မေလ(၁၆)ရက်မှ စ၍ တာချီလိတ်၌ မြန်မာ - ထိုင်း ကုန်စည်ပြပွဲ (၇)ရက်တိတိ ကျင်းပမည်

မေလ(၁၆)ရက်မှ စ၍ တာချီလိတ်၌ မြန်မာ - ထိုင်း ကုန်စည်ပြပွဲ (၇)ရက်တိတိ ကျင်းပမည်
မေ 15, 2016
By Tachileik News Agency

တာချီလိတ်၊ မေလ(၁၅)

မေလ(၁၆)ရက်နေ့မှ စ၍ မြန်မာ - ထိုင်း ကုန်စည်ပြပွဲအား (၇)ရက်တိတိ ကျင်းပပြုလုပ်မည်ရန်အတွက် မေလ(၁၅)ရက်နေ့တွင် အပြီးသတ်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။


............

တာချီလိတ်၊ မေလ(၁၅)

မေလ(၁၆)ရက်နေ့မှ စ၍ မြန်မာ - ထိုင်း ကုန်စည်ပြပွဲအား (၇)ရက္တိတိ ကျင်းပပြုလုပ်မည်ရန်အတွက် မေလ(၁၅)ရက်နေ့တွင် အပြီးသတ်ပြင်ဆင်နပြေီဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းရှိ ဟုတ်တက်မင်္ဂလာခန်းမ၌ မြန်မာ - ထိုင်း ကုန်စည်ပြပွဲအဖြစ် မေလ(၁၆)ရက်နေ့မှ မေလ(၂၂)ရက်နေ့အထိ (၇)ရက်တိတိ ဖွင့်လှစ်ကာ ရောင်းချသွားမှာ ဖြစ်သည်။

တာချီလိတ်မှ UBH Company Limited နှင့် ချင်းရိုင်းခရိုင်ကုန်သည်ကြီးများအသင်း တို့ ပူးပေါင်း ကျင်းပသည့် မြန်မာ - ထိုင်း ကုန်စည်ပြပွဲတွင် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းမျိုးစုံလာရောက် ပြသရောင်းချသွားမှာ ဖြစ်ကြောင်း နှင့် ဖွင့်ပွဲအား မေလ(၁၈)ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာ ဖြစ်သည့်အပြင် ဖွင့်လှစ်ရောင်းချချိန်ကို နေ့စဉ် နံနက်(၁၀)နာရီမှ ည(၇)နာရီအချိန်ထိ သတ်မှတ်ကာ ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net