မုိင္းျဖတ္ၿမဳိ႕နယ္ ဟာၾကားဒီပ(ေအာက္)ေက်းရြာ၌ ေနအိမ္တစ္လံုး မီးေလာင္ကၽြမ္း

မုိင္းျဖတ္ၿမဳိ႕နယ္ ဟာၾကားဒီပ(ေအာက္)ေက်းရြာ၌ ေနအိမ္တစ္လံုး မီးေလာင္ကၽြမ္း
မေ 1, 2016
By Tachileik News Agency

မိုင္းျဖတ္၊ ေမလ(၁)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၌ မီးေလာင္မႈျဖစ္ပြားၿပီး သက္ငယ္မုိး၊ ၀ါးထရံကာ ေျခတံရွည္ လူေနအိမ္တစ္လံုး မီးေလာင္ျပာက်သြားခဲ့ရေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္၊ အိုက္လံုေက်းရြာအုပ္စု၊ ဟာၾကားဒီပ(ေအာက္)ေက်းရြာရွိ ေနအိမ္တစ္အိမ္တြင္ ဧၿပီလ(၃၀)ရက္ေန႔ ည(၁၁)နာရီက မီးဖိုေဆာင္ရွိ မီးၾကြင္း မီးက်န္မွ တစ္ဆင့္ မီးကူးစက္ေလာင္ကြ်မ္းမႈျဖစ္ပြားရာ ေက်းရြာရွိ ျပည္သူမ်ားမွ ၀ိုင္း၀န္းၿငႇိမ္းသက္ခဲ့ရာ ည(၁၂)နာရီခန္႔တြင္ မီးလံုး၀ၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ လူႏွင့္တိရစာၦန္မ်ား ထိခိုက္ဒဏ္ရာရရွိမႈ မရွိေၾကာင္းႏွင့္ မီးေလာင္မႈႏွင့္ ပတ္သက္၍ အိမ္ရွင္ျဖစ္သူ ဦးအားသဲအား မိုင္းၿဖတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
သတင္း။ ။ ‪#‎ေ၀ယံလင္း‬
*******************

မိုင်းဖြတ်၊ မေလ(၁)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၌ မီးလောင်မှုဖြစ်ပွားပြီး သက်ငယ်မိုး၊ ဝါးထရံကာ ခြေတံရှည် လူနေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့ရကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ အိုက်လုံကျေးရွာအုပ်စု၊ ဟာကြားဒီပ(အောက်)ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဧပြီလ(၃၀)ရက်နေ့ ည(၁၁)နာရီက မီးဖိုဆောင်ရှိ မီးကြွင်း မီးကျန်မှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားရာ ကျေးရွာရှိ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသက်ခဲ့ရာ ည(၁၂)နာရီခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရစာ္ဆန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဦးအားသဲအား မိုင်းဖြတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း။ေဝယံလင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~