ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီမှ အွန်လိုင်းအသုံးပြုကာ ပြည်သူများထံ သတင်းဖြန့်ချိရန် ပြင်ဆင်
ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီမှ အွန်လိုင်းအသုံးပြုကာ ပြည်သူများထံ သတင်းဖြန့်ချိရန် ပြင်ဆင်
မေ 9, 2016
By Tachileik News Agency
တာချီလိတ်၊ မေ(၉)
ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီမှ ရက် (၁၀၀)တွင်း စည်ပင်သာယာရေးကဏ္ဍ ဆောင်ရွက်ရန် ကိစ္စရပ်များအား သိသာထင်ရှားပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန အနေဖြင့် သတင်းထုတ်ပြန်မှုများ အုန်းအုန်းကျွက်ကျွက်ဆောင်ရွက်သွားရန်အတွက် ရှမ်းပြည်နယ်အတွင်းရှိ အငယ်တန်း အင်ဂျင်နီယာ(၂)အဆင့်ထိ Facebook Account များ ဖွင့်လှစ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်စည်ပင်သာယာရေးကော်မတီများအနက် ပထမဦးဆုံးသောအွန်လိုင်းအခြေပြုကာ သတင်းဖြန့်ချိရေးဦးစားပေး လုပ်ဆောင်နေသည်မှာ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီလ(၂၅)ရက်နေ့က တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ရက်(၁၀၀)အတွင်း စည်ပင်သာယာရေး ကဏ္ဍဆောင်ရွက်ရန်ကိစ္စများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်သူကို ဌာန၏ ဆောင်ရွက်ချက်များအား ချပြနိုင်ရန် အတွက် ဌာန၏ သတင်းဖြန့်ချိထုတ်ပြန်ရန် ကိစ္စအား အထူး ဆွေးနွေးခဲ့ပြီးနောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနအနေဖြင့် Website တည်ထောင် ဖွင့်လှစ်သွားပြီး ပြည်သူများ၏ ဆက်သွယ်မေးမြန်းချက်များကို အခြားသတင်းဌာနများနှင့် ချိတ်ဆက်၍ ဆောင်ရွက်သွားရန်အတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီမှ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရသည်။
......................
ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီမှ ရက် (၁၀၀)တွင်း စည်ပင်သာယာရေးကဏ္ဍ ဆောင်ရွက်ရန် ကိစ္စရပ်များအား သိသာထင်ရှားပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန အနဖြေင့် သတင်းထုတ်ပြန်မှုများ အုန်းအုန်းကျွက်ကျွက်ဆောင်ရွက်သွားရန်အတွက် ရှမ်းပြည်နယ်အတွင်းရှိ အငယ်တန်း အင်ဂျင်နီယာ(၂)အဆင့်ထိ Facebook Account များ ဖွင့်လှစ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်အား ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီက ၂၀၁၆ ခုနှစ် မေလ(၃)ရက်နေ့က ထုတ်ပြန်လိုက်တာဖြစ်ပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ ကွပ်ကဲမှုအောက်ရှိ ပြည်နယ်ဌာနခွဲများ၊ မြို့နယ်နှင့်မြို့နယ်ခွဲများမှ စည်ပင်သာယာရေးဌာနများအား အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန်အတွက် ညွှန်ကြားထားကြောင်း သိရသည်။
"ကျွန်တော်တို့ အဖွဲ့အစည်းမှာ ဝန်ထမ်းအင်အား (၁၅၀၀)လောက်ရှိတယ်၊ (၁၅၀၀)လောက်မှာ လောလောဆယ် ၄/၅၀၀လောက်က Facebook ပေါ်မှာ တွေ့ရတော့ အရမ်းနီးကပ်သွားပြီပေါ့၊ အဲ့ဒီအခါ အောက်ခြေက ဘာတွေလုပ်နေလဲဆိုတာကို ကျွန်တော်တို့ လုပ်ထားတဲ့ Group မှာ တင်လာတဲ့အခါ တွေ့နိုင်ပါတယ်။ facebook account တွေမှာလည်း စည်ပင်သာယာရေးဝတ်စုံနဲ့ရိုက်ထားတဲ့ ပုံနဲ့ နာမည်အမှန်တင် ခိုင်းထားတဲ့အတွက် အတုအစစ်ကိုလည်း ခွဲခြားသွားနိုင်ပါတယ်။ သဘောကတော့ ပြန့်ကျဲနေတာကို စုစည်းနိုင်ရန်အတွက်ပါ"ဟု ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ မှ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်စည်ပင်သာယာရေးကော်မတီများအနက် ပထမဦးဆုံးသောအွန်လိုင်းအခြပြေုကာ သတင်းဖြန့်ချိရေးဦးစားပေး လုပ်ဆောင်နေသည်မှာ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီဖြစ်ကြောင်းသိရသည်။
"စည်ပင်သာယာရေး အလုပ်ဆိုတာကလည်း လျှို့ဝှက်ရမဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ပြည်သူတွေဆီ ချပြဖို့တွေ အများကြီးရှိပါတယ်။ အခွန်အကောက်တွေကို ဘယ်လိုကောက်တယ်၊ ကောက်ရတာကို ဘယ်နေရာတွေမှာ ပြန်သုံးနေလဲ ဆိုတာတွေ အပြင် ရေပေးေဝရေးဆိုလည်း အဲ့ဒီရေကို ဘယ်က ယူပြီး ဖြန့်ပေးနေလဲ ဆိုတာတွေ၊ လုပ်ငန်းလိုင်စင်၊ ဈေးကောက်လုပ်စင် ကိစ္စတွေ စသည်ဖြင့်ပေါ့၊ ကျွန်တော်တို့မှာက လုပ်ရတဲ့ ကဏ္ဍတွေကများပြီး လုပ်တဲ့ဟာတွေ အကုန်လုံးက ပြန့်ကျဲနေတော့ စည်ပင်သာယာရေးရဲ့ လုပ်ဆောင်ချက်တွေက ပြည်သူတွကြေားထဲမှာ သိပ်မပေါ်ဘူး၊ အဲ့ဒီအတွက် စုစည်းပြီးတော့ website ထောင်ပြီး မှန်ကန်တိကျတဲ့ သတင်းတွေ ဖော်ပြပေးသွားဖို့ အခုစလုပ်နပြေီ ဖြစ်ပါတယ်"ဟု ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ပြောသည်။
သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး နှင့် အငယ်တန်းအင်ဂျင်နီယာ အဆင့်(၂)အထိ သတ်မှတ်ထားပြီး ဖွင့်လှစ်ပြီးသော Facebook account တွင် စည်ပင်သာယာရေးဌာနဝတ်စုံဖြင့် ရိုက်ထားသော ပုံဖြစ်ရမည့်အပြင် အမည်မှန်အား အင်္ဂလိပ်လို ရေးထားရမှာဖြစ်ပြီး မိမိတို့၏ အကောင့်တွင် လာရောက်ရေးသားသည့် မှတ်ချက်(ကော်မန့်)များသည် အပျက်သဘောဆောင်သော မှတ်ချက်(ကော်မန့်)များဖြစ်နေပါက စိတ်ရှည်သည်းခံရန် ညွှန်ကြားထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ(၂၅)ရက်နေ့က တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ရက်(၁၀၀)အတွင်း စည်ပင်သာယာရေး ကဏ္ဍဆောင်ရွက်ရန်ကိစ္စများ လုပ်ငန်းညှိနှိုင်း အစည်းအေဝး၌ ပြည်သူကို ဌာန၏ ဆောင်ရွက်ချက်များအား ချပြနိုင်ရန် အတွက် ဌာန၏ သတင်းဖြန့်ချိထုတ်ပြန်ရန် ကိစ္စအား အထူးဆွေးနွေးခဲ့ပြီးနောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနအနဖြေင့် Website တည်ထောင် ဖွင့်လှစ်သွားပြီး ပြည်သူများ၏ ဆက်သွယ်မေးမြန်းချက်များကို အခြားသတင်းဌာနများနှင့် ချိတ်ဆက်၍ ဆောင်ရွက်သွားရန်အတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီမှ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~