က်ိဳင္းတံုၿမိဳ႕ဆိုင္ကယ္ဝယ္ေရာင္းေစ်းကြက္တြင္ အေရာင္းအဝယ္က်ဆင္း

က်ိဳင္းတံုၿမိဳ႕ဆိုင္ကယ္ဝယ္ေရာင္းေစ်းကြက္တြင္ အေရာင္းအဝယ္က်ဆင္း
မေ 13, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ေမလ (၁၃) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ HONDA ဆိုင္ကယ္ အေရာင္းျပခန္းဖြင့္ကာ ေရာင္းခ်လာျခင္းႏွင့္ ေဒသတြင္း ဆိုင္ကယ္ဝယ္သူမ်ားက နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ဝယ္ယူၾကသျဖင့္ က်ိဳင္းတံုၿမိဳ႕ဆိုင္ကယ္ အေရာင္းအဝယ္သမားမ်ားထံမွ အေရာင္း က်ဆင္းလာေၾကာင္း သိရသည္။

"အခုလက္ရိွကေတာ့ ယိုးဒယားဆိုင္ကယ္ေတြက လုံး၀ေရာင္း မထြက္ဘူး။ အမ်ားဆုံး အ၀ယ္လို္က္ေနတာ ကေတာ့ တရုတ္ဆိုင္ကယ္ေတြပဲ။ ဘာလို႔လဲဆိုေတာ့ က်ိဳင္းတုံက တရုတ္နဲ႔နီးေတာ့ တရုတ္ဘီးေတြက တျခားေနရာေတြထက္စာရင္ ေစ်းအရမ္းသက္သာတယ္ေလ။ ယိုးဒယားဆိုင္ကယ္ေတြက်ေတာ့ ၿမိဳ႕ေပၚက လူေတြကအစ ေတာင္ေပၚကလူေတြအထိ ဒီမွာမရွာေတာ့ဘူး။ တစ္ခါထဲ တာခ်ီလိတ္ထိ ဆင္းၿပီး ၀ယ္ၾကတယ္။ ေတာင္ႀကီး၊ မႏၱေလးက ၀ယ္လက္ေတြလည္း အဲဒီလိုပဲ ဟိုထိသြား၀ယ္ၾကတယ္။"ဟု ဆိုင္ကယ္ပြဲစား တစ္ဦးျဖစ္သူ ကိုက်ိဳင္းက ေျပာသည္။

ယခုလက္ရိွ က်ိဳင္းတုံဆိုင္ကယ္ပြဲစားတန္းတြင္ ဆိုင္ကယ္အေရာင္းအ၀ယ္ အလြန္ပါးလာၿပီး တစ္ရက္လွ်င္ ဆိုင္ကယ္တစ္စီးႏႈန္းပင္ ေရာင္းခ်ရျခင္းမရိွသျဖင့္ ဆိုင္ကယ္ပြဲစားအမ်ားစုမွာ အျခားစီးပြားေရး လုပ္ငန္းမ်ားကို လုပ္ကိုင္လာၾကေၾကာင္း ၎ကဆိုသည္။

"ဦးေလး ဆိုင္ကယ္ပြဲစားမလုပ္ေတာ့တာ ႏွစ္လေလာက္ရိွၿပီ။ ဆိုင္ကယ္ အေရာင္းအ၀ယ္က အရမ္းပါး လာတယ္ေလ။ ၾကာလာေတာ့ ေတာ္ေတာ္အခက္ေတြ ့တယ္။ ဒီအလုပ္ မလုပ္ေတာ့ဘဲ ထြက္ကုန္တာ (၃၀)ေလာက္ရိွတယ္။ ခုထိ ဆိုင္ကယ္ပြဲစားလုပ္ေနတဲ့သူက (၂၀)ေလာက္ေတာ့က်န္အုံးမယ္"ဟု ဦးေမာင္ခို္င္က ေျပာသည္။

ဆိုင္ကယ္ပြဲစားတန္းတြင္ အေရာင္းအဝယ္ပါးသည့္နည္းတူ ဟြန္ဒါဆိုင္ကယ္အေရာင္းျပခန္းတြင္လည္း ယခုလပိုင္းအတြင္း အေရာင္းအဝယ္ပါးလာေနေၾကာင္း သိရသည္။

"သႀကၤန္ၿပီးေနာက္ပိုင္းမွာ ေရာင္းအားက အရမ္းႀကီးပါးလာတယ္။ သႀကၤန္ေနာက္ပိုင္း တစ္ရက္ပ်မ္းမွ် (၂)စီးေလာက္ပဲ ေရာင္းရတယ္။ သၾကၤန္မတိုင္ခင္တုန္းကဆိုရင္ တစ္ရက္ကို ပ်မ္းမွ်(၆)စီးေလာက္ေတာ့ ေရာင္းရတယ္။ အခုက်ေတာ့ ေရာင္းအားအရမ္းက်လာတယ္။ ဘာလို႔လဲဆိုတာကိုေတာ့ မေျပာတတ္ဘူး"ဟု က်ိဳင္းတုံ ဟြန္ဒါဆိုင္ကယ္အေရာင္းျပခန္းမွ ကိုသန္းႏို္င္ကေျပာသည္။

HONDA Show Room တြင္ ယခုလက္ရိွတြင္ အမ်ိဳးအစားအသစ္အေနျဖင့္ Click (2016)ဆိုင္ကယ္ကို လိုင္စင္အၿပီးအစီးျဖင့္ က်ပ္ (၂၁၄၅၀၀၀)ျဖင့္လည္းေကာင္း၊ WAVE (100) ဆိုင္ကယ္ကို လိုင္စင္အၿပီးအစီး (၁၀၉၀၀၀၀)က်ပ္ျဖင့္လည္းေကာင္း ေရာင္းခ်ေပးလွ်က္ရိွေၾကာင္းသိရသည္။

သတင္း။  ။ ဇြဲျမတ္

................
ကျိုင်းတုံ၊ မေလ (၁၃) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် HONDA ဆိုင်ကယ် အရောင်းပြခန်းဖွင့်ကာ ရောင်းချလာခြင်းနှင့် ဒေသတွင်း ဆိုင်ကယ်ဝယ်သူများက နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ဝယ်ယူကြသဖြင့် ကျိုင်းတုံမြို့ဆိုင်ကယ် အရောင်းအဝယ်သမားများထံမှ အရောင်း ကျဆင်းလာကြောင်း သိရသည်။
"အခုလက်ရှိကတော့ ယိုးဒယားဆိုင်ကယ်တွေက လုံးဝရောင်း မထွက်ဘူး။ အများဆုံး အဝယ်လို်က်နေတာ ကတော့ တရုတ်ဆိုင်ကယ်တွေပဲ။ ဘာလို့လဲဆိုတော့ ကျိုင်းတုံက တရုတ်နဲ့နီးတော့ တရုတ်ဘီးတွေက တခြားနေရာတွေထက်စာရင် ဈေးအရမ်းသက်သာတယ်လေ။ ယိုးဒယားဆိုင်ကယ်တွေကျတော့ မြို့ပေါ်က လူတွေကအစ တောင်ပေါ်ကလူတွေအထိ ဒီမှာမရှာတော့ဘူး။ တစ်ခါထဲ တာချီလိတ်ထိ ဆင်းပြီး ဝယ်ကြတယ်။ တောင်ကြီး၊ မန္တလေးက ဝယ်လက်တွေလည်း အဲဒီလိုပဲ ဟိုထိသွားဝယ်ကြတယ်။"ဟု ဆိုင်ကယ်ပွဲစား တစ်ဦးဖြစ်သူ ကိုကျိုင်းက ပြောသည်။
ယခုလက်ရှိ ကျိုင်းတုံဆိုင်ကယ်ပွဲစားတန်းတွင် ဆိုင်ကယ်အရောင်းအဝယ် အလွန်ပါးလာပြီး တစ်ရက်လျှင် ဆိုင်ကယ်တစ်စီးနှုန်းပင် ရောင်းချရခြင်းမရှိသဖြင့် ဆိုင်ကယ်ပွဲစားအများစုမှာ အခြားစီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်လာကြကြောင်း၎င်းကဆိုသည်။
"ဦးလေး ဆိုင်ကယ်ပွဲစားမလုပ်တော့တာ နှစ်လလောက်ရှိပြီ။ ဆိုင်ကယ် အရောင်းအဝယ်က အရမ်းပါး လာတယ်လေ။ ကြာလာတော့ တော်တော်အခက်တွေ့တယ်။ ဒီအလုပ် မလုပ်တော့ဘဲ ထွက်ကုန်တာ (၃၀)လောက်ရှိတယ်။ ခုထိ ဆိုင်ကယ်ပွဲစားလုပ်နေတဲ့သူက (၂၀)လောက်တော့ကျန်အုံးမယ်"ဟု ဦးမောင်ခို်င်က ပြောသည်။
ဆိုင်ကယ်ပွဲစားတန်းတွင် အရောင်းအဝယ်ပါးသည့်နည်းတူ ဟွန်ဒါဆိုင်ကယ်အရောင်းပြခန်းတွင်လည်း ယခုလပိုင်းအတွင်း အရောင်းအဝယ်ပါးလာနေကြောင်း သိရသည်။
"သင်္ကြန်ပြီးနောက်ပိုင်းမှာ ရောင်းအားက အရမ်းကြီးပါးလာတယ်။ သင်္ကြန်နောက်ပိုင်း တစ်ရက်ပျမ်းမျှ (၂)စီးလောက်ပဲ ရောင်းရတယ်။ သင်္ကြန်မတိုင်ခင်တုန်းကဆိုရင် တစ်ရက်ကို ပျမ်းမျှ(၆)စီးလောက်တော့ ရောင်းရတယ်။ အခုကျတော့ ရောင်းအားအရမ်းကျလာတယ်။ ဘာလို့လဲဆိုတာကိုတော့ မပြောတတ်ဘူး"ဟု ကျိုင်းတုံ ဟွန်ဒါဆိုင်ကယ်အရောင်းပြခန်းမှ ကိုသန်းနို်င်ကပြောသည်။
HONDA Show Room တွင် ယခုလက်ရှိတွင် အမျိုးအစားအသစ်အနဖြေင့် Click (2016)ဆိုင်ကယ်ကို လိုင်စင်အပြီးအစီးဖြင့် ကျပ် (၂၁၄၅၀၀၀)ဖြင့်လည်းကောင်း၊ WAVE (100) ဆိုင်ကယ်ကို လိုင်စင်အပြီးအစီး (၁၀၉၀၀၀၀)ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးလျှက်ရှိကြောင်းသိရသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~