ပစၥည္းရွားၿပီး အေရာင္းအ၀ယ္ေအးေနေသာ မႏၱေလး ေက်ာက္စိမ္းေစ်းကြက္

ပစၥည္းရွားၿပီး အေရာင္းအ၀ယ္ေအးေနေသာ မႏၱေလး ေက်ာက္စိမ္းေစ်းကြက္
မေ 15, 2016
By Tachileik News Agency

မႏၱေလး၊ ေမလ (၁၅) ရက္
မႏၱေလးျမဳိ႕ ေက်ာက္စိမ္းအေရာင္းအ၀ယ္ေစ်းကြက္အတြင္း ေက်ာက္ေကာင္းမ်ား ရွားပါးလာကာ အေရာင္းအ၀ယ္ေအးလ်ွက္ရွိေနေၾကာင္း မႏၱေလးၿမဳိ႕ မဟာေအာင္ေျမ ေက်ာက္၀ုိင္းအတြင္းရွိ ေက်ာက္စိမ္း အေရာင္း၀ယ္လုပ္ကုိင္သူမ်ားထံမွ သိရသည္။

ေက်ာက္စိမ္းထြက္ရွိရာ ဖားကန္႔ေဒသအတြင္း တုိက္ပြဲမ်ားျဖစ္ပြားေနမႈေၾကာင့္ မႏၱေလးေစ်းကြက္အတြင္း ေက်ာက္စိမ္း၀င္ေရာက္မႈမရွိသျဖင့္ ေစ်း ကြက္အတြင္း အပြင့္လုိင္းေက်ာက္မ်ားပင္ ရွားပါးလာေၾကာင္း သိရသည္။

“လက္ရွိေက်ာက္စိမ္းေစ်းကြက္က အေျခအေနေတာ့ သိပ္မေကာင္းဘူး။ ေက်ာက္အပြင့္လိုင္းက ပစၥည္း၀ယ္မရဘူး။ ရွားလည္းရွားတယ္။ ေနာက္ျပီးေစ်းလည္းအရမ္းၾကီးတယ္။ အရည္သိပ္မလွတဲ့ဟာေတြေတာင္ ေစ်းႀကီးေပးရတယ္။ ေစ်းနည္းတဲ့ဟာေလာက္ပဲ ေရာင္းရေတာ့အျမတ္နည္းတယ္။ အထည္လုပ္၀တ္မယ့္သူေလာက္ပဲ ၀ယ္ၾကတယ္။”ဟု ေက်ာက္ပြဲစား ကိုဖိုးျပားက ဆိုသည္။

သၾကၤန္မတိုင္မီအခ်ိန္မွစၿပီး အပြင့္လိုင္းေက်ာက္ ရွားပါးလာကာ အေရာင္းအ၀ယ္လည္းပါးေၾကာင္း သိရသည္။ ေက်ာက္၀ိုင္းအတြင္း အပြင့္လိုင္းမွာ က်ပ္ငါးေသာင္းမွ က်ပ္(၅)သိန္း အထိရွိေသာေက်ာက္မ်ားသာ အေရာင္းအ၀ယ္ျဖစ္ေနေၾကာင္း သိရသည္။

“ေက်ာက္စိမ္းကုမၸဏီၾကီးေတြကလည္း မႏၱေလးမွာ ေက်ာက္စိမ္းျပပြဲေတြ လုပ္ျပီးေတာ့ ကို ေရာင္းေနၾကေတာ့ ၀ယ္လက္္တရုတ္ေတြက အဲဒီမွာပဲ၀ယ္ၾကတဲ့အတြက္ ေက်ာက္၀ိုင္းမွာ လူသိပ္မရွိဘူး” ဟု ေက်ာက္စိမ္းလုပ္ငန္းရွင္ ကိုစိုးညႊန္႔က ေျပာသည္။

လက္ရွိေက်ာက္အ၀ုိင္းအတြင္း လုပ္ငန္းရွင္အခ်င္းခ်င္း ၀ယ္ယူေနမႈမ်ား သာရွိ ေနၿပီး တရုတ္၀ယ္လက္မ်ားမွာ မရွိသေလာက္ရွားပါလာသျဖင့္ အပြင့္လုိင္း အတြင္းေစ်းႀကီးေက်ာက္မ်ား ကုိင္ေဆာင္ထားသူမ်ားပင္ ေက်ာက္၀ုိင္းအတြင္း အလွျပရုံသက္သက္သာရွိေနျပီး ၀ယ္လက္ေပ်ာက္ဆုံးလ်ွက္ရွိေၾကာင္း သိရသည္။

သုိ႔ရာတြင္ ေက်ာက္စိမ္းအေရာင္းအ၀ယ္ေစ်းကြက္အတြင္း ေရမေဆး၊ဂြင္၊ဂဲ လုိင္း ေက်ာက္မ်ားအေရာင္းအ၀ယ္ေအးေနေသာ္လည္း အပြင့္လိုင္း(လက္၀တ္ရ တနာ လိုင္း)မွာ အေရာင္းအ၀ယ္ရိွေနဆဲျဖစ္ေၾကာင္း ေဒသခံ ေက်ာက္လုပ္ငန္း ရွင္မ်ားထံမွ သိရသည္။

သတင္း  ။  ။ ေရႊေဇာ္(မႏၱေလး)

.................

မန္တလေး၊ မေလ (၁၅) ရက်
မန္တလေးမြို့ ကျောက်စိမ်းအရောင်းအဝယ်ဈေးကွက်အတွင်း ကျောက်ကောင်းများ ရှားပါးလာကာ အရောင်းအဝယ်အေးလျှက်ရှိနေကြောင်း မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းအတွင်းရှိ ကျောက်စိမ်း အရောင်းဝယ်လုပ်ကိုင်သူများထံမှ သိရသည်။

ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် မန္တလေးဈေးကွက်အတွင်း ကျောက်စိမ်းဝင်ရောက်မှုမရှိသဖြင့် ဈေး ကွက်အတွင်း အပွင့်လိုင်းကျောက်များပင် ရှားပါးလာကြောင်း သိရသည်။

“လက်ရှိကျောက်စိမ်းဈေးကွက်က အခြေအနေတော့ သိပ်မကောင်းဘူး။ ကျောက်အပွင့်လိုင်းက ပစ္စည်းဝယ်မရဘူး။ ရှားလည်းရှားတယ်။ နောက်ပြီးဈေးလည်းအရမ်းကြီးတယ်။ အရည်သိပ်မလှတဲ့ဟာတွေတောင် ဈေးကြီးပေးရတယ်။ ဈေးနည်းတဲ့ဟာလောက်ပဲ ရောင်းရတော့အမြတ်နည်းတယ်။ အထည်လုပ်ဝတ်မယ့်သူလောက်ပဲ ဝယ်ကြတယ်။”ဟု ကျောက်ပွဲစား ကိုဖိုးပြားက ဆိုသည်။

သင်္ကြန်မတိုင်မီအချိန်မှစပြီး အပွင့်လိုင်းကျောက် ရှားပါးလာကာ အရောင်းအဝယ်လည်းပါးကြောင်း သိရသည်။ ကျောက်ဝိုင်းအတွင်း အပွင့်လိုင်းမှာ ကျပ်ငါးသောင်းမှ ကျပ်(၅)သိန်း အထိရှိသောကျောက်များသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“ကျောက်စိမ်းကုမ္ပဏီကြီးတွေကလည်း မန္တလေးမှာ ကျောက်စိမ်းပြပွဲတွေ လုပ်ပြီးတော့ ကို ရောင်းနကြေတော့ ဝယ်လက်တရုတ်တွေက အဲဒီမှာပဲဝယ်ကြတဲ့အတွက် ကျောက်ဝိုင်းမှာ လူသိပ်မရှိဘူး” ဟု ကျောက်စိမ်းလုပ်ငန်းရှင် ကိုစိုးညွှန့်က ပြောသည်။

လက်ရှိကျောက်အဝိုင်းအတွင်း လုပ်ငန်းရှင်အချင်းချင်း ဝယ်ယူနေမှုများ သာရှိ နပြေီး တရုတ်ဝယ်လက်များမှာ မရှိသလောက်ရှားပါလာသဖြင့် အပွင့်လိုင်း အတွင်းဈေးကြီးကျောက်များ ကိုင်ဆောင်ထားသူများပင် ကျောက်ဝိုင်းအတွင်း အလှပြရုံသက်သက်သာရှိနပြေီး ဝယ်လက်ပျောက်ဆုံးလျှက်ရှိကြောင်း သိရသည်။

သို့ရာတွင် ကျောက်စိမ်းအရောင်းအဝယ်ဈေးကွက်အတွင်း ရေမဆေး၊ဂွင်၊ဂဲ လိုင်း ကျောက်များအရောင်းအဝယ်အေးနေသော်လည်း အပွင့်လိုင်း(လက်ဝတ်ရ တနာ လိုင်း)မှာ အရောင်းအဝယ်ရှိနေဆဲဖြစ်ကြောင်း ဒေသခံ ကျောက်လုပ်ငန်း ရှင်များထံမှ သိရသည်။

သတင်း။ ရွှေဇော်(မန္တလေး)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~