လိပ်ကျွန်းအမှုတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအတွက် အယူခံစာတင်သွင်းမှု လက်ခံထားရှိ

လိပ်ကျွန်းအမှုတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအတွက် အယူခံစာတင်သွင်းမှု လက်ခံထားရှိ
မေ 23, 2016
By Tachileik News Agency

တာချီလိတ်၊ မေလ(၂၃)
ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသားနှစ်ဦးအမှုအတွက် အယူခံစာကို တရားရုံးလက်ခံ
လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ သေဒဏ်ချ မှတ်ထားခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ အမှုနှင့် ပတ်သက်၍ ဥပဒေပြင်ဆင်နိုင်ရေးအတွက် ယနေ့ မေလ (၂၃)ရက်က မြန်မာ-ထိုင်း ရှေ့နေကောင်စီမှ ဥပဒေပညာရှင်များပူးပေါင်း၍ တရားရုံးသို့ အယူခံစာတင်ထားခြင်းကို လက်ခံလိုက်ကြောင်း သိရသည်။


အယူခံလွှာတင်သွင်းခြင်းကို လက်ခံပြီးပါက ထိုင်းနိုင်ငံဥပဒေအရ အယူခံတရားရုံးဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား (၂) ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ် စီရင်ချက်ချလိုက်ပြီးနောက် ယင်းဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် မြန်မာ - ထိုင်းရှေ့နေကောင်စီမှ ဥပဒေပညာရှင်များ ပူးပေါင်း၍ အယူခံစာ တင်နေခြင်းဖြစ်သည်။

သတင်း။  ။ ဇောင်းညီ

.................

တာချီလိတ်၊ မေလ(၂၃)
ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံနေရသည့် မြန်မာနို်င်ငံသားနှစ်ဦးအမှုအတွက် အယူခံစာကို တရားရုံးလက်ခံ
လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ သေဒဏ်ချ မှတ်ထားခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ အမှုနှင့် ပတ်သက်၍ ဥပဒပြေင်ဆင်နိုင်ရေးအတွက် ယနေ့ မေလ (၂၃)ရက်က မြန်မာ-ထိုင်း ရှေ့နေကောင်စီမှ ဥပဒေပညာရှင်များပူးပေါင်း၍ တရားရုံးသို့ အယူခံစာတင်ထားခြင်းကို လက်ခံလိုက်ကြောင်း သိရသည်။

 “အယူခံ ကိစ္စနဲ့ စာရွက်စာတမ်းတွေကို ရှေ့နေတွေကနေတဆင့် တရားရုံးကို တင်လိုက်ပြီ။”ဟု မြန်မာသံရုံးအလုပ်သမားများ ကူညီစောင့်ရှောက်ရေး ကော်မတီ(MAT)မှ ဦးကျော်သောင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အယူခံစာအား မြန်မာအစိုးရက ဖွဲ့စည်းပေးထားသည့် အထူးကိုယ်စားလှယ်အဖွဲ့၊ ထိုင်းရှေ့နေများကောင်စီ၊ ပြည်ပမှ မှုခင်းပညာရှင်များ၏ အကြံပြုချက်များနှင့် ထင်ရှားသော အယူခံအကြောင်းပြချက် (၁၅)ချက်ပေါ် အခြေခံပြီး ရေးသား ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။
အယူခံလွှာတင်သွင်းခြင်းကို လက်ခံပြီးပါက ထိုင်းနို်င်ငံဥပဒေအရ အယူခံတရားရုံးဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား (၂) ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ် စီရင်ချက်ချလိုက်ပြီးနောက် ယင်းဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် မြန်မာ - ထိုင်းရှေ့နေကောင်စီမှ ဥပဒေပညာရှင်များ ပူးပေါင်း၍ အယူခံစာ တင်နခြေင်းဖြစ်သည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~