တာခ်ီလိတ္ၿမိဳ႕တြင္ ယခင္အသံုးျပဳေနသည့္ ထိုင္းဖုန္းလိုင္းအစား ျမန္မာဖုန္းလိုင္းအသံုးျပဳသူမ်ားလာ

တာခ်ီလိတ္ၿမိဳ႕တြင္ ယခင္အသံုးျပဳေနသည့္ ထိုင္းဖုန္းလိုင္းအစား ျမန္မာဖုန္းလိုင္းအသံုးျပဳသူမ်ားလာ
မေ 5, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမ(၅)ရက္
ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕ ျဖစ္သည့္ တာခ်ီလိတ္တြင္ မိုဘုိင္းဖုန္းသံုးသူမ်ားမွာ ယခင္ ထုိင္းႏိုင္ငံထုတ္ ဆင္းမ္ကတ္မ်ားအသံုးျပဳေနရာမွာ ယခု ျမန္မာ့ဆက္သြယ္ေရး MPT ဆင္းမ္ကတ္မ်ားကို အသံုးျပဳသူ ပိုမိုမ်ားျပားလာေၾကာင္း ေဒသတြင္း ဖုန္းႏွင့္ ဖုန္းအပိုပစၥည္းအေရာင္းဆုိင္မ်ားမွ သိရသည္။

"အရင္ကေတာ့ ထိုင္းဖုန္းကတ္ေတြပဲ သုံးၾကတယ္။ ခုေနာက္ပိုင္းမွာ ျမန္မာကတ္ေတြ အသံုးျပဳလာတာမ်ားတယ္၊ ေစ်းႏွဳန္းက်လာၿပီးေနာက္ပိုင္းေပါ့၊ ေနရာတိုင္းမွာ အလြယ္တကူရေတာ့ သုံးလာၾကတယ္။ ေနာက္ၿပီး ထိုင္းကတ္ေတြ ဖုန္းတစ္ေခါက္ေခၚရင္ တစ္မိနစ္မျပည့္လည္း တစ္မိနစ္စာ ပိုက္ဆံျဖတ္တယ္။ ျမန္မာကတ္က်ေတာ့ အဲလိုမဟုတ္ဘူး အသုံးျပဳတဲ့ စကၠန္႔တိုင္းကိုပဲ ျဖတ္တယ္။"ဟု ေဒသခံ ဖုန္းကတ္အေရာင္းဆိုင္ဖြင့္သူ ကိုျမသန္းက ေျပာသည္။

ယခင္ မိုဘုိင္းဖုန္း ဆင္းမ္ကတ္တန္ဖိုးမ်ား ျမင့္မားေနခ်ိန္တြင္ တဖက္ထုိင္းႏိုင္ငံမွ ဆင္းမ္ကတ္မ်ား အသံုးျပဳခဲ့ေသာ္လည္း၊ ယခုေနာက္ပိုင္း တာခ်ီလိတ္ၿမိဳ႕ေနရာအခ်ိဳ႕တြင္ ထိုင္းဖုန္းလိုင္းမ်ား မမိ၍ ျမန္မာဖုန္းကတ္္မ်ားကို ေျပာင္းလဲအသုံးျပဳလာျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

"အရင္က ေတာင္ေပၚေတြမွာ ဖုန္းလိုင္းမမိဘူး၊ အခု MPT တာ၀ါတိုင္ေတြက ေနရာေတာ္ေတာ္မ်ားမ်ား ရွိလာတဲ့အတြက္ ေက်းလက္ေရာ၊ ၿမိဳ႕ေပၚေရာ အဆက္အသြယ္ မျပတ္ၾကပါဘူး၊ အခုဆို တစ္ခ်ိဳ႕ေတာင္ေပၚ ေက်းရြာေတြမွာ ဖုန္းမရွိတဲ့ရြာ၊ ဖုန္းမရွိတဲ့ အိမ္ မရွိဘူးနဲ႔တူတယ္၊ ဖုန္းအားသြင္းဖို႔ေတာ့ ဆိုလာျပားကို အသံုးျပဳၾကတာမ်ားတယ္"ဟု မိုင္းဟဲေက်းရြာအုပ္စုအတြင္းေနထိုင္သူ ဦးက်လူးက ေျပာသည္။

ယခင္က ထိုင္းဖုန္းကတ္မ်ားကို အသုံးျပဳေနရာမွ (၂၀၁၂)ခုႏွစ္ ေနာက္ပိုင္းတြင္ (၁၅၀၀)က်ပ္တန္ ဖုန္းကဒ္မ်ား ေပၚေပါက္လာၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာ့ဆက္သြယ္ေရးတာဝါတိုင္မ်ား၊ မ်ားျပားလာ၍ ျမန္မာဖုန္းကတ္မ်ား အသုံးျပဳသူ ပိုမိုမ်ားျပားလာျခင္းျဖစ္ေၾကာင္း သိရသည္။

"တာခ်ီလိတ္ၿမိဳ႕ ပတ္၀န္းက်င္မွာ MPT တာ၀န္တုိင္(၁၅)တိုင္ရွိတယ္၊ တစ္ျခား Telenor နဲ႔ Oreedoo တိုင္ေတြလဲ စိုက္ထားၿပီးၿပီ အခုအခ်ိန္ထိ တာခ်ီလိတ္မွာ MPT ဆင္းမ္ကတ္အသံုးျပဳတဲ့သူ ပိုမ်ားပါတယ္"ဟု ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ တာခ်ီလိတ္ၿမိဳ႕နယ္ တာဝန္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ၂၀၁၆ ခုႏွစ္အထိ ဆက္သြယ္ေရး ေအာ္ပေရတာ(၃)မ်ိဳးတြင္ မိုဘိုင္းဖုန္း အသံုးျပဳသူအေရအတြက္ (၁၇)သန္းခန္႔ရွိၿပီး၊ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT)အား အသံုးျပဳသူ အေရအတြက္ (၁၃)သန္းေက်ာ္ရွိရာ Telenor Myanmar ဆင္းမ္ကတ္မ်ားအား အသံုးျပဳသူ (၂)သန္းႏွင့္ Ooredoo Myanmar ဆက္သြယ္ေရး ကုမၸဏီ၏ ဝန္ေဆာင္မႈကို အသံုးျပဳသူ အေရအတြက္မွာ (၁)သန္းခြဲခန္႔ ရွိေၾကာင္း ျမန္မာႏိုင္ငံ ဆက္သြယ္ေရးႏွင့္ သတင္းအခ်က္အလက္ ဝန္ႀကီးဌာန၏ စစ္တမ္းမ်ားအရ သိရသည္။

သတင္း။  ။ ေဇာင္းညီ
............

တာချီလိတ်၊ ေမ(၅)ရက်
မြန်မာ - ထိုင်းနယ်စပ်မြို့ ဖြစ်သည့် တာချီလိတ်တွင် မိုဘိုင်းဖုန်းသုံးသူများမှာ ယခင် ထိုင်းနိုင်ငံထုတ် ဆင်းမ်ကတ်များအသုံးပြုနေရာမှာ ယခု မြန်မာ့ဆက်သွယ်ရေး MPT ဆင်းမ်ကတ်များကို အသုံးပြုသူ ပိုမိုများပြားလာကြောင်း ဒေသတွင်း ဖုန်းနှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်များမှ သိရသည်။

"အရင်ကတော့ ထိုင်းဖုန်းကတ်တွေပဲ သုံးကြတယ်။ ခုနောက်ပိုင်းမှာ မြန်မာကတ်တွေ အသုံးပြုလာတာများတယ်၊ ဈေးနှုန်းကျလာပြီးနောက်ပိုင်းပေါ့၊ နေရာတိုင်းမှာ အလွယ်တကူရတော့ သုံးလာကြတယ်။ နောက်ပြီး ထိုင်းကတ်တွေ ဖုန်းတစ်ခေါက်ခေါ်ရင် တစ်မိနစ်မပြည့်လည်း တစ်မိနစ်စာ ပိုက်ဆံဖြတ်တယ်။ မြန်မာကတ်ကျတော့ အဲလိုမဟုတ်ဘူး အသုံးပြုတဲ့ စက္ကန့်တိုင်းကိုပဲ ဖြတ်တယ်။"ဟု ဒေသခံ ဖုန်းကတ်အရောင်းဆိုင်ဖွင့်သူ ကိုမြသန်းက ပြောသည်။

ယခင် မိုဘိုင်းဖုန်း ဆင်းမ်ကတ်တန်ဖိုးများ မြင့်မားနေချိန်တွင် တဖက်ထိုင်းနိုင်ငံမှ ဆင်းမ်ကတ်များ အသုံးပြုခဲ့သော်လည်း၊ ယခုနောက်ပိုင်း တာချီလိတ်မြို့နေရာအချို့တွင် ထိုင်းဖုန်းလိုင်းများ မမိ၍ မြန်မာဖုန်းကတ်များကို ပြောင်းလဲအသုံးပြုလာခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

"အရင်က တောင်ပေါ်တွေမှာ ဖုန်းလိုင်းမမိဘူး၊ အခု MPT တာဝါတိုင်တွေက နေရာတော်တော်များများ ရှိလာတဲ့အတွက် ကျေးလက်ရော၊ မြို့ပေါ်ရော အဆက်အသွယ် မပြတ်ကြပါဘူး၊ အခုဆို တစ်ချို့တောင်ပေါ် ကျေးရွာတွေမှာ ဖုန်းမရှိတဲ့ရွာ၊ ဖုန်းမရှိတဲ့ အိမ် မရှိဘူးနဲ့တူတယ်၊ ဖုန်းအားသွင်းဖို့တော့ ဆိုလာပြားကို အသုံးပြုကြတာများတယ်"ဟု မိုင်းဟဲကျေးရွာအုပ်စုအတွင်းနေထိုင်သူ ဦးကျလူးက ပြောသည်။

ယခင်က ထိုင်းဖုန်းကတ်များကို အသုံးပြုနေရာမှ (၂၀၁၂)ခုနှစ် နောက်ပိုင်းတွင် (၁၅၀၀)ကျပ်တန် ဖုန်းကဒ်များ ပေါ်ပေါက်လာပြီးနောက် တာချီလိတ်မြို့တွင် မြန်မာ့ဆက်သွယ်ရေးတာဝါတိုင်များ၊ များပြားလာ၍ မြန်မာဖုန်းကတ်များ အသုံးပြုသူ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မြို့ ပတ်ဝန်းကျင်မှာ MPT တာဝန်တိုင်(၁၅)တိုင်ရှိတယ်၊ တစ်ခြား Telenor နဲ့ Oreedoo တိုင်တွေလဲ စိုက်ထားပြီးပြီ အခုအချိန်ထိ တာချီလိတ်မှာ MPT ဆင်းမ်ကတ်အသုံးပြုတဲ့သူ ပိုများပါတယ်"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာချီလိတ်မြို့နယ် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်အထိ ဆက်သွယ်ရေး အော်ပရေတာ(၃)မျိုးတွင် မိုဘိုင်းဖုန်း အသုံးပြုသူအရေအတွက် (၁၇)သန်းခန့်ရှိပြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)အား အသုံးပြုသူ အရေအတွက် (၁၃)သန်းကျော်ရှိရာ Telenor Myanmar ဆင်းမ်ကတ်များအား အသုံးပြုသူ (၂)သန်းနှင့် Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီ၏ ဝန်ဆောင်မှုကို အသုံးပြုသူ အရေအတွက်မှာ (၁)သန်းခွဲခန့် ရှိကြောင်း မြန်မာနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာန၏ စစ်တမ်းများအရ သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~