တာခ်ီလိတ္ရွိ ဟိုတယ္တစ္ခု၌ တရုတ္ႏိုင္ငံသား တစ္ဦး ေသဆံုး

တာခ်ီလိတ္ရွိ ဟိုတယ္တစ္ခု၌ တရုတ္ႏိုင္ငံသား တစ္ဦး ေသဆံုး
မေ 12, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၁၂)ရက္
တာခ်ီလိတ္ၿမိဳ႕၊ ၀မ္ေကာင္းရပ္ကြက္ရွိ ဖီးနစ္(phoenix)ဟိုတယ္တြင္ တည္းခိုေနစဥ္ ျပင္ပဒဏ္ရာ တစ္စံုတစ္ရာ ရရွိျခင္းမရွိဘဲ တရုတ္ႏိုင္ငံသား အမ်ဳိးသားတစ္ဦး ေသဆံုးသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ရွိေသာ ျမန္မာဧရာမြန္ကုမၸဏီ၏ ဖိတ္ၾကားခ်က္အရ တရုတ္ႏိုင္ငံသား လွ်ပ္စစ္ပညာရွင္ အသက္(၅၁)ႏွစ္ရွိ Mr. He Xiaowan မွာ တာခ်ီလိတ္ၿမိဳ႕သို႔ ေမလ(၁၁)ရက္ေန႔က လာေရာက္ၿပီး အဆိုပါဟိုတယ္၌ တည္းခိုရင္း ေမလ(၁၂)ရက္ေန႔ နံနက္ပိုင္းက ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးမႈႏွင့္ပတ္သက္၍ ေသဆံုးသြားသူ၏ ရုပ္အေလာင္းအား တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး ေသမႈေသခင္းအမွတ္စဥ္(၇/၂၀၁၆)ျဖင့္ အမႈဖြင့္လွစ္၍ စစ္ေဆး ေဆာင္ရြက္လွ်က္ရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

သတင္း။  ။ ကိုဇက္
....................

တာချီလိတ်၊ မေလ(၁၂)ရက်
တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်(phoenix)ဟိုတယ်တွင် တည်းခိုနေစဉ် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ ရရှိခြင်းမရှိဘဲ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်မြို့တွင်ရှိသော မြန်မာဧရာမွန်ကုမ္ပဏီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသား လျှပ်စစ်ပညာရှင် အသက်(၅၁)နှစ်ရှိ Mr. He Xiaowan မှာ တာချီလိတ်မြို့သို့ မေလ(၁၁)ရက်နေ့က လာရောက်ပြီး အဆိုပါဟိုတယ်၌ တည်းခိုရင်း မေလ(၁၂)ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးမှုနှင့်ပတ်သက်၍ သေဆုံးသွားသူ၏ ရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး သေမှုသေခင်းအမှတ်စဉ်(၇/၂၀၁၆)ဖြင့် အမှုဖွင့်လှစ်၍ စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~