■အရြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား စစ္မႈထမ္းျခင္းမွ ကာကြယ္တားဆီး ထိန္းသိမ္းေရး ေကာ္မတီ ဖြဲ႔စည္းျခင္း■

■အရြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား စစ္မႈထမ္းျခင္းမွ ကာကြယ္တားဆီး ထိန္းသိမ္းေရး ေကာ္မတီ ဖြဲ႔စည္းျခင္း■
မေ 12, 2016
By Tachileik News Agency
ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္
ႏုိင္ငံေတာ္သမၼတရုံး
အမိန္႔ေၾကာ္ျငာစာ
အမွတ္၊ ၁၇ / ၂၀၁၆
၁၃၇၈ ခုနွစ္၊ ကဆုန္လဆန္း ၅ ရက္
(၂၀၁၆ ခုနွစ္၊ ေမလ ၁၁ ရက္)
အရြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား စစ္မႈထမ္းျခင္းမွ ကာကြယ္တားဆီး ထိန္းသိမ္းေရး ေကာ္မတီ ဖြဲ႔စည္းျခင္း

၁။ အရြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား စစ္မႈထမ္းျခင္းမွ ကာကြယ္ တားဆီးထိန္းသိမ္းရန္ အတြက္ “ အရြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား စစ္မႈထမ္းျခင္းမွ ကာကြယ္တားဆီး ထိန္းသိမ္းေရး ေကာ္တီကို” ကို ေအာက္ပါပုဂၢိဳလ္မ်ားျဖင့္ ဖြဲ႔စည္းလိုက္သည္။

(က) ျပည္ေထာင္စုဝန္ႀကီး
ကာကြယ္ေရးဝန္ႀကီးဌာန ဥကၠ႒

(ခ) စစ္ဥပေဒခ်ဳပ္
စစ္ဥပေဒခ်ဳပ္ရုံး အဖြဲ႔ဝင္

(ဂ) ဒုတိယဝန္ႀကီး
ႏုိင္ငံျခားေရးဝန္ႀကီးဌာန အဖြဲ႔ဝင္

(ဃ) ဒုတိယဝန္ႀကီး
ျပည္ထဲေရးဝန္ႀကီးဌာန အဖြဲ႔ဝင္

(င) ဒုတိယေရွ႕ေနခ်ဳပ္
ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရုံး အဖြဲ႔ဝင္

(စ) တြဲဖက္စစ္ေရးခ်ဳပ္
စစ္ေရးခ်ဳပ္ရုံး အဖြဲ႔ဝင္

(ဆ) ဒုတိယတပ္မေတာ္ ေလ့က်င့္ေရး အရာရွိခ်ဳပ္
တပ္မေတာ္ေလ့က်င့္ေရးအရာရွိခ်ဳပ္ရုံး အဖြဲ႔ဝင္

(ဇ) အၿမဲတမ္းအတြင္းဝန္
ျပန္ၾကားေရးဝန္ႀကီးဌာန အဖြဲ႔ဝင္

(စ်) အၿမဲတမ္းအတြင္းဝန္
အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန အဖဲြ႔ဝင္

(ည) အၿမဲတမ္းအတြင္းဝန္
လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရးဝန္ႀကီးဌာန အဖဲြ႔ဝင္

(ဋ) ဒုတိယစစ္ဥပေဒခ်ဳပ္
စစ္ဥပေဒခ်ဳပ္ရံုး အတြင္းေရးမွဴး

(ဍ) ညႊန္ၾကားေရးမွဴး
တပ္အင္အားျဖည့္တင္းေရး ညႊန္ၾကားေရးမွဴးရံုး တဲြဖက္အတြင္းေရးမွဴး

၂။ အရြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား စစ္မႈထမ္းျခင္းမွ ကာကြယ္ တားဆီး ထိန္းသိမ္းေရး ေကာ္မတီ၏ လုပ္ငန္းတာဝန္မ်ားမွာ ေအာက္ပါတိုင္းျဖစ္သည္။

(က) တပ္မေတာ္စစ္သား စုေဆာင္းေရးတပ္မ်ား၊ တပ္ဌာနခ်ဳပ္မ်ား၊ လက္ရံုး/ဝန္ထမ္း တပ္ဖဲြ႔မ်ား အေနျဖင့္ တပ္သားသစ္မ်ား စုေဆာင္းေရး ေဆာင္ရြက္ရာတြင္ သတ္မွတ္ထားသည့္ အမိန္႔/ ညႊန္ၾကားခ်က္၊ စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္ ကိုက္ညီမႈရွိေအာင္ ၾကပ္မတ္စိစစ္ရန္။

(ခ) သတ္မွတ္ညႊန္ၾကားခ်က္ႏွင့္အညီ စုေဆာင္းရရွိေသာ တပ္သားသစ္မ်ားအား စစ္အေျခခံေလ့က်င့္ေရးတပ္မ်ား၏ သင္တန္းေရြးခ်ယ္ စိစစ္ေရး ဘုတ္အဖဲြ႔မွ လာေရာက္ေရြးခ်ယ္မႈကို ၾကပ္မတ္ရန္။

(ဂ) မိမိသေဘာဆႏၵအေလွ်ာက္ တပ္မေတာ္တြင္ စစ္မႈထမ္းရန္ လာေရာက္စာရင္း သြင္းေသာ လူငယ္မ်ားထဲမွ သတ္မွတ္ထားေသာ အမိန္႔၊ ညႊန္ၾကားခ်က္မ်ားႏွင့္ ကိုက္ညီမႈ မရွိသူမ်ားအား လက္ခံစာရင္းသြင္းျခင္း မျပဳရန္။

(ဃ) စနစ္တက် ေရြးခ်ယ္စိစစ္ၿပီးေသာ တပ္သားသစ္မ်ားအား စစ္အေျခခံ ေလ့က်င့္ေရးတပ္မ်ား၌ ေလ့က်င့္သင္ၾကားေနခ်ိန္တြင္ လည္းေကာင္း၊ စစ္မႈထမ္းေဆာင္ေနခ်ိန္တြင္လည္းေကာင္း အသက္ (၁၈) ႏွစ္ မျပည့္သူမ်ား၊ ဆႏၵ မရွိသူမ်ားအား စိစစ္ေတြ႔ရွိပါက မိဘအုပ္ထိန္းသူထံ ျပန္လည္ လႊဲေျပာင္းအပ္ႏွံေရး ေဆာင္ရြက္ရန္။

(င) ေကာ္မတီသည္ ကုလသမဂၢအဖဲြ႔အစည္းမ်ားျဖစ္ေသာ UNICEF, UNDP အဖဲြ႔အစည္းမ်ားႏွင့္ အျပည္ျပည္ဆုိင္ရာ ၾကက္ေျခနီေကာ္မတီအဖဲြ႔မ်ားမွ ဌာေနကိုယ္စားလွယ္မ်ားႏွင့္ ပူးေပါင္းပါဝင္ ေဆာင္ရြက္မႈ ပိုမိုက်ယ္ျပန္႔ လာေအာင္ ေဆာင္ရြက္ရန္။

(စ) ကေလးသူငယ္ေစာင့္ေရွာက္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနသည့္ လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာနႏွင့္ ေပါင္းစပ္ ညႇိႏိႈင္းၿပီး ေကာ္မတီ၏ လုပ္ေဆာင္ေနမႈမ်ားအား Media တြင္ က်ယ္က်ယ္ျပန္႔ျပန္႔ သိရွိႏိုင္ေရး ေဆာင္ရြက္ရန္။

(ဆ) ကုလသမဂၢ အဖြဲ႕အစည္းမ်ားမွ သတ္မွတ္ထားေသာ ကေလးသူငယ္မ်ားႏွင့္ သက္ဆိုင္သည့္ စံခ်ိန္စံညႊန္းမ်ားအား တပ္မေတာ္ စစ္သားစုေဆာင္းေရး တပ္ႏွင့္ စစ္အေျခခံ ေလ့က်င့္ေရးတပ္မ်ားရွိ တာ၀န္ရွိသူမ်ားမွ သိရွိ လိုက္နာႏိုင္ေရးအတြက္ အခါအားေလ်ာ္စြာ ကုလသမဂၢ အဖြဲ႔အစည္းမ်ားျဖင့္ ပညာေပး သင္တန္းမ်ား ဖြင့္လွစ္ေဆာင္ရြက္ရန္။

(ဇ) တပ္မေတာ္အတြင္း သတ္မွတ္ခ်က္ႏွင့္ မကိုက္ညီေသာ စစ္မႈထမ္းမ်ား မရွိေအာင္ ေဆာင္ရြက္သြားရန္။

(စ်) အတင္းအၾကပ္ ေခၚယူ စစ္မႈထမ္းေဆာင္ေစျခင္းမ်ိဳး ေပၚေပါက္ပါက ထိထိေရာက္ေရာက္ အေရးယူ ေဆာင္ရြက္ရန္။

(ည) အရြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ားအား အရြယ္မေရာက္ ေသးသည္ကို သိလ်က္ႏွင့္ တပ္သားသစ္အျဖစ္ လက္ခံျခင္းကိစၥ ေပၚေပါက္ ပါက ထိထိေရာက္ေရာက္ အေရးယူ ေဆာင္ရြက္သြားရန္။

(ဋ) ေကာ္မတီ၏ ေဆာင္ရြက္ခ်က္မ်ားကို အျမဲမျပတ္ မွတ္တမ္းတင္ သုေတသနျပဳ လုပ္ငန္းမ်ား ေဆာင္ရြက္ၿပီး Policy Development ျဖစ္ေရး ေဆာင္ရြက္ရန္။

(ဌ) ကေလးသူငယ္မ်ား၏ အက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ရန္အတြက္ ထုတ္ျပန္ထားေသာ နည္းဥပေဒ၊ အမိန္႔၊ ညႊန္ၾကားခ်က္မ်ားႏွင့္အညီ ေဆာင္ရြက္ေနျခင္းတို႔အား မ်က္ျခည္မျပတ္ ေစာင့္ၾကည္၍ လုပ္ေဆာင္ ခ်က္မ်ားတြင္ ခ်ိဳ႕ယြင္း အားနည္းခ်က္မ်ား ရွိလာပါက သက္ဆိုင္ရာသို႔ အသိေပးၿပီး အခ်ိန္မီ ျပဳျပင္သြားေစရန္။

၃။ “မူ” အရ ဆံုးျဖတ္ျခင္း မျပဳႏိုင္ေသာ ကိစၥမ်ား ေပၚေပါက္ပါက ႏိုင္ငံေတာ္သမၼတရံုးသို႔ တင္ျပ ေဆာင္ရြက္ရန္ ျဖစ္သည္။

(ပံု) ထင္ေက်ာ္
ႏိုင္ငံေတာ္သမၼတ
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္

From: Myanmar President Office
********************************

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၁၇ / ၂၀၁၆
၁၃၇၈ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်
(၂၀၁၆ ခုနှစ်၊ မေလ ၁၁ ရက်)
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်းခြင်း
၁။ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရန် အတွက် “ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်တီကို” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်။

(က) ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန ဥက္ကဋ္ဌ

(ခ) စစ်ဥပဒေချုပ်
စစ်ဥပဒေချုပ်ရုံး အဖွဲ့ဝင်

(ဂ) ဒုတိယဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန အဖွဲ့ဝင်

(ဃ) ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်

(င) ဒုတိယရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်

(စ) တွဲဖက်စစ်ရေးချုပ်
စစ်ရေးချုပ်ရုံး အဖွဲ့ဝင်

(ဆ) ဒုတိယတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး အဖွဲ့ဝင်

(ဇ) အမြဲတမ်းအတွင်းဝန်
ပြန်ကြားရေးဝန်ကြီးဌာန အဖွဲ့ဝင်

(ဈ) အမြဲတမ်းအတွင်းဝန်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အဖွဲ့ဝင်

(ည) အမြဲတမ်းအတွင်းဝန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အဖွဲ့ဝင်

(ဋ) ဒုတိယစစ်ဥပဒေချုပ်
စစ်ဥပဒေချုပ်ရုံး အတွင်းရေးမှူး

(ဍ) ညွှန်ကြားရေးမှူး
တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး တွဲဖက်အတွင်းရေးမှူး

၂။ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါတိုင်းဖြစ်သည်။

(က) တပ်မတော်စစ်သား စုဆောင်းရေးတပ်များ၊ တပ်ဌာနချုပ်များ၊ လက်ရုံး/ဝန်ထမ်း တပ်ဖွဲ့များ အနဖြေင့် တပ်သားသစ်များ စုဆောင်းရေး ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် အမိန့်/ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှုရှိအောင် ကြပ်မတ်စိစစ်ရန်။

(ခ) သတ်မှတ်ညွှန်ကြားချက်နှင့်အညီ စုဆောင်းရရှိသော တပ်သားသစ်များအား စစ်အခြေခံလေ့ကျင့်ရေးတပ်များ၏ သင်တန်းရွေးချယ် စိစစ်ရေး ဘုတ်အဖွဲ့မှ လာရောက်ရွေးချယ်မှုကို ကြပ်မတ်ရန်။

(ဂ) မိမိသဘောဆန္ဒအလျှောက် တပ်မတော်တွင် စစ်မှုထမ်းရန် လာရောက်စာရင်း သွင်းသော လူငယ်များထဲမှ သတ်မှတ်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု မရှိသူများအား လက်ခံစာရင်းသွင်းခြင်း မပြုရန်။

(ဃ) စနစ်တကျ ရွေးချယ်စိစစ်ပြီးသော တပ်သားသစ်များအား စစ်အခြေခံ လေ့ကျင့်ရေးတပ်များ၌ လေ့ကျင့်သင်ကြားနေချိန်တွင် လည်းကောင်း၊ စစ်မှုထမ်းဆောင်နေချိန်တွင်လည်းကောင်း အသက် (၁၈) နှစ် မပြည့်သူများ၊ ဆန္ဒ မရှိသူများအား စိစစ်တွေ့ရှိပါက မိဘအုပ်ထိန်းသူထံ ပြန်လည် လွှဲပြောင်းအပ်နှံရေး ဆောင်ရွက်ရန်။

(င) ကော်မတီသည် ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သော UNICEF, UNDP အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီအဖွဲ့များမှ ဌာနေကိုယ်စားလှယ်များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှု ပိုမိုကျယ်ပြန့် လာအောင် ဆောင်ရွက်ရန်။

(စ) ကလေးသူငယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပေါင်းစပ် ညှိနှိုင်းပြီး ကော်မတီ၏ လုပ်ဆောင်နေမှုများအား Media တွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ရန်။

(ဆ) ကုလသမဂ္ဂ အဖွဲ့အစည်းများမှ သတ်မှတ်ထားသော ကလေးသူငယ်များနှင့် သက်ဆိုင်သည့် စံချိန်စံညွှန်းများအား တပ်မတော် စစ်သားစုဆောင်းရေး တပ်နှင့် စစ်အခြေခံ လေ့ကျင့်ရေးတပ်များရှိ တာဝန်ရှိသူများမှ သိရှိ လိုက်နာနိုင်ရေးအတွက် အခါအားလျော်စွာ ကုလသမဂ္ဂ အဖွဲ့အစည်းများဖြင့် ပညာပေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန်။

(ဇ) တပ်မတော်အတွင်း သတ်မှတ်ချက်နှင့် မကိုက်ညီသော စစ်မှုထမ်းများ မရှိအောင် ဆောင်ရွက်သွားရန်။

(ဈ) အတင်းအကြပ် ခေါ်ယူ စစ်မှုထမ်းဆောင်စခြေင်းမျိုး ပေါ်ပေါက်ပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန်။

(ည) အရွယ်မရောက်သေးသူ ကလေးသူငယ်များအား အရွယ်မရောက် သေးသည်ကို သိလျက်နှင့် တပ်သားသစ်အဖြစ် လက်ခံခြင်းကိစ္စ ပေါ်ပေါက် ပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားရန်။

(ဋ) ကော်မတီ၏ ဆောင်ရွက်ချက်များကို အမြဲမပြတ် မှတ်တမ်းတင် သုတေသနပြု လုပ်ငန်းများ ဆောင်ရွက်ပြီး Policy Development ဖြစ်ရေး ဆောင်ရွက်ရန်။

(ဌ) ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထုတ်ပြန်ထားသော နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နခြေင်းတို့အား မျက်ခြည်မပြတ် စောင့်ကြည်၍ လုပ်ဆောင် ချက်များတွင် ချို့ယွင်း အားနည်းချက်များ ရှိလာပါက သက်ဆိုင်ရာသို့ အသိပေးပြီး အချိန်မီ ပြုပြင်သွားစေရန်။

၃။ “မူ” အရ ဆုံးဖြတ်ခြင်း မပြုနိုင်သော ကိစ္စများ ပေါ်ပေါက်ပါက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ ဆောင်ရွက်ရန် ဖြစ်သည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net