တာခ်ီလိတ္ၿမိဳ႕ေပၚ ျဖဴ/နီ မ်ဥ္းၾကားတြင္ ယာဥ္မ်ားရပ္နားပါက ေစာင့္ၾကည့္ကာ အေရးယူမည္

တာခ်ီလိတ္ၿမိဳ႕ေပၚ ျဖဴ/နီ မ်ဥ္းၾကားတြင္ ယာဥ္မ်ားရပ္နားပါက ေစာင့္ၾကည့္ကာ အေရးယူမည္
မေ 30, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ (၃၀)ရက္
တာခ်ီလိတ္ၿမိဳ႕လယ္ လမ္းမေပၚရွိ  ျဖဴ/နီမ်ဥ္းၾကားတြင္ စည္းကမ္းမဲ့ရပ္နားထားေသာ ေမာ္ေတာ္ယာဥ္မ်ားအား လမ္းပိတ္ဆို႔မႈ မျဖစ္ေပၚေစရန္ ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္း ႏွင့္ အမွတ္(၁)တံတားထိပ္ အ၀ိုင္းပတ္အနီးရွိ ျဖဴ/နီ မ်ဥ္းၾကားေပၚတြင္ ယာဥ္မ်ားရပ္နားခြင့္ရွိမွာ မဟုတ္ေတာ့ေၾကာင္း ယာဥ္စည္းကမ္းထိန္းသိမ္းေရးႏွင့္ ႀကီးၾကပ္မႈေကာ္မတီမွ သိရသည္။

"ပညာေပးကာလ ေက်ာ္လြန္သြားရင္ေတာ့ ဖမ္းဆီးမွာပါ။ မေန႔က ဌာနဆိုင္ရာေတြနဲ႔ ပူးေပါင္းၿပီး ပညာေပးေတြ လုိက္လုပ္ေနတယ္။ ယာဥ္ပိုင္ရွင္ေတြ၊ တကၠစီအေမာင္းယာဥ္ေတြလိုက္ၿပီး ပညာေပးၿပီး သြားၿပီ။ ေနာက္ေန႔ေတြကစၿပီး  ဖမ္းဆီးမႈေတြလုပ္ေတာ့မွာပါ။ ဒီေန႔ေတာ့ မိုးရြာလို႔ မလုပ္ျဖစ္ဘူူး"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ေမာ္ေတာ္ယာဥ္ထိန္းသိမ္းေရးႏွင့္ ႀကီးၾကပ္ေရးေကာ္မတီမွ ဥကၠဌ ဦးစ၀္စိုးလင္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕လယ္  ဗိုလ္ခ်ဳပ္လမ္းမတစ္ေလွ်ာက္ ေမ လ(၂၉)ရက္ေန႔တြင္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္ (၁)တံတားအနီးႏွင့္  ဘုရင့္ေနာင္ ႐ုပ္တုပန္းျခံအနီးမွ စည္းကမ္းမဲ့ ျဖဴ/နီမ်ဥ္းၾကားတြင္ ရပ္ထားသည့္ ယာဥ္ပိုင္ရွင္မ်ားအား ယာဥ္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီႏွင့္ ရဲတပ္ဖြဲ႕၀င္မ်ား၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာ၀န္ရွိသူမ်ား ပူးေပါင္း၍ ပညာေပးလုပ္ငန္းမ်ာ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

"ဆိုင္ခန္းဖြင့္ထားတဲ့သူေတြအေနနဲ႔လည္း  ေစ်းဝယ္လာသူပဲျဖစ္ျဖစ္ ၊ ဆိုင္ရွင္ပဲျဖစ္ျဖစ္ ယာဥ္ေတြကို သတ္မွတ္ထားတဲ့ ေနရာေတြမွာပဲရပ္ရမွာပါ။  တကယ္လို႔ စည္းကမ္းမဲ့ရပ္ထားမယ္ဆိုရင္ အေရးယူသြားမွာပါ" ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး  ဦးထြန္းဝင္းေအာင္က လမ္းမအနီးရွိ ဆိုင္ခန္းပိုင္ရွင္မ်ားအား ေျပာသည္။

"ဥပေဒအတုိင္း လုပ္တာေကာင္းပါတယ္ ဒါေပမယ့္ ဥပေဒတစ္ခု၊ တင္းတင္းၾကပ္ၾကပ္ တစ္ခုလုပ္ေတာ့မယ္ဆိုရင္ တစ္ခုေတာ့ေျဖေလွ်ာ့သင့္တယ္၊ မ်ဥ္းနီမွာ မရပ္ရဘူးဆိုရင္ ရပ္စရာ တစ္ေနရာထားေပးဖို႔လိုတယ္၊ ဒါမွမဟုတ္ရင္ ယာဥ္အသံုးျပဳသူေတြ အခက္အခဲျဖစ္မယ္ အခုဒီေန႔ကို ရပ္တဲ့သူေတြက ရပ္ေတာ့ ယာဥ္ထိန္းရဲေတြ လုိက္ၿပီး ေျပာေနတာ ပင္ပန္းေနတာေတြ႕တယ္ မရပ္ရဘူးဆိုဘယ္မွာရပ္ရမလဲ ေမးေတာ့ သူတို႔လဲ ျပစရာမရွိဘူး "ဟု ခ်စ္ၾကည္ေရးအမွတ္(၁)တံတား အနီးေနထိုင္သူ တစ္ဦးက ေျပာသည္။

လက္ရိွတြင္ ပညာေပးကာလ လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး လိုက္နာမႈမရိွပါက အေရးယူမႈမ်ား ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္လုိ႔ သိရသည္။

သတင္း/ဓာတ္ပံု။  ။ ေဇာင္းညီ ၊ ကိုဇက္
.............
တာချီလိတ်၊ မေလ (၃၀)ရက်
တာချီလိတ်မြို့လယ် လမ်းမပေါ်ရှိ ဖြူ/နီမျဉ်းကြားတွင် စည်းကမ်းမဲ့ရပ်နားထားသော မော်တော်ယာဉ်များအား လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရန် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နှင့် အမှတ်(၁)တံတားထိပ် အဝိုင်းပတ်အနီးရှိ ဖြူ/နီ မျဉ်းကြားပေါ်တွင် ယာဉ်များရပ်နားခွင့်ရှိမှာ မဟုတ်တော့ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီမှ သိရသည်။
"ပညာပေးကာလ ကျော်လွန်သွားရင်တော့ ဖမ်းဆီးမှာပါ။ မနေ့က ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ပညာပေးတွေ လိုက်လုပ်နေတယ်။ ယာဉ်ပိုင်ရှင်တွေ၊ တက္ကစီအမောင်းယာဉ်တွေလိုက်ပြီး ပညာပေးပြီး သွားပြီ။ နောက်နေ့တွေကစပြီး ဖမ်းဆီးမှုတွေလုပ်တော့မှာပါ။ ဒီနေ့တော့ မိုးရွာလို့ မလုပ်ဖြစ်ဘူး"ဟု တာချီလိတ်မြို့နယ် မော်တော်ယာဉ်ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးကော်မတီမှ ဥက္ကဌ ဦးစဝ်စိုးလင်းက ပြောသည်။ 
တာချီလိတ်မြို့လယ် ဗိုလ်ချုပ်လမ်းမတစ်လျှောက် မေ လ(၂၉)ရက်နေ့တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၁)တံတားအနီးနှင့် ဘုရင့်နောင် ရုပ်တုပန်းခြံအနီးမှ စည်းကမ်းမဲ့ ဖြူ/နီမျဉ်းကြားတွင် ရပ်ထားသည့် ယာဉ်ပိုင်ရှင်များအား ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ပညာပေးလုပ်ငန်းမျာ လုပ်ဆောင်နေကြောင်း သိရသည်။
"ဆိုင်ခန်းဖွင့်ထားတဲ့သူတွေအနေနဲ့လည်း ဈေးဝယ်လာသူပဲဖြစ်ဖြစ်၊ ဆိုင်ရှင်ပဲဖြစ်ဖြစ် ယာဉ်တွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာပဲရပ်ရမှာပါ။ တကယ်လို့ စည်းကမ်းမဲ့ရပ်ထားမယ်ဆိုရင် အရေးယူသွားမှာပါ" ဟု တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က လမ်းမအနီးရှိ ဆိုင်ခန်းပိုင်ရှင်များအား ပြောသည်။
"ဥပဒေအတိုင်း လုပ်တာကောင်းပါတယ် ဒါပေမယ့် ဥပဒေတစ်ခု၊ တင်းတင်းကြပ်ကြပ် တစ်ခုလုပ်တော့မယ်ဆိုရင် တစ်ခုတော့ဖြေလျှော့သင့်တယ်၊ မျဉ်းနီမှာ မရပ်ရဘူးဆိုရင် ရပ်စရာ တစ်နေရာထားပေးဖို့လိုတယ်၊ ဒါမှမဟုတ်ရင် ယာဉ်အသုံးပြုသူတွေ အခက်အခဲဖြစ်မယ် အခုဒီနေ့ကို ရပ်တဲ့သူတွေက ရပ်တော့ ယာဉ်ထိန်းရဲတွေ လိုက်ပြီး ပြောနေတာ ပင်ပန်းနေတာတွေ့တယ် မရပ်ရဘူးဆိုဘယ်မှာရပ်ရမလဲ မေးတော့ သူတို့လဲ ပြစရာမရှိဘူး "ဟု ချစ်ကြည်ရေးအမှတ်(၁)တံတား အနီးနေထိုင်သူ တစ်ဦးက ပြောသည်။
လက်ရှိတွင် ပညာပေးကာလ လုပ်ဆောင်နခြေင်းဖြစ်ပြီး လိုက်နာမှုမရှိပါက အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရသည်။
သတင်း/ဓာတ်ပုံ။ ဇောင်းညီ၊ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net