မယ္ဆိုင္၌ တရားမ၀င္အျဖစ္ သိမ္းဆည္းခံရသည့္ ဘတ္ေငြမ်ား အနက္ ဘတ္(၆)သန္း ျပန္လည္ရရိွ

မယ္ဆိုင္၌ တရားမ၀င္အျဖစ္ သိမ္းဆည္းခံရသည့္ ဘတ္ေငြမ်ား အနက္ ဘတ္(၆)သန္း ျပန္လည္ရရိွ
မေ 31, 2016
By Tachileik News Agency

ကိုဇက္ (Tachileik News Agency)
တာခ်ီလိတ္၊ ေမလ(၃၁) ရက္
တာခ်ီလိတ္နယ္စပ္ကုန္သည္ႀကီးမ်ားအသင္း ဒု ဥကၠဌ မွ ထိုင္းလုပ္ငန္းရွင္အား အိမ္ေဆာက္ပစၥည္းဖိုး ေငြေပးေခ်မည့္ ထိုင္းဘတ္(၁၁)သန္းကို ထိုင္းရဲတပ္ဖြဲ႕မွ သိမ္းဆည္းထားၿပီး (၆)လေက်ာ္အၾကာတြင္ ထိုင္းဘတ္ေငြ (၆)သန္းအား ျပန္လည္ ေပးအပ္လာေၾကာင္း သိရသည္။

အဆိုပါ ေငြမ်ားမွာ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာ(၉)ရက္ေန႔က ထိုင္းအေကာက္ခြန္ဦးစီးဌာနမွ ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး ႏွစ္ႏိုင္ငံ နယ္ျခားေကာ္မတီႏွင့္ ႏွစ္ဖက္ကုန္သည္ႀကီးမ်ားအသင္းတို႔၏ ညႇိႏွိဳင္းခ်က္ျဖင့္ ထုိင္းဘတ္ေငြ(၆)သန္းအား ယေန႔ ေမလ(၃၁)ရက္ေန႔ တြင္ ထိုင္းအာဏာပိုင္မ်ား ထံမွ ျပန္လည္ေပးအပ္ခဲ့ျခင္း ျဖစ္ေသာ္လည္း က်န္ရွိသည့္ ဘတ္(၅)သန္းအား ႏိုင္ငံေတာ္ဘ႑ာေငြအျဖစ္ တရား၀င္ သိမ္းဆည္း လိုက္ေၾကာင္း သိရသည္။

" ဒီေငြေတြနဲ႔ ပတ္သက္ၿပီး အမွန္တစ္ကယ္ အလုပ္လုပ္ေနသည့္ ေငြမ်ားျဖစ္ၿပီး ေငြေၾကးပိုင္ဆိုင္မႈ ေတြနဲ႔အတူ ခိုင္လံုတဲ့ အေထာက္အထား စာရြက္စာတမ္းေတြ ျပႏိုင္တာရယ္ေၾကာင့္အျပင္ အဆင့္ဆင့္ တင္ျပတဲ့အခါမွာ ဘတ္(၆)သန္း ျပန္ရတာပါ၊ ေငြေၾကးေတြကို သူတို႔ ဥပေဒအရ အကုန္သိမ္းဆည္းလို႕ရၿပီး လူကိုေရာ တရားဥပေဒအရ အေရးယူလို႔ရေပမဲ့ ႏွစ္ႏိုင္ငံ နယ္ျခားေကာ္မတီ အပါအ၀င္ ႏွစ္ဖက္ ကုန္သည္ႀကီးမ်ား အသင္းေရာ၊ တျခားသက္ဆိုင္တဲ့ အဖြဲ႔အစည္းေတြနဲ႔ေရာ အဆင့္ဆင့္ တင္ျပေပးၾကတဲ့ အခါမွာ ထိုင္းဘက္က ေျဖေလ်ာ့ၿပီး အခုလို ေငြတစ္၀က္ေက်ာ္ကို ျပန္ေပးလိုက္တာလို႔ သိရပါတယ္"ဟု ျမန္မာနယ္ျခားေကာ္မတီ(TBC)မွ ကိုသန္းထြန္းေအာင္က ေျပာသည္။

ထိုင္းႏိုင္ငံ၏ အေကာက္ခြန္ဥပေဒအရ ထုိင္းဘတ္ေငြ(၂)သန္းေအာက္သာ နယ္စပ္ဂိတ္မွ သယ္ယူခြင့္ရွိၿပီး ဘတ္(၂)သန္း ထက္ေက်ာ္လြန္ပါက မူးယစ္ေဆး၀ါးႏွင့္ ဆက္စပ္ေသာ တရားမ၀င္ေငြေၾကးအျဖစ္ သိမ္းဆည္း စိစစ္ႏိုင္ခြင့္ရွိေၾကာင္းႏွင့္  တရားမ၀င္ေငြေၾကးစီးဆင္းမႈမ်ားအား တားဆီးႏိုင္ရန္ ထုတ္ျပန္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
...........

ကိုဇက် (Tachileik News Agency)
တာချီလိတ်၊ မေလ(၃၁) ရက်
တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း ဒု ဥက္ကဌ မှ ထိုင်းလုပ်ငန်းရှင်အား အိမ်ဆောက်ပစ္စည်းဖိုး ငွေပေးချေမည့် ထိုင်းဘတ်(၁၁)သန်းကို ထိုင်းရဲတပ်ဖွဲ့မှ သိမ်းဆည်းထားပြီး (၆)လကျော်အကြာတွင် ထိုင်းဘတ်ငွေ (၆)သန်းအား ပြန်လည် ပေးအပ်လာကြောင်း သိရသည်။

အဆိုပါ ငွေများမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ(၉)ရက်နေ့က ထိုင်းအကောက်ခွန်ဦးစီးဌာနမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ နယ်ခြားကော်မတီနှင့် နှစ်ဖက်ကုန်သည်ကြီးများအသင်းတို့၏ ညှိနှိုင်းချက်ဖြင့် ထိုင်းဘတ်ငွေ(၆)သန်းအား ယနေ့ မေလ(၃၁)ရက်နေ့ တွင် ထိုင်းအာဏာပိုင်များ ထံမှ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သော်လည်း ကျန်ရှိသည့် ဘတ်(၅)သန်းအား နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် တရားဝင် သိမ်းဆည်း လိုက်ကြောင်း သိရသည်။

" ဒီငွေတွေနဲ့ ပတ်သက်ပြီး အမှန်တစ်ကယ် အလုပ်လုပ်နေသည့် ငွေများဖြစ်ပြီး ငွေကြေးပိုင်ဆိုင်မှု တွေနဲ့အတူ ခိုင်လုံတဲ့ အထောက်အထား စာရွက်စာတမ်းတွေ ပြနိုင်တာရယ်ကြောင့်အပြင် အဆင့်ဆင့် တင်ပြတဲ့အခါမှာ ဘတ်(၆)သန်း ပြန်ရတာပါ၊ ငွေကြေးတွေကို သူတို့ ဥပဒေအရ အကုန်သိမ်းဆည်းလို့ရပြီး လူကိုရော တရားဥပဒေအရ အရေးယူလို့ရပေမဲ့ နှစ်နိုင်ငံ နယ်ခြားကော်မတီ အပါအဝင် နှစ်ဖက် ကုန်သည်ကြီးများ အသင်းရော၊ တခြားသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ရော အဆင့်ဆင့် တင်ပြပေးကြတဲ့ အခါမှာ ထိုင်းဘက်က ဖြေလျော့ပြီး အခုလို ငွေတစ်ဝက်ကျော်ကို ပြန်ပေးလိုက်တာလို့ သိရပါတယ်"ဟု မြန်မာနယ်ခြားကော်မတီ(TBC)မှ ကိုသန်းထွန်းအောင်က ပြောသည်။

ထိုင်းနိုင်ငံ၏ အကောက်ခွန်ဥပဒေအရ ထိုင်းဘတ်ငွေ(၂)သန်းအောက်သာ နယ်စပ်ဂိတ်မှ သယ်ယူခွင့်ရှိပြီး ဘတ်(၂)သန်း ထက်ကျော်လွန်ပါက မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော တရားမဝင်ငွေကြေးအဖြစ် သိမ်းဆည်း စိစစ်နိုင်ခွင့်ရှိကြောင်းနှင့် တရားမဝင်ငွေကြေးစီးဆင်းမှုများအား တားဆီးနိုင်ရန် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~