က်ဳိင္းတံု၌ အမ်ဳိးသား တစ္ဦး မိမိကိုယ္ကိုယ္ လည္လီွး၍ ေသေၾကာင္းၾကံစည္

က်ဳိင္းတံု၌ အမ်ဳိးသား တစ္ဦး မိမိကိုယ္ကိုယ္ လည္လီွး၍ ေသေၾကာင္းၾကံစည္
မေ 16, 2016
By Tachileik News Agency
က်ဳိင္းတံု၊ ေမလ(၁၆)
က်ိဳင္းတံုၿမိဳ႕  ၿမိဳ႕မအားကစားကြင္း၏ သက္သာေစ်းဆိုင္ခန္းရွိ ေမၿမိဳ႕ဦး ဆံသဆိုင္တြင္ အမ်ဳိးသားတစ္ဦး စိတ္ေဖာက္ျပန္ကာ မိမိလည္ပင္းကို မိမိကိုယ္တိုင္ ဓားျဖင့္ လွီးျဖတ္၍ ေသေၾကာင္းၾကံစည္မႈတစ္ခု ယေန႔ ေမလ(၁၆)ရက္ေန႔ ညေန(၄)နာရီ(၄၅)မိနစ္၀န္းက်င္က ျဖစ္ပြားခဲ့ေၾကာင္း က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ သိရသည္။
မိမိလည္ပင္းကို ဓားျဖင့္လွီး၍ ေသေၾကာင္းၾကံစည္သူမွာ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ၀မ္မိုင္တြင္ ေနထုိင္သူ ေအာင္ႏိုင္သူျဖစ္ၿပီး အရိုးအသြား (၁၀)လက္မခန္႔ရွိေသာ စတီးဓားျဖင့္ လွီးျဖတ္ခဲ့ျခင္းျဖစ္ရာ က်ိဳင္းတံုၿမိဳ႕ ႏွလံုးလွပိုင္ရွင္မ်ား (အခမ့ဲ) လူမႈကူညီေရး အသင္းမွ ျပည္သူ႔ေဆးရံုသို႔ အေရးေပၚ ပို႔ေဆာင္ေပးထားၿပီး ေသေၾကာင္းႀကံသူမွာ စိုးရိမ္ရကာ အတြင္းလူနာအျဖစ္ ေဆးကုသမႈ ခံယူလွ်က္ရွိေၾကာင္း သိရသည္။
မိမိကုိယ္ကိုယ္ ေသေၾကာင္းၾကံစည္သူ ေအာင္ႏိုင္သူအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၉၈/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၉ ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္းသိရသည္။
သတင္း။  ။ ဇင္ေအာင္
ဓာတ္ပံု။  ။  ႏွလံုးလွပိုင္ရွင္မ်ား (အခမ့ဲ) လူမႈကူညီေရး အသင္း
.............
ကျိုင်းတုံ၊ မေလ(၁၆)
ကျိုင်းတုံမြို့ မြို့မအားကစားကွင်း၏ သက်သာဈေးဆိုင်ခန်းရှိ မမြေို့ဦး ဆံသဆိုင်တွင် အမျိုးသားတစ်ဦး စိတ်ဖောက်ပြန်ကာ မိမိလည်ပင်းကို မိမိကိုယ်တိုင် ဓားဖြင့် လှီးဖြတ်၍ သေကြောင်းကြံစည်မှုတစ်ခု ယနေ့ မေလ(၁၆)ရက်နေ့ ညနေ(၄)နာရီ(၄၅)မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။
မိမိလည်ပင်းကို ဓားဖြင့်လှီး၍ သေကြောင်းကြံစည်သူမှာ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်တွင် နေထိုင်သူ အောင်နိုင်သူဖြစ်ပြီး အရိုးအသွား (၁၀)လက်မခန့်ရှိသော စတီးဓားဖြင့် လှီးဖြတ်ခဲ့ခြင်းဖြစ်ရာ ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေး အသင်းမှ ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးထားပြီး သေကြောင်းကြံသူမှာ စိုးရိမ်ရကာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။
မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သူ အောင်နိုင်သူအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၉၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်းသိရသည်။
သတင်း။ ဇင်အောင်
ဓာတ်ပုံ။ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေး အသင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~