Update News

နမ့္စန္၌ ႐ွမ္းစာသင္ၾကားမႈမွ ေအာင္ျမင္သူမ်ားအား လက္မွတ္မ်ား ေပးအပ္



နမ့္စန္၊ ေမလ (၁၄) ရက္
႐ွမ္းျပည္နယ္ေတာင္ပုိင္းေဒသ၊ နမ့္စန္ၿမိဳ႕နယ္ ေနာင္ခါးေက်းရြာ ေနာင္ခါးဘုန္းႀကီးေက်ာင္းတြင္ ေႏြရာသီ ေက်ာင္းပိတ္ရက္၌ ယဥ္ေက်းမႈသင္တန္းႏွင့္ ႐ွမ္းစာသင္တန္းဆင္းပြဲတြင္ သင္တန္းဆင္းသည့္ ကေလး (၆၃)ဦးအား  ေမလ(၁၃)ရက္ေန႔ ည(၇)နာရီအခ်ိန္ကလက္မွတ္ေပးအပ္ပြဲျပဳလုပ္၍ ဂုဏ္ျပဳလိုက္ေၾကာင္း သိရသည္။


“ယဥ္ေက်းမႈသင္တန္း သင္ၾကားပုိ႔ခ်ျခင္းျဖင့္ ကေလးေတြက လိမၼာယဥ္ေက်းလာမယ္။ ဘာသာတရားကုိ ပုိၿပီး အေလးထားလာမယ္။ ကေလးေတြလည္း ဒီသင္တန္းတက္ျခင္းျဖင့္ ဗဟုသုတေတြ ပုိရ႐ွိေစတာေၾကာင့္ ႐ွမ္းဘာသာလုိ ပုိ႔ခ်တာပါ”ဟု  ေက်ာင္းထုိင္ဆရာေတာ္ ဦးဣဒၶိ၀ရက မိန႔္သည္။

႐ွမ္းစာေပကို (၁)တန္္းမွ (၅)တန္းအထိ သင္ၾကားပို႔ခ်ေပးျခင္းျဖစ္ေၾကာင္း အဆိုပါသင္တန္းမွ ဆရာမနန္းေမြေခါင္က ေျပာသည္။

ယဥ္ေက်းမႈသင္တန္းႏွင့္႐ွမ္းစာသင္တန္းတြင္ သင္တန္းသားေပါင္း (၆၃)ဦးအား ဆရာမ (၃)ေယာက္က သင္ၾကားေပးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း ။  ။သန္းစိုးေအာင္(နမ့္စန္)
..................

နမ့်စန်၊ မေလ (၁၄) ရက်
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ နမ့်စန်မြို့နယ် နောင်ခါးကျေးရွာ နောင်ခါးဘုန်းကြီးကျောင်းတွင် နွေရာသီ ကျောင်းပိတ်ရက်၌ ယဉ်ကျေးမှုသင်တန်းနှင့် ရှမ်းစာသင်တန်းဆင်းပွဲတွင် သင်တန်းဆင်းသည့် ကလေး (၆၃)ဦးအား မေလ(၁၃)ရက်နေ့ ည(၇)နာရီအချိန်ကလက်မှတ်ပေးအပ်ပွဲပြုလုပ်၍ ဂုဏ်ပြုလိုက်ကြောင်း သိရသည်။

“ယဉ်ကျေးမှုသင်တန်း သင်ကြားပို့ချခြင်းဖြင့် ကလေးတွေက လိမ္မာယဉ်ကျေးလာမယ်။ ဘာသာတရားကို ပိုပြီး အလေးထားလာမယ်။ ကလေးတွေလည်း ဒီသင်တန်းတက်ခြင်းဖြင့် ဗဟုသုတတွေ ပိုရရှိစေတာကြောင့် ရှမ်းဘာသာလို ပို့ချတာပါ”ဟု  ကျောင်းထိုင်ဆရာတော် ဦးဣဒ္ဓိဝရက မိန့်သည်။

ရှမ်းစာပေကို (၁)တန်းမှ (၅)တန်းအထိ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း အဆိုပါသင်တန်းမှ ဆရာမနန်းမွေခေါင်က ပြောသည်။

ယဉ်ကျေးမှုသင်တန်းနှင့်ရှမ်းစာသင်တန်းတွင် သင်တန်းသားပေါင်း (၆၃)ဦးအား ဆရာမ (၃)ယောက်က သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။သန်းစိုးအောင်(နမ့်စန်)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »