တာခ်ီလိတ္ၿမိဳ႕တြင္ ျဖစ္ပြားသည့္ မႈခင္းမ်ားေဖၚထုတ္ရာ၌ အိမ္နီးခ်င္းထိုင္းႏိုင္ငံ၏ ပူးေပါင္းမႈအားနည္း

တာခ်ီလိတ္ၿမိဳ႕တြင္ ျဖစ္ပြားသည့္ မႈခင္းမ်ားေဖၚထုတ္ရာ၌ အိမ္နီးခ်င္းထိုင္းႏိုင္ငံ၏ ပူးေပါင္းမႈအားနည္း
မေ 4, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ (၄) ရက္
ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေသာ မႈခင္းမ်ားအား ေဖာ္ထုတ္ေဆာင္ရြက္ရာတြင္ ထုိင္းႏိုင္ငံ အာဏာပိုင္မ်ားမွ ပူးေပါင္းေဆာင္ရြက္မႈအားနည္းသျဖင့္ အခက္အခဲျဖစ္ရေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

"အခု သႀကၤန္မတုိင္ခင္ မကာဟိုခမ္းရပ္ကြက္မွာျဖစ္သြားတဲ့ ရွိဳ႕မီးကိစၥ ထုိင္းႏိုင္ငံထဲ ေျပးသြားတယ္ဆိုတာ ထိုင္းေတြလည္း သိတယ္။ ဒါကို သူတို႔ဖက္က ကူညီစံုစမ္းမႈေတြ မလုပ္ေပးဘူး။ ဒီလိုပဲ မယ္ဆိုင္ေခ်ာင္း နားမွာ ထိုင္းႏိုင္ငံဘက္ကေန ျမန္မာႏိုင္ငံသားတစ္ဦးကို ေသနတ္နဲ႔ လွမ္းပစ္တာရွိတယ္။ တရားခံကို စံုစမ္းေဖာ္ထုတ္ဖို႔ဆိုတာ သူတို႔ႏိုင္ငံရဲ႕ အခ်ဳပ္အျခာပိုင္နယ္ေျမျဖစ္တဲ့အတြက္ ကၽြန္ေတာ္တို႔ သြားေရာက္ ဖမ္းဆီးလို႔မရဘူး။ ဒါေတြကို သူတို႔ကသာ ကူညီေဆာင္ရြက္ေပးရင္ ျဖစ္တဲ့မႈခင္းေတြ ေပၚမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒု-ရဲမွဴးေက်ာ္သန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္၊ ၿမိဳ႕နယ္ဓမၼာရံုတြင္ ဧၿပီလ(၂၃)ရက္ေန႔က က်င္းပခဲ့ေသာ ၿမိဳ႕မိၿမိဳ႕ဖႏွင့္ ေဒသခံမ်ား ေတြ႕ဆံုပြဲတြင္ မီးရွိဳ႕ထြက္ေျပးသူအား ဖမ္းဆီးရမိျခင္း ရွိ/မရွိကုိ မကာဟိုခမ္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမွ ေမးျမန္းျခင္းအေပၚ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴးက ယင္းကဲ့သို႔ ျပန္လည္ေျဖၾကားျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕သည္ ထုိင္းႏိုင္ငံႏွင့္ ထိစပ္လွ်က္ရွိသျဖင့္ မႈခင္းျဖစ္ပြားပါက က်ဴးလြန္သူသည္ ထုိင္းႏိုင္ငံသို႔ ထြက္ေျပးတိမ္းေရွာင္ေလ့ရွိၿပီး၊ ႏွစ္ႏုိင္ငံနယ္နိမိတ္တြင္ ျဖစ္ပြားေသာ လူသတ္မႈမ်ား၌ ထိုင္းႏိုင္ငံ အာဏာပိုင္မ်ားမွ ပူးေပါင္းေဆာင္ရြက္မႈ အားနည္းျခင္းေၾကာင့္ တရားခံ ေပၚေပါက္မႈ နည္းပါးေနေၾကာင္း၊ ယခင္ လူကုန္ကူးမႈ တစ္ခုတြင္ တရားခံမွာ ထုိင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ေနထုိင္သည္ဟု သတင္းအတိအက် ရေသာ္လည္း ထုိင္းရဲတပ္ဖြဲ႕မွာ ဖမ္းဆီးေပးျခင္း မျပဳဘဲ ေငြေၾကးေတာင္းခံခဲ့ေၾကာင္း၊ ေငြေၾကးေပးမွသာ ထုိင္းမွ ဖမ္းဆီးေပးခဲ့ျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မ စခန္းမွဴးထံမွ သိရသည္။

ျမန္မာ - ထိုင္း နယ္နိမိတ္ေပၚတြင္ ၂၀၁၅ ခုုႏွစ္က ျဖစ္ပြားခဲ့ေသာ (၁၀)ႏွစ္သမီးအရြယ္ ကေလးငယ္အား ႀကိဳးတုပ္၍ ေရေခ်ာင္းအတြင္း လႊင့္ပစ္ခဲ့ေသာအမႈႏွင့္ ၂၀၁၆ ခုႏွစ္ နွစ္ဆန္းပိုင္းက ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံ နယ္နိမိအတြင္းရွိ ျမန္မာႏိုင္ငံသား လူငယ္တစ္ဦးအား ထိုင္းႏိုင္ငံမွ ေရေခ်ာင္းျဖတ္ကူးထြက္ေျပးလာသျဖင့္ ေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ ေသဆံုးခဲ့ေသာ အမႈမ်ားျဖစ္ၿပီး ယေန႔အခ်ိန္ထိ ေဖာ္ထုတ္ဖမ္းဆီးႏုိင္ျခင္း မရွိေသးေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစန္းတြင္ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီ လမွ မတ္ လအတြင္း အမႈႀကီး(၁၀)မ်ိဳးတြင္ လူသတ္မႈ(၃)မႈ၊ မုဒိမ္းမႈ(၁)ႏွင့္ အျခားအမႈ (၁၀)မ်ိဳးတြင္ မႈခင္း(၇၂)မႈ၊ ႀကိဳတင္ကာကြယ္မႈ (၅၆)မႈ အေရးယူေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

သတင္း။ ။ ‪#‎ကိုဇက္‬
.................

တာချီလိတ်၊ မေလ (၄) ရက်
မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် ဖြစ်ပွားခဲ့သော မှုခင်းများအား ဖော်ထုတ်ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံ အာဏာပိုင်များမှ ပူးပေါင်းဆောင်ရွက်မှုအားနည်းသဖြင့် အခက်အခဲဖြစ်ရကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"အခု သင်္ကြန်မတိုင်ခင် မကာဟိုခမ်းရပ်ကွက်မှာဖြစ်သွားတဲ့ ရှို့မီးကိစ္စ ထိုင်းနိုင်ငံထဲ ပြေးသွားတယ်ဆိုတာ ထိုင်းတွေလည်း သိတယ်။ ဒါကို သူတို့ဖက်က ကူညီစုံစမ်းမှုတွေ မလုပ်ပေးဘူး။ ဒီလိုပဲ မယ်ဆိုင်ချောင်း နားမှာ ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံသားတစ်ဦးကို သေနတ်နဲ့ လှမ်းပစ်တာရှိတယ်။ တရားခံကို စုံစမ်းဖော်ထုတ်ဖို့ဆိုတာ သူတို့နိုင်ငံရဲ့ အချုပ်အခြာပိုင်နယ်မြဖြေစ်တဲ့အတွက် ကျွန်တော်တို့ သွားရောက် ဖမ်းဆီးလို့မရဘူး။ ဒါတွေကို သူတို့ကသာ ကူညီဆောင်ရွက်ပေးရင် ဖြစ်တဲ့မှုခင်းတွေ ပေါ်မှာပါ"ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးကျော်သန်းက ပြောသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မြို့နယ်ဓမ္မာရုံတွင် ဧပြီလ(၂၃)ရက်နေ့က ကျင်းပခဲ့သော မြို့မိမြို့ဖနှင့် ဒေသခံများ တွေ့ဆုံပွဲတွင် မီးရှို့ထွက်ပြေးသူအား ဖမ်းဆီးရမိခြင်း ရှိ/မရှိကို မကာဟိုခမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မေးမြန်းခြင်းအပေါ် တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးက ယင်းကဲ့သို့ ပြန်လည်ဖြကြေားခြင်းဖြစ်သည်။

တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် ထိစပ်လျှက်ရှိသဖြင့် မှုခင်းဖြစ်ပွားပါက ကျူးလွန်သူသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လေ့ရှိပြီး၊ နှစ်နိုင်ငံနယ်နိမိတ်တွင် ဖြစ်ပွားသော လူသတ်မှုများ၌ ထိုင်းနိုင်ငံ အာဏာပိုင်များမှ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် တရားခံ ပေါ်ပေါက်မှု နည်းပါးနေကြောင်း၊ ယခင် လူကုန်ကူးမှု တစ်ခုတွင် တရားခံမှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် နေထိုင်သည်ဟု သတင်းအတိအကျ ရသော်လည်း ထိုင်းရဲတပ်ဖွဲ့မှာ ဖမ်းဆီးပေးခြင်း မပြုဘဲ ငွေကြေးတောင်းခံခဲ့ကြောင်း၊ ငွေကြေးပေးမှသာ ထိုင်းမှ ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မ စခန်းမှူးထံမှ သိရသည်။

မြန်မာ - ထိုင်း နယ်နိမိတ်ပေါ်တွင် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သော (၁၀)နှစ်သမီးအရွယ် ကလေးငယ်အား ကြိုးတုပ်၍ ရေချောင်းအတွင်း လွှင့်ပစ်ခဲ့သောအမှုနှင့် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ နယ်နိမိအတွင်းရှိ မြန်မာနိုင်ငံသား လူငယ်တစ်ဦးအား ထိုင်းနိုင်ငံမှ ရေချောင်းဖြတ်ကူးထွက်ပြေးလာသဖြင့် သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးခဲ့သော အမှုများဖြစ်ပြီး ယနေ့အချိန်ထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း မြို့မရဲစခန်းမှ သိရသည်။

တာချီလိတ်မြို့မရဲစန်းတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီ လမှ မတ် လအတွင်း အမှုကြီး(၁၀)မျိုးတွင် လူသတ်မှု(၃)မှု၊ မုဒိမ်းမှု(၁)နှင့် အခြားအမှု (၁၀)မျိုးတွင် မှုခင်း(၇၂)မှု၊ ကြိုတင်ကာကွယ်မှု (၅၆)မှု အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း။ ‪#‎ကိုဇက်‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~