ေရအားလွ်ပ္စစ္ျဖင့္ ဖုန္းအားသြင္းရာမွ မိုင္းေယာင္း၌ မီးေလာင္မႈျဖစ္ပြား

ေရအားလွ်ပ္စစ္ျဖင့္ ဖုန္းအားသြင္းရာမွ မိုင္းေယာင္း၌ မီးေလာင္မႈျဖစ္ပြား
မေ 8, 2016
By Tachileik News Agency

မိုင္းေယာင္း၊ ေမလ(၈)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕တြင္ ေရအားလွ်ပ္စစ္ျဖင့္ ဖုန္းအား သြင္းရာမွ မီးေလာင္မႈ ျဖစ္ပြားၿပီး ေနအိမ္အတြင္းရွိ လွ်ပ္စစ္ပစၥည္းအခ်ဳိ႕ မီးေလာင္ ပ်က္စီးသြားေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕နယ္၊ ၀မ္တပ္ေက်းရြာအုပ္စု၊ ဟိုရမ္းေက်းရြာေန ေဒၚအီရွဲန္လာ၏ ေနအိမ္တြင္ ေမလ(၈)ရက္ေန႔ ညေန(၄)နာရီ၀န္းက်င္က မီးေလာင္မႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

မီးေလာင္မႈေၾကာင့္ ေနအိမ္အတြင္းရွိ ရုပ္ျမင္သံၾကားျပစက္ႏွင့္ ဗီြစီဒီျပစက္တို႔ မီးေလာင္ကြ်မ္းကာ ဆံုးရႈံးခဲ့ရေသာ္လည္း၊ မီးေလာင္မႈအား ေက်းရြာေနျပည္သူမ်ားမွ ၀ိုင္း၀န္းမီးၿငႇိမ္းသတ္ႏိုင္ခဲ့ျခင္းေၾကာင့္ (၄)နာရီ မိနစ္(၂၀)တြင္ မီးလံုး၀ ၿငိမ္းသြားကာ ေဘးအိမ္သို႔ကူးစက္ေလာင္ကြ်မ္းမႈ မရွိေၾကာင္း သိရသည္။

အဆုိပါ မီးေလာင္ကၽြမ္းရာသုိ႔  မိုင္းေယာင္းၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး  ဦးမင္းႏုိင္ေအာင္၊ ၿမဳိ႕နယ္ရဲတပ္ဖဲြ႕မွဴး ရဲမွဴးေက်ာ္ဇင္၊  ၿမဳိ႕နယ္မီးသတ္ဦးစီးမွဴး  ဦးေအးမင္းေမာင္ ႏွင့္  တာ၀န္ရွိသူမ်ား ေရာက္ရွိကာ လုိအပ္သည္မ်ား  ကူညီေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု။  ။ စုိင္းေဇာ္လင္း(မိုင္းေယာင္း)
..................

မိုင်းယောင်း၊ မေလ(၈)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ရေအားလျှပ်စစ်ဖြင့် ဖုန်းအား သွင်းရာမှ မီးလောင်မှု ဖြစ်ပွားပြီး နေအိမ်အတွင်းရှိ လျှပ်စစ်ပစ္စည်းအချို့ မီးလောင် ပျက်စီးသွားကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု၊ ဟိုရမ်းကျေးရွာနေ ဒေါ်အီရှဲန်လာ၏ နေအိမ်တွင် မေလ(၈)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ ရုပ်မြင်သံကြားပြစက်နှင့် ဗွီစီဒီပြစက်တို့ မီးလောင်ကျွမ်းကာ ဆုံးရှုံးခဲ့ရသော်လည်း၊ မီးလောင်မှုအား ကျေးရွာနပြေည်သူများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့် (၄)နာရီ မိနစ်(၂၀)တွင် မီးလုံးဝ ငြိမ်းသွားကာ ဘေးအိမ်သို့ကူးစက်လောင်ကျွမ်းမှု မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းရာသို့ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအေးမင်းမောင် နှင့် တာဝန်ရှိသူများ ရောက်ရှိကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ။ စိုင်းဇော်လင်း(မိုင်းယောင်း)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~