လူငယ္ၾကက္ေတာင္ သင္တန္းဆင္းပြဲ ႏွင့္ ဆုေပးပြဲ တာခ်ီလိတ္၌ ျပဳလုပ္

လူငယ္ၾကက္ေတာင္ သင္တန္းဆင္းပြဲ ႏွင့္ ဆုေပးပြဲ တာခ်ီလိတ္၌ ျပဳလုပ္
မေ 26, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ (၂၆) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္ၾကက္ေတာင္ဆပ္ေကာ္မတီႏွင့္ ခရိုင္အား/ကာတို႔ ပူးေပါင္း၍ ု (၆)ႀကိမ္ေျမာက္ ေႏြရာသီၾကက္ေတာင္ရိုက္သင္တန္းႏွင့္ၿပိဳင္ပြဲက်င္းပရာ လူငယ္သင္တန္းသား (၂၅)ဦး တက္ေရာက္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းအား ေမ လ (၁)ရက္ေန႔မွ (၂၄)ရက္ေန႔အထိ က်င္းပၿပီး သင္တန္းအၿပီးတြင္ ၿပိဳင္ပြဲႏွင့္ ဂုဏ္ျပဳညစာ စားပြဲ၊ ယွဥ္ၿပိဳင္ဆုေပးအပ္ျခင္းမ်ားကို ေမ လ(၂၅)ရက္ ည(၇)နာရီအခ်ိန္က တာခ်ီလိတ္ၿမိဳ႕ Relax စားေသာက္ဆိုင္တြင္း က်င္းပျပဳလုပ္ ခဲ႔ေႀကာင္းသိရသည္။

“ရွမ္း/အေရွ႕မွာ ဒီလို လူငယ္ေတြကို ေကာင္းေကာင္းမြန္မြန္သင္ၾကားေပးတာေတာ့ မေတြ႕ေသးဘူး။ ရွမ္း/အေရွ႕ အေနနဲ႔ဆိုရင္ တာခ်ီလိတ္ၿမိဳ႕မွာပဲ အစဥ္အၿမဲက်င္းပေပးျဖစ္တယ္။ ေနာက္ၿပီး သင္တန္းဆင္းသြားတဲ႔ ကေလးငယ္ေတြကလည္း တဘက္ထိုင္းႏိုင္ငံႏွင့္ ခ်စ္ၾကည္ေရးၿပိဳင္ပြဲေတြမွာပါ၀င္ယွဥ္ၿပိဳင္ခဲ့တာေတြလည္း ရွိပါတယ္။ အခုတစ္ႏွစ္ၿပီး တစ္ႏွစ္ သင္တန္းေပးတဲ့အခါမွာ အရင္ကဆို ရန္ကုန္က သင္တန္းဆရာေခၚျဖစ္တယ္။ အခုေနာက္ပိုင္းမွာေတာ့ သင္တန္းသားေဟာင္းေတြလည္း နည္းျပအဆင့္ထိ တိုးတက္လာပါတယ္။”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ၾကက္ေတာင္ ဆပ္ေကာ္မတီမွ ကိုျမင့္သန္းက ေျပာသည္။

အဆိုပါသင္တန္းအား ေဒသခံ စီးပြားေရးလုပ္ငန္းရွင္မ်ား ႏွင့္ သင္တန္းသားမိဘမ်ား၏ ပူးေပါင္းကူညီမႈမ်ားေၾကာင့္ အခက္အခဲမရိွေၾကာင္း သိရသည္။

“တာခ်ီလိတ္မွာ လူငယ္ေတြအတြက္ ေႏြရာသီၾကက္ေတာင္သင္တန္းျပဳလုပ္ေပးတာ တျခားၿမိဳ႕နယ္ေတြထက္ ပိုၿပီးခမ္းနားပါတယ္။ တျခားၿမိဳ႕နယ္ေတြမွာ အဲဒီေလာက္မဟုတ္ဘူး။”ဟု တာခ်ီလိတ္ခရိုင္ အား/ကာမွ အား/ကာမွဴး ဦးေအးမင္းထြန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယင္းဆပ္ေကာ္မတီအေနျဖင့္ ေႏြရာသီၾကက္ေတာင္သင္တန္းကို ၂၀၀၉ ခုႏွစ္မွစ၍ က်င္းပေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

.............

တာချီလိတ်၊ မေလ (၂၆) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့နယ်ကြက်တောင်ဆပ်ကော်မတီနှင့် ခရိုင်အား/ကာတို့ ပူးပေါင်း၍ု (၆)ကြိမ်မြောက် နွေရာသီကြက်တောင်ရိုက်သင်တန်းနှင့်ပြိုင်ပွဲကျင်းပရာ လူငယ်သင်တန်းသား (၂၅)ဦး တက်ရောက်ကြောင်း သိရသည်။

အဆိုပါသင်တန်းအား မေ လ (၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပပြီး သင်တန်းအပြီးတွင် ပြိုင်ပွဲနှင့် ဂုဏ်ပြုညစာ စားပွဲ၊ ယှဉ်ပြိုင်ဆုပေးအပ်ခြင်းများကို မေ လ(၂၅)ရက် ည(၇)နာရီအချိန်က တာချီလိတ်မြို့ Relax စားသောက်ဆိုင်တွင်း ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

“ရှမ်း/အရှေ့မှာ ဒီလို လူငယ်တွေကို ကောင်းကောင်းမွန်မွန်သင်ကြားပေးတာတော့ မတွေ့သေးဘူး။ ရှမ်း/အရှေ့ အနေနဲ့ဆိုရင် တာချီလိတ်မြို့မှာပဲ အစဉ်အမြဲကျင်းပပေးဖြစ်တယ်။ နောက်ပြီး သင်တန်းဆင်းသွားတဲ့ ကလေးငယ်တွေကလည်း တဘက်ထိုင်းနိုင်ငံနှင့် ချစ်ကြည်ရေးပြိုင်ပွဲတွေမှာပါဝင်ယှဉ်ပြိုင်ခဲ့တာတွေလည်း ရှိပါတယ်။ အခုတစ်နှစ်ပြီး တစ်နှစ် သင်တန်းပေးတဲ့အခါမှာ အရင်ကဆို ရန်ကုန်က သင်တန်းဆရာခေါ်ဖြစ်တယ်။ အခုနောက်ပိုင်းမှာတော့ သင်တန်းသားဟောင်းတွေလည်း နည်းပြအဆင့်ထိ တိုးတက်လာပါတယ်။”ဟု တာချီလိတ်မြို့နယ်ကြက်တောင် ဆပ်ကော်မတီမှ ကိုမြင့်သန်းက ပြောသည်။

အဆိုပါသင်တန်းအား ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များ နှင့် သင်တန်းသားမိဘများ၏ ပူးပေါင်းကူညီမှုများကြောင့် အခက်အခဲမရှိကြောင်း သိရသည်။

“တာချီလိတ်မှာ လူငယ်တွေအတွက် နွေရာသီကြက်တောင်သင်တန်းပြုလုပ်ပေးတာ တခြားမြို့နယ်တွေထက် ပိုပြီးခမ်းနားပါတယ်။ တခြားမြို့နယ်တွေမှာ အဲဒီလောက်မဟုတ်ဘူး။”ဟု တာချီလိတ်ခရိုင် အား/ကာမှ အား/ကာမှူး ဦးအေးမင်းထွန်းက ပြောသည်။

တာချီလိတ်မြို့တွင် ယင်းဆပ်ကော်မတီအနဖြေင့် နွေရာသီကြက်တောင်သင်တန်းကို ၂၀၀၉ ခုနှစ်မှစ၍ ကျင်းပပေးနခြေင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~