၀ယ္လက္ေအးေနတဲ့ မႏၱေလးဆိုင္ကယ္ ေစ်းကြက္

၀ယ္လက္ေအးေနတဲ့ မႏၱေလးဆိုင္ကယ္ ေစ်းကြက္
မေ 23, 2016
By Tachileik News Agency
မႏၱေလး၊ ေမလ (၂၃)ရက္
မႏၱေလးၿမိဳ႕၌ ေန႔အပူခ်ိန္ျမင့္တက္ေနမႈေၾကာင့္ ဆုိင္ကယ္အေရာင္းအ၀ယ္ေစ်းကြက္အတြင္း ၀ယ္သူ လာေရာက္မႈနည္းကာ ယခင္ႏွစ္မ်ားထက္ အေရာင္းအ၀ယ္ေအးလာေၾကာင္း ဆုိင္ကယ္အေရာင္းဆုိင္မ်ား တည္ရွိရာ မႏၱေလးၿမဳိ႕ (၅၉)လမ္း ဆုိင္ကယ္၀ိုင္းအတြင္းမွ သိရသည္။
ဆုိင္ကယ္ေစ်းကြက္အတြင္း ေစ်းႏႈန္းမ်ားတည္ၿငိမ္လ်ွက္ရွိေသာ္လည္း ၀ယ္လက္ေပ်ာက္ဆုံးလ်ွက္ရွိ ေနေၾကာင္း ဆုိင္ကယ္၀ယ္ေရာင္း လုပ္ကုိင္သူမ်ားထံမွ သိရသည္။
“ေစ်းကြက္အေနအထားကေတာ့ ႏွစ္တိုင္း ဒီအခ်ိန္ဆိုေအးတတ္တယ္။ ဒါေပမယ့္ ၀ုိင္းထဲမွာ လူမျပတ္ဘူး။ ဒီႏွစ္က ေနကအရမ္းပူေတာ့ အျပင္သိပ္မထြက္ၾကဘူး။ မရွိမျဖစ္ အသံုးလိုတဲ့သူေလာက္သာပဲ လာၾကတယ္”ဟု ဆိုင္ကယ္အက်ိဳးေဆာင္ ကိုေအာင္ေဌးက ဆိုသည္။
ဆုိင္ကယ္အေရာင္းအ၀ယ္ ေစ်းကြက္အတြင္း လတ္တေလာတြင္ ယုိးဒယားဆုိင္ကယ္မ်ားသာ အေရာင္းအဝယ္ျဖစ္ေနၿပီး တရုတ္ဆုိင္ကယ္ေစ်းကြက္မွာ အေရာင္းအ၀ယ္ ေအးလ်ွက္ရွိေနေၾကာင္းသိရသည္။
ယုိးဒယားဆုိင္ကယ္ေစ်းကြက္တြင္လည္း က်ပ္ (၁၃)သိန္းမွ (၁၆)သိန္း၀န္းက်င္ရွိေသာ Scoopy ၊Click အမ်ိဳးအစား ဆိုင္ကယ္မ်ားကိုသာ လူႀကိဳက္မ်ားေနေၾကာင္း သိရသည္။
“ဆိုင္ကယ္တင္သြင္းတဲ့ အခြန္ေတြ တက္လာတယ္ ၾကားေပမဲ့ ဆိုင္ကယ္ေစ်း ကေတာ့ မတက္ေသးဘူး။ ေစ်းကြက္ အေနအထားၿငိမ္ေနတာေလာက္ပဲရွိတယ္။ မိုးတြင္းဆိုရင္ေတာ့ အေရာင္းအ၀ယ္ ျပန္လိုက္လာမယ္ ထင္ပါတယ္”ဟု ဆိုင္ကယ္အက်ိဳးေဆာင္တစ္ဦးျဖစ္သူ ကိုမင္းမင္းက ဆိုသည္။
လက္ရိွတြင္ ဝယ္လက္အမ်ားစုမွာ ၂၀၁၂ ခုႏွစ္၊၂၀၁၃ ခုႏွစ္ထုတ္ဆိုင္ကယ္ က်ပ္ (၁၃)သိန္း၀န္းက်င္မ်ားကိုသာ အႀကိဳက္မ်ားလွ်က္ရိွေၾကာင္း သိရသည္။
သတင္း။ ။ ေရႊေဇာ္
……………..
မန္တလေး၊ မေလ (၂၃)ရက်
မန္တလေးမြို့၌ နေ့အပူချိန်မြင့်တက်နေမှုကြောင့် ဆိုင်ကယ်အရောင်းအဝယ်ဈေးကွက်အတွင်း ဝယ်သူ လာရောက်မှုနည်းကာ ယခင်နှစ်များထက် အရောင်းအဝယ်အေးလာကြောင်း ဆိုင်ကယ်အရောင်းဆိုင်များ တည်ရှိရာ မန္တလေးမြို့ (၅၉)လမ်း ဆိုင်ကယ်ဝိုင်းအတွင်းမှ သိရသည်။
ဆိုင်ကယ်ဈေးကွက်အတွင်း ဈေးနှုန်းများတည်ငြိမ်လျှက်ရှိသော်လည်း ဝယ်လက်ပျောက်ဆုံးလျှက်ရှိ နေကြောင်း ဆိုင်ကယ်ဝယ်ရောင်း လုပ်ကိုင်သူများထံမှ သိရသည်။
“ဈေးကွက်အနေအထားကတော့ နှစ်တိုင်း ဒီအချိန်ဆိုအေးတတ်တယ်။ ဒါပေမယ့် ဝိုင်းထဲမှာ လူမပြတ်ဘူး။ ဒီနှစ်က နေကအရမ်းပူတော့ အပြင်သိပ်မထွက်ကြဘူး။ မရှိမဖြစ် အသုံးလိုတဲ့သူလောက်သာပဲ လာကြတယ်”ဟု ဆိုင်ကယ်အကျိုးဆောင် ကိုအောင်ဌေးက ဆိုသည်။
ဆိုင်ကယ်အရောင်းအဝယ် ဈေးကွက်အတွင်း လတ်တလောတွင် ယိုးဒယားဆိုင်ကယ်များသာ အရောင်းအဝယ်ဖြစ်နပြေီး တရုတ်ဆိုင်ကယ်ဈေးကွက်မှာ အရောင်းအဝယ် အေးလျှက်ရှိနေကြောင်းသိရသည်။
ယိုးဒယားဆိုင်ကယ်ဈေးကွက်တွင်လည်း ကျပ် (၁၃)သိန်းမှ (၁၆)သိန်းဝန်းကျင်ရှိသော Scoopy၊Click အမျိုးအစား ဆိုင်ကယ်များကိုသာ လူကြိုက်များနေကြောင်း သိရသည်။
“ဆိုင်ကယ်တင်သွင်းတဲ့ အခွန်တွေ တက်လာတယ် ကြားပေမဲ့ ဆိုင်ကယ်ဈေး ကတော့ မတက်သေးဘူး။ ဈေးကွက် အနေအထားငြိမ်နေတာလောက်ပဲရှိတယ်။ မိုးတွင်းဆိုရင်တော့ အရောင်းအဝယ် ပြန်လိုက်လာမယ် ထင်ပါတယ်”ဟု ဆိုင်ကယ်အကျိုးဆောင်တစ်ဦးဖြစ်သူ ကိုမင်းမင်းက ဆိုသည်။
လက်ရှိတွင် ဝယ်လက်အများစုမှာ ၂၀၁၂ ခုနှစ်၊၂၀၁၃ ခုနှစ်ထုတ်ဆိုင်ကယ် ကျပ် (၁၃)သိန်းဝန်းကျင်များကိုသာ အကြိုက်များလျှက်ရှိကြောင်း သိရသည်။
သတင်း။ ရွှေဇော်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~