မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ ဌာနပြောင်းရွှေ့နိုင်ရန် အကြောင်းကြား

မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ ဌာနပြောင်းရွှေ့နိုင်ရန် အကြောင်းကြား
မေ 14, 2016
By Tachileik News Agency

မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ အနေဖြင့် အခြားဌာနများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လိုသူများ စာရင်းကို ပေးပို့ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သက်ဆိုင်ရာ ဌာနအကြီးအကဲများထံ မေလ (၁၁) ရက်နေ့စွဲဖြင့် အကြောင်းကြားထားကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း အနေဖြင့် လုပ်ငန်းလျှော့ချနေခြင်းဖြစ်ရာ အဆိုပါဌာနမှ ဝန်ထမ်းများအနေဖြင့် သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြားဌာနများသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရမည် ဖြစ်သဖြင့် စာရင်းအား တောင်းခံခြင်းဖြစ်ကြောင်း သိရသည်။


.............

မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ အနဖြေင့် အခြားဌာနများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လိုသူများ စာရင်းကို ပေးပို့ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သက်ဆိုင်ရာ ဌာနအကြီးအကဲများထံ မေလ (၁၁) ရက်နေ့စွဲဖြင့် အကြောင်းကြားထားကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း အနဖြေင့် လုပ်ငန်းလျှော့ချနခြေင်းဖြစ်ရာ အဆိုပါဌာနမှ ဝန်ထမ်းများအနဖြေင့် သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြားဌာနများသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရမည် ဖြစ်သဖြင့် စာရင်းအား တောင်းခံခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် မြန်မာ့သစ်တောများကို နိုင်ငံပိုင်ပစ္စည်းအဖြစ် ထိန်းသိမ်းအုပ်ချုပ်ရန် နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့အဖြစ် ၁၉၄၈ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ဖွဲ့စည်းပုံပြင်ဆင်ပြီး သစ်လုပ်ငန်းအဖွဲ့အဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် မြန်မာ့သစ်လုပ်ငန်းအဖြစ်လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~