ရွမ္းျပည္နယ္အတြင္း စာသင္ေက်ာင္း အေရအတြက္ စာရင္းႏွင့္ ေျမျပင္အေျခအေန ကြာဟ

ရွမ္းျပည္နယ္အတြင္း စာသင္ေက်ာင္း အေရအတြက္ စာရင္းႏွင့္ ေျမျပင္အေျခအေန ကြာဟ
မေ 24, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၂၄)ရက္
ရွမ္းျပည္နယ္အတြင္း ေက်းရြာ(၅)ရြာလွ်င္ စာသင္ေက်ာင္း(၂)ေက်ာင္းႏွဳန္းရိွသည္ဟု စာရင္းရိွိေသာ္လည္း လက္ေတြ႕အေျခအေနတြင္ ေက်းရြာ(၅)ရြာလွ်င္ စာသင္ေက်ာင္း(၁)ေက်ာင္းႏွဳန္းသာရွိေသးေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ သိရသည္။

"Data အရၾကည့္ရင္ (၅)ရြာမွာ ေက်ာင္း(၂)ေက်ာင္းရွိတယ္။ တကယ္ေျမျပင္မွာ ကၽြန္ေတာ္ လိုက္ၾကည့္ေတာ့ ေက်းရြာ(၅)ရြာမွ (၁)ေက်ာင္းႏွဳန္းျဖစ္ေနတာေတြ ေတြ႕ရတယ္။ ဒါေတြကို သက္ဆိုင္ရာ ျပည္ေထာင္စု ၀န္ႀကီးဌာနနဲ႔ညိႇႏွိဳင္းၿပီး ဖြင့္လွစ္ႏိုင္ဖို႔စီစဥ္သြားပါမယ္။ ေနာက္တစ္ခုက ေက်ာင္းေဆာင္ လိုအပ္ခ်က္အေနနဲ႔ဆိုရင္ ေက်ာင္းသားအေရအတြက္နဲ႔ ေက်ာင္းေဆာင္မလံုေလာက္လို႔ ခ်ဲ႕ရေတာ့မယ္ ဆိုရင္လည္း ျပည္ေတာင္စု၀န္ႀကီးဌာနရဲ႕ ဘတ္ဂ်က္ျဖစ္တဲ့အတြက္ ထည့္သြင္း ေဆြးေႏြးမႈေတြ လုပ္သြားမွာပါ"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ ျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ေက်ာင္းေဆာင္လံုေလာက္မႈမရွိသည့္ ေက်ာင္း မ်ားျပားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ေက်းရြာေပါင္း (၁၃,၄၆၉)ရြာတည္ရွိၿပီး ပညာသင္ၾကားႏိုင္ေသာ ေက်ာင္းေပါင္း (၅၇၉၆)ေက်ာင္းရွိသည့္အတြက္ စာရင္းဇယားမ်ားအရ ေက်းရြာ(၅)ရြာလွ်င္ ေက်ာင္း(၂)ေက်ာင္း ရွိျခင္းျဖစ္သည္ဟု သိရသည္။

၂၀၁၄ ခုႏွစ္တြင္ ေကာက္ခံခဲ့ေသာ ျမန္မာႏိုင္ငံ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာမ်ား သန္းေခါင္စာရင္းအရ ရွမ္းျပည္နယ္အတြင္း ခရိုင္(၃၄)ခရိုင္ ၿမိဳ႕နယ္ (၈၃)ၿမိဳ႕ရွိၿပီး လူဦးေရစုစုေပါင္း (၅,၈၂၄,၄၃၂)ဦးရွိကာ ၿမိဳ႕ျပေနလူဦးေရစာရင္း(၂၄) ရာခိုင္ႏႈန္းသာရွိ၍  က်န္ရွိေသာ (၇၆) ရာခိုင္ႏႈန္းမွာ ေက်းရြာမ်ားတြင္ ေနထုိင္ေၾကာင္း စစ္တမ္းမ်ားအရသိရသည္။

သတင္း။  ။ ကိုဇက္

.............

တာချီလိတ်၊ မေလ(၂၄)ရက်
ရှမ်းပြည်နယ်အတွင်း ကျေးရွာ(၅)ရွာလျှင် စာသင်ကျောင်း(၂)ကျောင်းနှုန်းရှိသည်ဟု စာရင်းရှိသော်လည်း လက်တွေ့အခြေအနေတွင် ကျေးရွာ(၅)ရွာလျှင် စာသင်ကျောင်း(၁)ကျောင်းနှုန်းသာရှိသေးကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

"Data အရကြည့်ရင် (၅)ရွာမှာ ကျောင်း(၂)ကျောင်းရှိတယ်။ တကယ်မြပြေင်မှာ ကျွန်တော် လိုက်ကြည့်တော့ ကျေးရွာ(၅)ရွာမှ (၁)ကျောင်းနှုန်းဖြစ်နေတာတွေ တွေ့ရတယ်။ ဒါတွေကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနနဲ့ညှိနှိုင်းပြီး ဖွင့်လှစ်နိုင်ဖို့စီစဉ်သွားပါမယ်။ နောက်တစ်ခုက ကျောင်းဆောင် လိုအပ်ချက်အနေနဲ့ဆိုရင် ကျောင်းသားအရေအတွက်နဲ့ ကျောင်းဆောင်မလုံလောက်လို့ ချဲ့ရတော့မယ် ဆိုရင်လည်း ပြည်တောင်စုဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ဖြစ်တဲ့အတွက် ထည့်သွင်း ဆွေးနွေးမှုတွေ လုပ်သွားမှာပါ"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်း ကျောင်းဆောင်လုံလောက်မှုမရှိသည့် ကျောင်း များပြားကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ကျေးရွာပေါင်း (၁၃၄၆၉)ရွာတည်ရှိပြီး ပညာသင်ကြားနိုင်သော ကျောင်းပေါင်း (၅၇၉၆)ကျောင်းရှိသည့်အတွက် စာရင်းဇယားများအရ ကျေးရွာ(၅)ရွာလျှင် ကျောင်း(၂)ကျောင်း ရှိခြင်းဖြစ်သည်ဟု သိရသည်။

၂၀၁၄ ခုနှစ်တွင် ကောက်ခံခဲ့သော မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်စာရင်းအရ ရှမ်းပြည်နယ်အတွင်း ခရိုင်(၃၄)ခရိုင် မြို့နယ် (၈၃)မြို့ရှိပြီး လူဦးရေစုစုပေါင်း (၅၈၂၄၄၃၂)ဦးရှိကာ မြို့ပြနေလူဦးရေစာရင်း(၂၄) ရာခိုင်နှုန်းသာရှိ၍ ကျန်ရှိသော (၇၆) ရာခိုင်နှုန်းမှာ ကျေးရွာများတွင် နေထိုင်ကြောင်း စစ်တမ်းများအရသိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~