ရှမ်းပြည်(အရှေ့ပိုင်း)ရဲတပ်ဖွဲ့၏ ရက်(၁၀၀)စီမံချက်အဖြစ် မူးယစ်ဆေးဝါးတားဆီးရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး လုပ်ဆောင်မည်

ရှမ်းပြည်(အရှေ့ပိုင်း)ရဲတပ်ဖွဲ့၏ ရက်(၁၀၀)စီမံချက်အဖြစ် မူးယစ်ဆေးဝါးတားဆီးရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး လုပ်ဆောင်မည်
မေ 14, 2016
By Tachileik News Agency

ကျိုင်းတုံ၊ မေလ (၁၄) ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများအတွင်း ရက်(၁၀၀)စီမံချက်ဖြင့် မူးယစ်ဆေးဝါး အန္တရာယ် ဝာားဆီးကာကွယ်ရေးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးခြင်းတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


ရဲတပ်ဖွဲ့၏ ရက်(၁၀၀)စီမံချက် (၄)ရပ်အနက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အနေဖြင့် အဓိကလုပ်ငန်း(၂)ခုကို လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ် (၄)ရပ်ထဲမှ တတိယအချက်တွင် နိုင်ငံရေးပြစ်မှုနှင့် အကျဉ်းကျခံနေရသော သူများတွေ အမြန်ဆုံးလွတ်မြောက်နိုင်အောင် ဆောင်ရွက်ရန် ညွှန်ကြားထားသော်လည်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)အနေနှင့် နိုင်ငံရေးနှင့်ပတ်သတ်၍ အမှု ရင်ဆိုင်နေရသူများနှင့် အကျဉ်းကျခံနေရသူများ မရှိကြောင်း ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်(အရှေ့ ပိုင်း)တွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုအနေဖြင့် သိန်းပေါင်း တစ်သိန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ပြီး ထပ်မံ၍ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ဝန်ဆောင်မှုကိုရှေးရှုသော ရဲလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်သူများနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ဇွဲမြတ်
..............

ကျိုင်းတုံ၊ မေလ (၁၄) ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနဖြေင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများအတွင်း ရက်(၁၀၀)စီမံချက်ဖြင့် မူးယစ်ဆေးဝါး အန္တရာယ် ဝါးဆီးကာကွယ်ရေးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးခြင်းတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်မြေအတွင်းက ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ စီမံချက်(၄)ရပ်ထဲက မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်တားဆီးရေးနဲ့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ပညာပေးခြင်းတွေကို အဓိကထား ဆောင်ရွက်သွားပြီးတော့ ဝန်ဆောင်မှုကိုရှေးရှုတဲ့ ရဲလုပ်ငန်းစနစ်ကို အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။"ဟု ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးထွန်းဦးက ပြောသည်။

ရဲတပ်ဖွဲ့၏ ရက်(၁၀၀)စီမံချက် (၄)ရပ်အနက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အနဖြေင့် အဓိကလုပ်ငန်း(၂)ခုကို လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ် (၄)ရပ်ထဲမှ တတိယအချက်တွင် နိုင်ငံရေးပြစ်မှုနှင့် အကျဉ်းကျခံနေရသော သူများတွေ အမြန်ဆုံးလွတ်မြောက်နိုင်အောင် ဆောင်ရွက်ရန် ညွှန်ကြားထားသော်လည်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)အနေနှင့် နိုင်ငံရေးနှင့်ပတ်သတ်၍ အမှု ရင်ဆိုင်နေရသူများနှင့် အကျဉ်းကျခံနေရသူများ မရှိကြောင်း၎င်းက ဆိုသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုအနဖြေင့် သိန်းပေါင်း တစ်သိန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ပြီး ထပ်မံ၍ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ဝန်ဆောင်မှုကိုရှေးရှုသော ရဲလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်သူများနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~