တာခ်ီလိတ္ေရႊေစ်းကြက္တြင္ တစ္ဘတ္သားလွ်င္ က်ပ္ႏွစ္ေသာင္းအထိ ေစ်းျမင့္လာ

တာခ်ီလိတ္ေရႊေစ်းကြက္တြင္ တစ္ဘတ္သားလွ်င္ က်ပ္ႏွစ္ေသာင္းအထိ ေစ်းျမင့္လာ
မေ 13, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၁၃)
ျမန္မာ - ထိုင္း နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕၏ ေရႊေစ်းကြက္အတြင္း ေမလ ပထမအပတ္တြင္း ေရႊတစ္ဘတ္သားလွ်င္ ဘတ္(၈၀၀)(က်ပ္ ၂၀၀၀၀ ေက်ာ္ ) နီးပါးအထိ ေစ်းတက္လာေၾကာင္း ေရႊေရာင္း၀ယ္လုပ္ကိုင္သူမ်ားထံမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ဧၿပီလ (၂၆)ရက္ေန႔က ေရႊတစ္ဘတ္သားကို (၂၁၅၀၀)ဘတ္္ရွိၿပီး ဧၿပီလ (၂၉)ရက္ေန႔မွာ ေရႊတစ္ဘတ္သား (၂၁၈၅၀)ဘတ္၊ ေမလ(၉)ရက္ေန႔တြင္ (၂၂၂၅၀)ဘတ္အထိ ေစ်းတက္လာၿပီး ေမလ(၁၂)ရက္ေန႔က (၂၂၁၀၀)ဘတ္ျဖင့္ အနည္းငယ္ျပန္က်လာျခင္းျဖစ္သည္။

“ေရႊေစ်းက ဧၿပီလေနာက္ဆုံးပတ္ကေန အခု  ေမလ ပထမပတ္အတြင္း တစ္ဘတ္သားကို (၈၀၀)ဘတ္ေလာက္ တက္လာတယ္။ ဒါေတာင္အခုနည္းနည္း ျပန္က်သြားတယ္။ ေရႊေစ်းေတြတက္လာလို႔ ေရႊ၀ယ္သူ နည္းသြားတာေတာ့ မရွိဘူး။ ဒါေပမဲ့ အခုလထဲမွာေတာ့ အေရာင္း၀ယ္ နည္းနည္းေအးတယ္။ ေရႊေစ်း တက္လို႔ေတာ့ မဟုတ္ဘူး။ ေဒသအတြင္း စီးပြားေရး အေျခအေနေၾကာင့္ အေရာင္း၀ယ္ ပါးတာပဲျဖစ္တယ္။”ဟု နန္းေရႊက်င္း ေရႊဆိုင္ပိုင္ရွင္ ကိုစိုင္းစြမ္း၀ဒ္က ဆိုသည္။

တာခ်ီလိတ္ၿမိဳ႕ေရႊေစ်းႏႈန္းမွာ ကမၻာ့ေရႊေစ်းႏႈန္းေပၚမူတည္၍ ေန႔စဥ္ေျပာင္းလဲေလ့ရွိၿပီး ေစ်းကြက္ အေရာင္းအ၀ယ္ အေျခအေနမွာ ျပည္တြင္းမွ ေရႊ႕ေျပာင္းလာေရာက္ အလုပ္လုပ္ကိုင္သူမ်ား အေပၚတြင္လည္း မူတည္ေနေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ
..............
တာချီလိတ်၊ မေလ(၁၃)
မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့၏ ရွှေဈေးကွက်အတွင်း မေလ ပထမအပတ်တွင်း ရွှေတစ်ဘတ်သားလျှင် ဘတ်(၈၀၀)(ကျပ် ၂၀၀၀၀ ကျော် ) နီးပါးအထိ ဈေးတက်လာကြောင်း ရွှေရောင်းဝယ်လုပ်ကိုင်သူများထံမှ သိရသည်။
တာချီလိတ်မြို့တွင် ဧပြီလ (၂၆)ရက်နေ့က ရွှေတစ်ဘတ်သားကို (၂၁၅၀၀)ဘတ်ရှိပြီး ဧပြီလ (၂၉)ရက်နေ့မှာ ရွှေတစ်ဘတ်သား (၂၁၈၅၀)ဘတ်၊ မေလ(၉)ရက်နေ့တွင် (၂၂၂၅၀)ဘတ်အထိ ဈေးတက်လာပြီး မေလ(၁၂)ရက်နေ့က (၂၂၁၀၀)ဘတ်ဖြင့် အနည်းငယ်ပြန်ကျလာခြင်းဖြစ်သည်။
“ရွှေဈေးက ဧပြီလနောက်ဆုံးပတ်ကနေ အခု မေလ ပထမပတ်အတွင်း တစ်ဘတ်သားကို (၈၀၀)ဘတ်လောက် တက်လာတယ်။ ဒါတောင်အခုနည်းနည်း ပြန်ကျသွားတယ်။ ရွှေဈေးတွေတက်လာလို့ ရွှေဝယ်သူ နည်းသွားတာတော့ မရှိဘူး။ ဒါပေမဲ့ အခုလထဲမှာတော့ အရောင်းဝယ် နည်းနည်းအေးတယ်။ ရွှေဈေး တက်လို့တော့ မဟုတ်ဘူး။ ဒေသအတွင်း စီးပွားရေး အခြေအနေကြောင့် အရောင်းဝယ် ပါးတာပဲဖြစ်တယ်။”ဟု နန်းရွှေကျင်း ရွှေဆိုင်ပိုင်ရှင် ကိုစိုင်းစွမ်းဝဒ်က ဆိုသည်။
တာချီလိတ်မြို့ရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေးနှုန်းပေါ်မူတည်၍ နေ့စဉ်ပြောင်းလဲလေ့ရှိပြီး ဈေးကွက် အရောင်းအဝယ် အခြေအနေမှာ ပြည်တွင်းမှ ရွှေ့ပြောင်းလာရောက် အလုပ်လုပ်ကိုင်သူများ အပေါ်တွင်လည်း မူတည်နေကြောင်း သိရသည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~