မသိသျဖင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားကို သိမ္းဆည္းခံရလွ်က္ရွိေၾကာင္းသိရသည္။

တာခ်ီလိတ္ၿမိဳ႕ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၁)ေပၚတြင္ ေမလ (၂၂)ရက္ေန႔က ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ၿပီး ျပန္လာသည့္ ျမန္မာအမ်ိဳးသားတစ္ဦးသည္ ေမာ္ေတာ္ဆိုင္ကယ္ ဝယ္ယူလာရာ ထိုင္းအေကာက္ခြန္ဥပေဒႏွင့္ ညိႇစြန္းေန၍ ယာဥ္အား သိမ္းဆည္းခံလိုက္ရေၾကာင္း သိရသည္။

“မယ့္စေလာင္းမွာရွိတဲ့ လက္ဖက္ကုမၼဏီတစ္ခုမွာ (၄)ႏွစ္ေလာက္ အလုပ္လုပ္ၿပီး လုပ္အားခကို စုေဆာင္းၿပီးေတာ့ ဆိုင္ကယ္၀ယ္လာတယ္။ ထိုင္းအေကာက္ခြန္ဥပေဒကို သိနားလည္ျခင္းလည္းမ႐ွိ
တရားဝင္ ျဖတ္သန္းခြင့္ စာရြက္စာတမ္း တစ္စံုတစ္ရာမ႐ွိဘဲ မယ္ဆိုင္-တာခ်ီလိတ္ အမွတ္(၁)တံတားေပၚကေန ျဖတ္သန္းေမာင္းႏွင္ သယ္ေဆာင္လာတာေၾကာင့္ အေကာက္ခြန္ဥပေဒအရ ဖမ္းဆီးထိန္းသိမ္း ထားခံရတာပါ။”ဟု CNCMC လုပ္ငန္းအေကာင္ထည္ေဖာ္ေရးအဖြဲ႕၀င္ ဦးထြန္း(မယ္ဆိုင္) ကေျပာသည္။

ထိုင္း - ျမန္မာနယ္စပ္ ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္  ထုိင္းႏုိင္ငံ မယ္ဆိုင္ႏွင့္ ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕မ်ားမွ ေန႔စဥ္ျဖတ္သန္းသြားလာၾကရာတြင္ ဆိုင္ကယ္ျဖင့္ သြားလာျခင္းမ်ားလည္းရိွၿပီး တာခ်ီလိတ္ဘက္မွ ဆို္င္ကယ္ျဖင့္ သြားေရာက္သူမ်ားျပားေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ
 ..........

တာချီလိတ်၊ မေလ(၂၆)ရက်
မြန်မာ - ထိုင်း နယ်စပ်တံတားများပေါ်မှ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသည့် မြန်မာနိုင်ငံသားများသည် ထိုင်းအကောက်ခွန်ဥပဒေအရ မော်တော်ဆိုင်ကယ်အား တရားဝင်ဖြတ်သန်းခွင့် စာရွက်စာတမ်း လုပ်ဆောင်ရမည်ကို မသိသဖြင့် မော်တော်ဆိုင်ကယ်များကို သိမ်းဆည်းခံရလျှက်ရှိကြောင်းသိရသည်။

တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ်တွင် မေလ (၂၂)ရက်နေ့က ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် မြန်မာအမျိုးသားတစ်ဦးသည် မော်တော်ဆိုင်ကယ် ဝယ်ယူလာရာ ထိုင်းအကောက်ခွန်ဥပဒေနှင့် ညှိစွန်းနေ၍ ယာဉ်အား သိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။

“မယ့်စလောင်းမှာရှိတဲ့ လက်ဖက်ကုမ္မဏီတစ်ခုမှာ (၄)နှစ်လောက် အလုပ်လုပ်ပြီး လုပ်အားခကို စုဆောင်းပြီးတော့ ဆိုင်ကယ်ဝယ်လာတယ်။ ထိုင်းအကောက်ခွန်ဥပဒေကို သိနားလည်ခြင်းလည်းမရှိ
တရားဝင် ဖြတ်သန်းခွင့် စာရွက်စာတမ်း တစ်စုံတစ်ရာမရှိဘဲ မယ်ဆိုင်-တာချီလိတ် အမှတ်(၁)တံတားပေါ်ကနေ ဖြတ်သန်းမောင်းနှင် သယ်ဆောင်လာတာကြောင့် အကောက်ခွန်ဥပဒေအရ ဖမ်းဆီးထိန်းသိမ်း ထားခံရတာပါ။”ဟု CNCMC လုပ်ငန်းအကောင်ထည်ဖော်ရေးအဖွဲ့ဝင် ဦးထွန်း(မယ်ဆိုင်) ကပြောသည်။

ထိုင်း - မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့များမှ နေ့စဉ်ဖြတ်သန်းသွားလာကြရာတွင် ဆိုင်ကယ်ဖြင့် သွားလာခြင်းများလည်းရှိပြီး တာချီလိတ်ဘက်မှ ဆို်င်ကယ်ဖြင့် သွားရောက်သူများပြားကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~