ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများကို ဓမ္မာရုံအတွင်း ခေါ်ဆောင်ကာ အသိပညာပေး

ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများကို ဓမ္မာရုံအတွင်း ခေါ်ဆောင်ကာ အသိပညာပေး
မေ 17, 2016
By Tachileik News Agency

နမ့်စန်၊ မေလ(၁၇)ရက်

ဆို်င်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူများအား ရပ်တန့်ပြီး နမ့်စန်မြို့လယ်ဓမ္မာရုံတွင်း ၀င်ရောက်စေပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်းနှင့်ပတ်သက်သည့် ဥပဒေများ၊ ယာဉ်တိုက်မှုများ အကြောင်းနှင့် ဆိုင်ကယ်ဦးထုပ်ဆောင်းရာတွင် မေးသိုင်းကြိုး တပ်ဆင်ရန်လိုအပ်ကြောင်းများကို ပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ရက်(၁၀၀)စီမံချက်အဖြစ် ယာဉ်တိုက်မှု အန္တရာယ်များ ကျဆင်းရန် ပြည်သူများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများ သိရှိနားလည်စေရန် အတွက် စည်းရုံးဆောင်ရွက်ခြင်းဖြစ်ရာ ဆိုင်ကယ်စီးနင်းရာတွင် ဦးထုပ်မဆောင်းဘဲ စီးနင်းသူ (၃၀)ခန့်တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း။  ။ သန်းစိုးအောင်
......................

နမ့်စန်၊ မေလ(၁၇)ရက်
နမ့်စန်မြို့တွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသည့် ဆိုင်ကယ်စီးနင်းသူများအား မေလ(၁၆)ရက်နေ့က ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရပ်တန့်ကာ ဓမ္မာရုံအတွင်းသို့ ခေါ်ဆောင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများဆိုင်ရာ အသိပညာပေးအဖြစ် စည်းရုံး ဟောပြောခဲ့ကြောင်း သိရသည်။

ဆို်င်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူများအား ရပ်တန့်ပြီး နမ့်စန်မြို့လယ်ဓမ္မာရုံတွင်း ဝင်ရောက်စပြေီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်းနှင့်ပတ်သက်သည့် ဥပဒေများ၊ ယာဉ်တိုက်မှုများ အကြောင်းနှင့် ဆိုင်ကယ်ဦးထုပ်ဆောင်းရာတွင် မေးသိုင်းကြိုး တပ်ဆင်ရန်လိုအပ်ကြောင်းများကို ပြောကြားခဲ့ကြောင်း သိရသည်။

"အဓိကတော့ ယာဉ်တိုက်မှုဖြစ်လို့ သေရင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းတဲ့သူတွေများတယ်၊ ဦးထုပ်ဆောင်းရင်လဲ မေးသိုင်းကြိုးတပ်ဖို့လိုတယ် ဒါကိုရှင်းပြတာပါ၊ နောက်ထပ် ယာဉ်မောင်းရင် ယာဉ်မောင်းလိုင်စင်လိုတယ်၊ ဒါတွေလုပ်ထားဖို့၊ အကွေ့တွေမှာ မီးအချက်ပြတွေလုပ်ဖို့လဲပါတယ်"ဟု နမ့်စန်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် အောင်ဇော်မြင့်က ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ရက်(၁၀၀)စီမံချက်အဖြစ် ယာဉ်တိုက်မှု အန္တရာယ်များ ကျဆင်းရန် ပြည်သူများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများ သိရှိနားလည်စေရန် အတွက် စည်းရုံးဆောင်ရွက်ခြင်းဖြစ်ရာ ဆိုင်ကယ်စီးနင်းရာတွင် ဦးထုပ်မဆောင်းဘဲ စီးနင်းသူ (၃၀)ခန့်တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြနေ့်ဝပေးခဲ့ကြောင်း သိရသည်။

သတင်း။ သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~