Update News

နယ္သာလန္ရဲ႕ဗင္းနစ္လို႔ တင္စားထားတဲ့ နတ္သမီးပံုျပင္ထဲက ရြာကေလး










ဘာသာျပန္၊ ေမလ(၁၃)
တူးေျမာင္းေတြနဲ႔ လွပတဲ့ ဗင္းနစ္ၿမိဳ႕လို လွပတဲ့ေက်းရြာေလးတစ္ရြာကို နယ္သာလန္ႏုိင္ငံမွာ ေတြ႕ႏုိင္ပါတယ္။

ဒီရြာေလးမွာ တူးေျမာင္းေတြကေန ေလွေတြနဲ႔ပဲသြားၾကၿပီး တျခားကားလမ္းေတြလည္း မရိွပါဘူး။ အထပ္ျမင့္ အိမ္ေတြလည္း မရိွတဲ့ ဒီရြာေလးမွာ အကယ္၍ တူးေျမာင္းကို ျဖတ္သန္းဖို႔ဆိုရင္ သစ္သား တံတားေတြကေန သြားလာၾကပါတယ္။ စာပို႔သမားကလည္း ေလွနဲ႔စာလိုက္ပို႔ေပးတာျဖစ္ပါတယ္။

ဒီေဒသမွာ အေျခခ်ေနထိုင္သူ (၂၆၀၀)ေလာက္ရိွၿပီး ေဆာင္းရာသီမွာဆိုရင္ေတာ့ ေရလမ္းေၾကာင္းအတိုင္း ေရခဲျပင္စကိတ္လည္း စီးလို႔ရပါတယ္။

အံ့ၾသစရာေကာင္းလွတဲ့ ဒီရြာေလးထဲက ေလးမိုင္ေလာက္ရွည္တဲ့ တူးေျမာင္းဟာ ၁၈ ရာစုေလာက္မွာ ဒီေဒသမွာ အေျခခ်ခ်င္ၾကတဲ့ ခရီးသြားေတြက စတင္ေဖါက္လုပ္ခဲ့တာလို႔ သိရပါတယ္။

သူတို႔ေတြဟာ ေဒသတြင္း ဆူညံသံေတြ ကင္းေစဖို႔ ကားလမ္းေတြမရိွေစဘဲ လမ္းေလွ်ာက္တာ၊ စက္ဘီးနဲ႔ သြားလာတာ ဒါမွမဟုတ္ ေလွငယ္ေလးေတြနဲ႔ပဲ သြားလာႏုိင္ေအာင္ လုပ္ေဆာင္ခဲ့ၾကတာပါ။ ေဒသတြင္းက လူေတြကေတာ့ နယ္သာလန္ရဲ႕ ဗင္းနစ္လို႔ ဒီေဒသေလးကို အမည္ေပးထားၾကပါတယ္။

အိုဗာရီဂ်က္ဆဲလ္ျပည္နယ္အတြင္းမွာ တည္ရိွတဲ့ ဒီေဒသကို AD ၁၂၃၀ ေလာက္က ေျမထဲပင္လယ္ေဒသကလာတဲ့ ေဒသခံေတြက ရွာေဖြေတြ႕ရိွခဲ့တာပါ။ ဒီေနာက္မွာေတာ့ ေဒသတြင္း ဆက္သြယ္ေရးအတြက္ တူးေျမာင္းကို ဘုန္းေတာ္ႀကီးေတြက ဦးစီးေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။

ဘာသာျပန္။  ။ ဇာႏွင္းထိုက္
Ref; dailymail
..............

ဘာသာပြန်၊ မေလ(၁၃)
တူးမြောင်းတွေနဲ့ လှပတဲ့ ဗင်းနစ်မြို့လို လှပတဲ့ကျေးရွာလေးတစ်ရွာကို နယ်သာလန်နိုင်ငံမှာ တွေ့နိုင်ပါတယ်။

ဒီရွာလေးမှာ တူးမြောင်းတွေကနေ လှေတွေနဲ့ပဲသွားကြပြီး တခြားကားလမ်းတွေလည်း မရှိပါဘူး။ အထပ်မြင့် အိမ်တွေလည်း မရှိတဲ့ ဒီရွာလေးမှာ အကယ်၍ တူးမြောင်းကို ဖြတ်သန်းဖို့ဆိုရင် သစ်သား တံတားတွေကနေ သွားလာကြပါတယ်။ စာပို့သမားကလည်း လှေနဲ့စာလိုက်ပို့ပေးတာဖြစ်ပါတယ်။

ဒီဒေသမှာ အခြေချနေထိုင်သူ (၂၆၀၀)လောက်ရှိပြီး ဆောင်းရာသီမှာဆိုရင်တော့ ရေလမ်းကြောင်းအတိုင်း ရေခဲပြင်စကိတ်လည်း စီးလို့ရပါတယ်။

အံ့သြစရာကောင်းလှတဲ့ ဒီရွာလေးထဲက လေးမိုင်လောက်ရှည်တဲ့ တူးမြောင်းဟာ ၁၈ ရာစုလောက်မှာ ဒီဒေသမှာ အခြေချချင်ကြတဲ့ ခရီးသွားတွေက စတင်ဖောက်လုပ်ခဲ့တာလို့ သိရပါတယ်။

သူတို့တွေဟာ ဒေသတွင်း ဆူညံသံတွေ ကင်းစေဖို့ ကားလမ်းတွေမရှိစေဘဲ လမ်းလျှောက်တာ၊ စက်ဘီးနဲ့ သွားလာတာ ဒါမှမဟုတ် လှေငယ်လေးတွေနဲ့ပဲ သွားလာနိုင်အောင် လုပ်ဆောင်ခဲ့ကြတာပါ။ ဒေသတွင်းက လူတွေကတော့ နယ်သာလန်ရဲ့ ဗင်းနစ်လို့ ဒီဒေသလေးကို အမည်ပေးထားကြပါတယ်။

အိုဗာရီဂျက်ဆဲလ်ပြည်နယ်အတွင်းမှာ တည်ရှိတဲ့ ဒီဒေသကို AD ၁၂၃၀ လောက်က မြေထဲပင်လယ်ဒေသကလာတဲ့ ဒေသခံတွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီနောက်မှာတော့ ဒေသတွင်း ဆက်သွယ်ရေးအတွက် တူးမြောင်းကို ဘုန်းတော်ကြီးတွေက ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဘာသာပြန်။ ဇာနှင်းထိုက်
Ref; dailymail
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »