မိုင္းယုၿမိဳ႕၌ ရဲတပ္ဖြဲ႔မွ လွည့္ကင္း လွည့္ေနစဥ္အတြင္း စိတ္ၾကြေဆး၀ါးမ်ား ဖမ္းဆီးရရွိ

မိုင္းယုၿမိဳ႕၌ ရဲတပ္ဖြဲ႔မွ လွည့္ကင္း လွည့္ေနစဥ္အတြင္း စိတ္ၾကြေဆး၀ါးမ်ား ဖမ္းဆီးရရွိ
မေ 25, 2016
By Tachileik News Agency

မိုင္းယု၊ ေမလ(၂၅)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ မုိင္းယုၿမိဳ႕တြင္ စိတ္ၾကြေဆးျပားမ်ားကို သယ္ေဆာင္လာသူထံမွ ရွာေဖြဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းယုနယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္ဟိန္း၀ဏၰေမာင္ ဦးစီးသည့္ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ စိုင္းခမ္းဒီးႏြဲ႔ ႏွင့္ နယ္ထိန္းတပ္ဖြဲ႔၀င္မ်ားမွ ေမလ(၂၄)ရက္ေန႔ ည(၈း၁၅)နာရီအခ်ိန္၀န္းက်င္က နယ္ေျမကင္းလွည့္ေနစဥ္ တာၾကန္႔ေက်းရြာအုပ္စု၊ ေကာ္ဆမ္မိန္းေက်းရြာအနီး၊ မိုင္းေယာင္း - မိုင္းယုကားလမ္းေပၚ၌ ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းနင္လာသူအား ရပ္တန္႔စစ္ေဆး ရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြသိမ္းဆည္း ရမိတာျဖစ္ေၾကာင္း သိရသည္။

ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းနင္လာသူသည္ အသက္(၂၇)ႏွစ္အရြယ္ အိုက္ရွဲန္ျဖစ္ၿပီး ၎လြယ္ထားေသာ ေဘးလြယ္အိတ္အတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၄၀၂၇)ျပားကို ရွာေဖြေတြႈရရွိရတာျဖစ္ၿပီး အဆိုပါ မူးယစ္ေဆး၀ါးမ်ား၏ ကာလတန္ဖိုးေငြမွာ က်ပ္သိန္း (၄၀)ခန္႔ရွိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားကို သယ္ေဆာင္လာသူအား မိုင္းယုနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ကာ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း။  ။ ကိုကိုႏိုင္(မိုင္းယု)
..........

မိုင်းယု၊ မေလ(၂၅)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် စိတ်ကြွဆေးပြားများကို သယ်ဆောင်လာသူထံမှ ရှာဖွေဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းယုနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဟိန်းဝဏ္ဏမောင် ဦးစီးသည့် နယ်ထိန်းခေါင်းဆောင် ရဲအုပ် စိုင်းခမ်းဒီးနွဲ့ နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှ မေလ(၂၄)ရက်နေ့ ည(၈း၁၅)နာရီအချိန်ဝန်းကျင်က နယ်မြေကင်းလှည့်နေစဉ် တာကြန့်ကျေးရွာအုပ်စု၊ ကော်ဆမ်မိန်းကျေးရွာအနီး၊ မိုင်းယောင်း - မိုင်းယုကားလမ်းပေါ်၌ မော်တော်ဆိုင်ကယ် မောင်းနင်လာသူအား ရပ်တန့်စစ်ဆေး ရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေသိမ်းဆည်း ရမိတာဖြစ်ကြောင်း သိရသည်။

မော်တော်ဆိုင်ကယ် မောင်းနင်လာသူသည် အသက်(၂၇)နှစ်အရွယ် အိုက်ရှဲန်ဖြစ်ပြီး၎င်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၄၀၂၇)ပြားကို ရှာဖွေတွှေုရရှိရတာဖြစ်ပြီး အဆိုပါ မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးငွေမှာ ကျပ်သိန်း (၄၀)ခန့်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူအား မိုင်းယုနယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း။ ကိုကိုနိုင်(မိုင်းယု)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~