တာေလအ၀င္ နတ္စင္ေရွ႕၌ ယာဥ္တစ္စီးတိမ္းေမွာက္

တာေလအ၀င္ နတ္စင္ေရွ႕၌ ယာဥ္တစ္စီးတိမ္းေမွာက္
မေ 8, 2016
By Tachileik News Agency

တာေလ၊ ေမလ(၈)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕အ၀င္၌ ေမာ္ေတာ္ယာဥ္တစ္စီး အရွိန္လြန္ တိမ္းေမွာက္ၿပီး ယာဥ္ေပၚတြင္ ပါလာသည့္ လူ(၂)ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

မိုင္းျဖတ္ မွ တာေလအ၀င္ နတ္စင္ေရွ႕တြင္ ေမလ(၈)ရက္ နံနက္(၁၁)နာရီ၀န္းက်င္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ထိခိုက္ဒဏ္ရာ ရရွိသူ (၂)ဦးကို တာေလေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း ႏွင့္ အရွိန္လြန္ၿပီး တိမ္းေမွာက္သြားသည့္ ယာဥ္အမ်ဳိးအစားမွာ Vigo အနက္ေရာင္ျဖစ္ေၾကာင္း သိရသည္။

"အဲ့နားမွာက လမ္းဖာထားၿပီးေတာ့ အသံုးျပဳထားတဲ့ ေက်ာက္ေတြေၾကာင့္ စလစ္ျဖစ္သြားတာလိို႔ သိရတယ္။ အရွိန္လြန္ၿပီး စလစ္ျဖစ္ၿပီးေတာ့ အခုလို ျဖစ္သြားတာပါ"ဟု တာေလေဒသခံ တစ္ဦးက ဆိုသည္။

ယာဥ္ေပၚတြင္ ပါလာသည့္ (၂)ဦးအနက္ တစ္ဦးမွာ စိုးရိမ္ရသည့္အတြက္ တာေလေဆးရံုမွ တဆင့္ တာခ်ီလိတ္ေဆးရံုသို႔ ပို႔ေဆာင္ရန္အတြက္ ျပင္ဆင္ေနေၾကာင္း သိရွိရသည္။

 ..............

တာလေ၊ မေလ(၈)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလမြေို့အဝင်၌ မော်တော်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်ပြီး ယာဉ်ပေါ်တွင် ပါလာသည့် လူ(၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မိုင်းဖြတ် မှ တာလေအဝင် နတ်စင်ရှေ့တွင် မေလ(၈)ရက် နံနက်(၁၁)နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၂)ဦးကို တာလေဆေးရုံသို့ ပို့ဆောင်ထားကြောင်း နှင့် အရှိန်လွန်ပြီး တိမ်းမှောက်သွားသည့် ယာဉ်အမျိုးအစားမှာ Vigo အနက်ရောင်ဖြစ်ကြောင်း သိရသည်။

"အဲ့နားမှာက လမ်းဖာထားပြီးတော့ အသုံးပြုထားတဲ့ ကျောက်တွေကြောင့် စလစ်ဖြစ်သွားတာလို့ သိရတယ်။ အရှိန်လွန်ပြီး စလစ်ဖြစ်ပြီးတော့ အခုလို ဖြစ်သွားတာပါ"ဟု တာလေဒေသခံ တစ်ဦးက ဆိုသည်။

ယာဉ်ပေါ်တွင် ပါလာသည့် (၂)ဦးအနက် တစ်ဦးမှာ စိုးရိမ်ရသည့်အတွက် တာလေဆေးရုံမှ တဆင့် တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ရန်အတွက် ပြင်ဆင်နေကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~