မေကြးတိုင္းေဒသႀကီးမွ ေရႊ႕ေျပာင္းလုပ္သားမ်ားအား အိမ္ေထာင္စုဇယားႏွင္႔မွတ္ပံုတင္မ်ား ရက္ ၁၀၀ အတြင္း ထုတ္ေပးမည္

မေကြးတိုင္းေဒသႀကီးမွ ေရႊ႕ေျပာင္းလုပ္သားမ်ားအား အိမ္ေထာင္စုဇယားႏွင္႔မွတ္ပံုတင္မ်ား ရက္ ၁၀၀ အတြင္း ထုတ္ေပးမည္
မေ 11, 2016
By Tachileik News Agency

မေကြး၊ ေမလ (၁၁) ရက္
မေကြးတိုင္းေဒသႀကီးအတြင္းမွ ေရႊ႕ေျပာင္းလုပ္သားမ်ားအား အိမ္ေထာင္စုဇယားႏွင့္ မွတ္ပံုတင္မ်ား ထုတ္ေပးႏုိင္ေရး အတြက္ ရက္(၁၀၀)စီမံခ်က္အျဖစ္ ေမလ(၁)ရက္မွစ၍ လုပ္ေဆာင္ေပးမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီး အလုပ္သမား၊လူဝင္္မႈႀကီးၾကပ္ေရးႏွင္႔ျပည္သူ႔အင္အားဦးစီးဌာနမွ သိရသည္။

“အထက္ဌာနရဲ႕ လမ္းညႊန္ခ်က္အရ  တိုင္းေဒသႀကီးအတြင္းက အိမ္ေထာင္စုစာရင္းမရိွတဲ႔ ေရႊ႔ ေျပာင္းေနထိုင္သူေတြ၊ အလုပ္သမားေတြနဲ႔ စက္ရံုအလုပ္ရံုေတြက အလုပ္သမားေတြကို အိမ္ေထာင္စုဇယား ထုတ္ေပးႏိုင္ေအာင္နဲ႔ ဆက္လက္ၿပီး ဥပေဒနဲ႔ ကိုက္ညီတဲ႔ မွတ္ပံုတင္ကတ္ျပား တစ္မ်ိဳးမ်ိဳး ထုတ္ေပးႏိုင္ဖို႔ေဆာင္ရြက္ပါမယ္။ ေနာက္ အသက္ ၁၀ ႏွစ္ျပည္႔ အေျခခံပညာေက်ာင္းမ်ားက ေက်ာင္းသား၊ ေက်ာင္းသူေတြကို ႏိုင္ငံသားစိစစ္ေရးကတ္ျပားထုတ္ေပးႏိုင္ေရးတို႔အတြက္ လုပ္ငန္းစဥ္ (၅)ရပ္နဲ႔ ေဆာင္ရြက္ေပးမွာ ျဖစ္ပါတယ္”ဟု မေကြးတိုင္းေဒသႀကီး အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန တိုင္းဦးစီးမွဴး ညႊန္ၾကားေရးမွဴး ဦးရဲရင့္သိန္းက ေျပာၾကားသည္။

“အဲဒီလိုေဆာင္ရြက္ရာမွာ သူတို႔ရဲ႕ တိုင္းရင္းသားျဖစ္မႈ၊ ေရာက္ရိွေနထိုင္မႈ၊ ေဒသမွာ အိမ္ေထာင္စု စာရင္းရိွမႈ၊မရိွမႈ၊ ေရာက္ရိွတဲ႔ကာလေတြအေပၚမူတည္ၿပီး အဆင္႔ေတြခဲြျခားပါမယ္။ယခင္ ေဒသမွာ အိမ္ ေထာင္စုဇယားရိွတယ္ဆိုလို႔ရိွရင္လည္း ျပန္လည္စိစစ္ပါမယ္။ မွန္ကန္မႈရိွတယ္ဆိုရင္ အိမ္ေထာင္စုစာရင္း ထုတ္ေပးမွာျဖစ္ၿပီး ဥပေဒနဲ႔အညီ သူတို႔နဲ႔ကိုက္ညီမယ္႔မွတ္ပံုတင္တစ္မ်ိဳးမ်ိဳးကို ဆက္လက္ထုတ္ေပးမွာျဖစ္ ပါတယ္”ဟု ၎က ဆက္လက္ေျပာၾကားသည္။

ေရႊ႕ေျပာင္းလုပ္သားမ်ားအား အိမ္ေထာင္စုဇယားႏွင္႔ မွတ္ပံုတင္ထုတ္ေပးႏိုင္ေရးႏွင္႔ အသက္ ၁၀ႏွစ္ျပည္႔ ေက်ာင္းသားေက်ာင္းသူမ်ားအား ႏိုင္ငံသားစိစစ္ေရးကတ္မ်ားထုတ္ေပးႏိုင္ရန္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း အဆိုပါဝန္ႀကီးဌာန မွ တိုင္းေဒသႀကီးဦးစီးမွဴး၏ ေျပာၾကား ခ်က္အရ သိရသည္။

ေရႊ႕ေျပာင္းလုပ္သားႏွင့္ စက္ရံုအလုပ္ရံုမ်ားမွ အလုပ္သမားမ်ားအား အိမ္ေထာင္စုဇယား ထုတ္ေပးႏိုင္ရန္နွင့္ မွတ္ပံုတင္ထုတ္ေပးႏိုင္ရန္အတြက္ ႀကိဳတင္ျပင္ဆင္မႈအေနျဖင္႔ အိမ္ေထာင္စုစာရင္း ေကာက္ယူျခင္း၊ စာရင္းျပဳစုျခင္း၊ စိစစ္ျခင္းမ်ား ေဆာင္ရြက္မည္ျဖစ္ၿပီး ထို႔ေနာက္ အိမ္ေထာင္စုစာရင္း ထုတ္ေပးျခင္း၊ ဥပေဒအရ ကိုင္ေဆာင္သင့္ေသာ မွတ္ပံုတင္တစ္မ်ိဳးမ်ိဳး ထုတ္ေပးျခင္းမ်ားကို ေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္းသိရသည္။

“မေကြးတိုင္း လဝကမွာ ဝန္ထမ္းအင္အား ၇၅၀ ခန္႔ထားရမွာကို ၃၅၀ေက်ာ္ပဲခန္႔ထားႏိုင္ခဲ့တာေၾကာင့္ ဝန္ထမ္း ၃၉၀ ေက်ာ္ေတာင္လိုေနတဲ့ အေျခအေနနဲ႔ ၂၀၁၄ သန္းေခါင္စာရင္းလုပ္ငန္းေတြကို ေအာင္ျမင္ေအာင္ လုပ္နိုင္ခဲ႔ေသး တာပဲ။ အခု စီမံခ်က္ကိုလည္း ေအာင္ျမင္ေအာင္လုပ္ႏိုင္မယ္လို႔ ယံုၾကည္ပါတယ္”ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ တိုင္းေဒသႀကီး၀န္ႀကီး ဦးျမင့္ေဇာ္က ေျပာသည္။

လုပ္ငန္းစီမံခ်က္မ်ားကို အေသးစိတ္ေရးဆဲြ၍ သမၼတရံုးႏွင္႔ ျပည္ေထာင္စုအစိုးရအဖဲြ႔ထံတင္ျပကာ အစိုးရအဖဲြ႔ရံုး၏ လမ္းညႊန္ခ်က္ႏွင့္အညီ တိုင္းေဒသႀကီးအစိုးရအဖဲြ႔၏ အကူအညီကိုရယူေဆာင္ရြက္သြား မည္ဟု ဆိုသည္။

သတင္း။  ။ ဖီးနစ္(မေကြး)

........................

မကွေး၊ မေလ (၁၁) ရက်
မကွေးတိုင်းဒေသကြီးအတွင်းမှ ရွှေ့ပြောင်းလုပ်သားများအား အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များ ထုတ်ပေးနိုင်ရေး အတွက် ရက်(၁၀၀)စီမံချက်အဖြစ် မေလ(၁)ရက်မှစ၍ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

“အထက်ဌာနရဲ့ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးအတွင်းက အိမ်ထောင်စုစာရင်းမရှိတဲ့ ရွှေ့ ပြောင်းနေထိုင်သူတွေ၊ အလုပ်သမားတွေနဲ့ စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေကို အိမ်ထောင်စုဇယား ထုတ်ပေးနိုင်အောင်နဲ့ ဆက်လက်ပြီး ဥပဒေနဲ့ ကိုက်ညီတဲ့ မှတ်ပုံတင်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ဖို့ဆောင်ရွက်ပါမယ်။ နောက် အသက် ၁၀ နှစ်ပြည့် အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးတို့အတွက် လုပ်ငန်းစဉ် (၅)ရပ်နဲ့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးရဲရင့်သိန်းက ပြောကြားသည်။

“အဲဒီလိုဆောင်ရွက်ရာမှာ သူတို့ရဲ့ တိုင်းရင်းသားဖြစ်မှု၊ ရောက်ရှိနေထိုင်မှု၊ ဒေသမှာ အိမ်ထောင်စု စာရင်းရှိမှု၊မရှိမှု၊ ရောက်ရှိတဲ့ကာလတွေအပေါ်မူတည်ပြီး အဆင့်တွေခွဲခြားပါမယ်။ယခင် ဒေသမှာ အိမ် ထောင်စုဇယားရှိတယ်ဆိုလို့ရှိရင်လည်း ပြန်လည်စိစစ်ပါမယ်။ မှန်ကန်မှုရှိတယ်ဆိုရင် အိမ်ထောင်စုစာရင်း ထုတ်ပေးမှာဖြစ်ပြီး ဥပဒေနဲ့အညီ သူတို့နဲ့ကိုက်ညီမယ့်မှတ်ပုံတင်တစ်မျိုးမျိုးကို ဆက်လက်ထုတ်ပေးမှာဖြစ် ပါတယ်”ဟု၎င်းက ဆက်လက်ပြောကြားသည်။

ရွှေ့ပြောင်းလုပ်သားများအား အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်ထုတ်ပေးနိုင်ရေးနှင့် အသက် ၁၀နှစ်ပြည့် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန မှ တိုင်းဒေသကြီးဦးစီးမှူး၏ ပြောကြား ချက်အရ သိရသည်။

ရွှေ့ပြောင်းလုပ်သားနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား အိမ်ထောင်စုဇယား ထုတ်ပေးနိုင်ရန်နှင့် မှတ်ပုံတင်ထုတ်ပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုအနဖြေင့် အိမ်ထောင်စုစာရင်း ကောက်ယူခြင်း၊ စာရင်းပြုစုခြင်း၊ စိစစ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး ထို့နောက် အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်း၊ ဥပဒေအရ ကိုင်ဆောင်သင့်သော မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။

“မကွေးတိုင်း လဝကမှာ ဝန်ထမ်းအင်အား ၇၅၀ ခန့်ထားရမှာကို ၃၅၀ကျော်ပဲခန့်ထားနိုင်ခဲ့တာကြောင့် ဝန်ထမ်း ၃၉၀ ကျော်တောင်လိုနေတဲ့ အခြေအနေနဲ့ ၂၀၁၄ သန်းခေါင်စာရင်းလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်နိုင်ခဲ့သေး တာပဲ။ အခု စီမံချက်ကိုလည်း အောင်မြင်အောင်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

လုပ်ငန်းစီမံချက်များကို အသေးစိတ်ရေးဆွဲ၍ သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြကာ အစိုးရအဖွဲ့ရုံး၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကူအညီကိုရယူဆောင်ရွက်သွား မည်ဟု ဆိုသည်။

သတင်း။ ဖီးနစ်(မကွေး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~