ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ရဲတပ္ဖြဲ႕၏ ရက္(၁၀၀)စီမံကိန္းျဖင့္ လႊတ္ေပးမည့္ ႏုိင္ငံေရးအက်ဥ္းသားမရိွ

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ရဲတပ္ဖြဲ႕၏ ရက္(၁၀၀)စီမံကိန္းျဖင့္ လႊတ္ေပးမည့္ ႏုိင္ငံေရးအက်ဥ္းသားမရိွ
မေ 19, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ေမလ(၁၉)ရက္
ရွမ္းျပည္နယ္ (အေရွ ႔ပိုင္း)ရိွ အက်ဥ္းေထာင္မ်ားတြင္ ႏိုင္ငံေရးအက်ဥ္းသားနွင္႔ ႏိုင္ငံေရးျပစ္မႈနွင္႔ တရားစြဲဆိုခံထားရသူမ်ားမရိွေၾကာင္း ရွမ္းျပည္နယ္ဒုတိယရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီးထြန္းဦးက ေျပာၾကားလိုက္သည္။

"ဟိုးအရင္တုန္းကေတာ႔ နိုင္ငံေရးအက်ဥ္းသားေတြကို ဒီဘက္ေတြမွာ ေထာင္ေျပာင္းေရႊ ႔ ခံရတာေတြရိွတယ္။ ကိုမင္းကိုနိုင္တို႔ ဆိုရင္လည္း ဒီဘက္ေတြကို ေျပာင္းေရႊ ႔ခံရဖူးတယ္။ အခုေတာ႔ ရွမ္းအေရွ ႔ တစ္ခုလုံးမွာ နိုင္ငံေရးအက်ဥ္းသားေရာ ႏိုင္ငံေရးျပစ္မႈေတြနဲ႔ တရားစြဲဆိုခံထားရတဲ့ သူေတြမရိွပါဘူး"ဟု ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီးထြန္းဦးက ေျပာသည္။

ရဲတပ္ဖြဲ႕၏ ရက္(၁၀၀) စီမံခ်က္တြင္ နံပါတ္(၃)အခ်က္အေနျဖင္႔ ႏိုင္ငံေရးအက်ဥ္းသားမ်ားနွင္႔ ႏိုင္ငံေရးျပစ္မႈမ်ားနွင္႔ တရားစြဲဆိုခံထားရသူမ်ားကို လုပ္ထုံးလုပ္နည္းမ်ားႏွင္႔အညီ လႊတ္ေပးရမည္ဟု ပါရွိေသာ္လည္း ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ က်ိဳင္းတံုၿမိဳ႕အက်ဥ္းေထာင္ႏွင့္ မိုင္းဆတ္ၿမိဳ႕ အက်ဥ္းေထာင္တို႔တြင္ လႊတ္ေပးရန္ ႏိုင္ငံေရးအက်ဥ္းသားမရိွျခင္းျဖစ္ေၾကာင္း သိရသည္။

"ရွမ္းအေရွ ႔မွာ အျဖစ္မ်ားဆုံး အမႈက မူးယစ္ေဆးဝါးအမႈေတြပါ။ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ၿပီးေတာ့ မူးယစ္ေဆးဝါး သုံးစြဲမႈ၊ လက္ဝယ္ထားရိွမႈ၊ ျဖန္႔ျဖဴးေရာင္းခ်မႈ ဒါေတြပါ ပါတယ္။ "ဟု ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ႔မွဴး ရဲမွဴးၾကီးထြန္းဦးက ေျပာသည္။

ရွမ္းျပည္နယ္ အေရွ႕ပိုင္းတြင္ ႏိုင္ငံေရးအက်ဥ္းသား၊ ႏိုင္ငံေရးျပစ္မႈျဖင့္ တရားစြဲဆိုခံရမႈ၊ မတရားအသင္း အက္ဥပေဒပုဒ္မ – ၁၇(၁)ျဖင္႔ တရားစြဲဆိုခံရမႈမ်ား မရိိွေၾကာင္းလည္း ၎ထံမွ သိရသည္။

ရွမ္းျပည္နယ္အေရွ ႔ပိုင္းတြင္ ရိွေသာ အက်ဥ္းေထာင္(၂)ခုအနက္ က်ိဳင္းတုံအက်ဥ္းေထာင္တြင္ အက်ဥ္းသားေပါင္း (၁၆၅၀)ႏွင္႔ မိုင္းဆတ္အက်ဥ္းေထာင္မွာမူ ယခုလက္ရိွတြင္ အက်ဥ္းေထာင္(က) အဆင္႔ကိုျမႇင္႔တင္ဆဲျဖစ္သည့္အတြက္ အက်ဥ္းသား (၁၀၀၀)ပင္မရိွေၾကာင္း က်ိဳင္းတံုၿမိဳ႕ ဒုတိယျပည္နယ္ ရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။

ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္႐ံုး၏ ေၾကျငာခ်က္အမွတ္ ၂/၂၀၁၆ ျဖင့္ ျပစ္မႈဆိုင္ရာ က်င့္ထံုးဥပေဒပုဒ္မ (၄၉၄)အရ ႏိုင္ငံေရးအက်ဥ္းသားမ်ား၊ ႏိုင္ငံေရးတက္ၾကြလွဳပ္ရွားသူမ်ား၊ ႏိုင္ငံေရးႏွင့္ ဆက္ႏႊယ္ၿပီး အမႈရင္ဆိုင္ေနရသူမ်ားအား ဧၿပီလ(၈)ရက္ေန႔တြင္ သက္ဆိုင္ရာအက်ဥ္းေထာင္မွ အက်ဥ္းသား (၈၃)ဦးအား လႊတ္ေပးခဲ့ျခင္းျဖစ္သည္။

သတင္း။  ။ ဇြဲျမတ္
........................

ကျိုင်းတုံ၊ မေလ(၁၉)ရက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံရေးပြစ်မှုနှင့် တရားစွဲဆိုခံထားရသူများမရှိကြောင်း ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောကြားလိုက်သည်။

"ဟိုးအရင်တုန်းကတော့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီဘက်တွေမှာ ထောင်ပြောင်းရွှေ့ ခံရတာတွေရှိတယ်။ ကိုမင်းကိုနိုင်တို့ ဆိုရင်လည်း ဒီဘက်တွေကို ပြောင်းရွှေ့ခံရဖူးတယ်။ အခုတော့ ရှမ်းအရှေ့ တစ်ခုလုံးမှာ နိုင်ငံရေးအကျဉ်းသားရော နိုင်ငံရေးပြစ်မှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ သူတွေမရှိပါဘူး"ဟု ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောသည်။

ရဲတပ်ဖွဲ့၏ ရက်(၁၀၀) စီမံချက်တွင် နံပါတ်(၃)အချက်အနဖြေင့် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးပြစ်မှုများနှင့် တရားစွဲဆိုခံထားရသူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်ပေးရမည်ဟု ပါရှိသော်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့အကျဉ်းထောင်နှင့် မိုင်းဆတ်မြို့ အကျဉ်းထောင်တို့တွင် လွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားမရှိခြင်းဖြစ်ကြောင်း သိရသည်။

"ရှမ်းအရှေ့မှာ အဖြစ်များဆုံး အမှုက မူးယစ်ဆေးဝါးအမှုတွေပါ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲမှု၊ လက်ဝယ်ထားရှိမှု၊ ဖြန့်ဖြူးရောင်းချမှု ဒါတွေပါ ပါတယ်။ "ဟု ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးပြစ်မှုဖြင့် တရားစွဲဆိုခံရမှု၊ မတရားအသင်း အက်ဥပဒေပုဒ်မ – ၁၇(၁)ဖြင့် တရားစွဲဆိုခံရမှုများ မရှိကြောင်းလည်း၎င်းထံမှ သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ရှိသော အကျဉ်းထောင်(၂)ခုအနက် ကျိုင်းတုံအကျဉ်းထောင်တွင် အကျဉ်းသားပေါင်း (၁၆၅၀)နှင့် မိုင်းဆတ်အကျဉ်းထောင်မှာမူ ယခုလက်ရှိတွင် အကျဉ်းထောင်(က) အဆင့်ကိုမြှင့်တင်ဆဲဖြစ်သည့်အတွက် အကျဉ်းသား (၁၀၀၀)ပင်မရှိကြောင်း ကျိုင်းတုံမြို့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ကြငြောချက်အမှတ် ၂/၂၀၁၆ ဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၄၉၄)အရ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေရသူများအား ဧပြီလ(၈)ရက်နေ့တွင် သက်ဆိုင်ရာအကျဉ်းထောင်မှ အကျဉ်းသား (၈၃)ဦးအား လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~