ရွမ္းစာေပသင္ဆရာမ်ားအတြက္ လုပ္အားခ အျပည့္မေပးျခင္းမွာ ေကာလာဟလဟု ၿမိဳ႕နယ္ပညာေရးမွဴးတုန္႔ျပန္ရွင္းလင္း

ရွမ္းစာေပသင္ဆရာမ်ားအတြက္ လုပ္အားခ အျပည့္မေပးျခင္းမွာ ေကာလာဟလဟု ၿမိဳ႕နယ္ပညာေရးမွဴးတုန္႔ျပန္ရွင္းလင္း
မေ 7, 2016
By Tachileik News Agency

လဲခ်ား၊ ေမလ (၇)ရက္
႐ွမ္းျပည္နယ္ ေတာင္ပိုင္း လိြဳင္လင္ခ႐ိုင္ လဲခ်ားၿမိဳ႕နယ္တြင္ ေက်ာင္းမ်ား၌ ႐ွမ္းစာေပသင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ားအား ၿမိဳ႕နယ္ပညာေရးမွဴးမွ လုပ္အားခ အျပည့္အဝမေပးဟု သတင္းမ်ား ထြက္ေပၚေနျခင္းမွာ ေကာလာဟလသာျဖစ္ေၾကာင္း လဲခ်ားၿမိဳ႕နယ္ပညာေရးမွဴးက ေျပာၾကားလိုက္သည္။

"အျပည့္အ၀မေပးတာ မဟုတ္ပါဘူး။ တကယ္တမ္း ဘတ္ဂ်က္ခ်ေပးတာ တစ္ေက်ာင္းကို လူဦးေရ(၉၀)စာပဲ ခ်ေပးတယ္။ တစ္ခ်ိဳ႕ေက်ာင္းေတြမွာ ဆရာမ(၅)ေယာက္ေလာက္ဆိုေတာ့ အဲဒါေတြခြဲေပးရတယ္။ တစ္ခ်ိဳ႕ေက်ာင္းကေတာ့ မသင္တာေတြရွိတယ္။ အဲဒီအတြက္က်ေတာ့ ျပန္သြင္းခိုင္းရတယ္။ ဒီလိုစိစစ္မႈေတြ မၿပီးေသးတာပါ။ ေက်ာင္းတစ္ေက်ာင္းလံုးမွာ တစ္ေယာက္ပဲသင္ရင္ေတာ့ ခ်ေပးတဲ့ဘတ္ဂ်က္ အျပည့္ရပါတယ္" ဟု လဲခ်ား ၿမိဳ႕နယ္ပညာေရးမွဴး ေဒၚနန္းေသာင္းေအးက ေျပာသည္။

ပညာေရးဝန္ႀကီးဌာနမွ၂၀၁၅ - ၂၀၁၆ ပညာသင္ႏွစ္တြင္ လဲခ်ားၿမိဳ႕နယ္အတြက္ ႐ွမ္းစာသင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ားအတြက္ (၁၀) လစာအတြက္ တစ္ဦးလွ်င္ က်ပ္(၃)ေသာင္းႏႈန္းျဖင့္ လူဦးေရ (၉၀)အတြက္ က်ပ္သိန္းေပါင္း (၂၇၀) ခ်ထားေပးရာတြင္ ေက်ာင္းေပါင္း (၆၇)ေက်ာင္း႐ွိသည့္အနက္ အခ်ိဳ႕ေက်ာင္းမ်ားတြင္ သင္ၾကားျခင္း မရွိျခင္းႏွင့္ မီးဖြားခြင့္ယူထားသည့္ ဆရာမမ်ားအတြက္ ခြဲတမ္းကို မေပးေဝေသးဘဲ ထိန္းသိမ္းထားျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

"ကြၽန္ေတာ္တို႔ အၿမဲဘဏ္႐ွင္းတမ္းတက္ရၿပီး စာရင္းစစ္ဌာနလည္း႐ွိတယ္။ စာရင္း႐ွိတာက (၉၀)ဦးေပးရမွာ တစ္ခ်ိဳ႕ မသင္တဲ့ေက်ာင္းေတြအတြက္ ေငြျပန္သြင္းရဖို႔ရွိပါတယ္။ ဒါကိုအခ်ိဳ႕က ပြင့္ပြင့္လင္းလင္း ထိပ္တိုက္မေမးဘဲ သံသယေတြနဲ႔ ျမင္ေနတာေတြ႐ွိေတာ့ မေကာင္းဘူး။ ေမလထဲစာရင္းစစ္ေတြလည္း ဝင္စစ္မွာပါ။ ေနာက္မွက်န္တဲ့ေက်ာင္းေတြကို ထုတ္ေပးမွာပါ"ဟု ဒုၿမိဳ႕နယ္ပညာေရးမွဴး ဦးကိုဝင္းထူးက ေျပာသည္။

အမက (၂)ၿမိဳ႕ေပၚေက်ာင္းတြင္ ေက်ာင္းသားဦးေရမ်ားေသာေၾကာင့္ ဆရာ (၂) ဦးႏွင့္ သင္ၾကားေပးလွ်က္ရွိရာ အဆိုပါ ဆရာမ်ားအတြက္ လုပ္အားခအျပည့္ရရိွထားၿပီးျဖစ္ေၾကာင္း ေက်ာင္းအုပ္ဆရာမႀကီးထံမွ သိရသည္။

သတင္း။  ။ ဟံႏိုင္

........................

ဟံနိုင် - Tachileik News Agency
လဲချား၊ မေလ (၇)ရက်

ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် ကျောင်းများ၌ ရှမ်းစာပေသင်ကြားပေးသော ဆရာ၊ ဆရာမများအား မြို့နယ်ပညာရေးမှူးမှ လုပ်အားခ အပြည့်အဝမပေးဟု သတင်းများ ထွက်ပေါ်နခြေင်းမှာ ကောလာဟလသာဖြစ်ကြောင်း လဲချားမြို့နယ်ပညာရေးမှူးက ပြောကြားလိုက်သည်။

"အပြည့်အဝမပေးတာ မဟုတ်ပါဘူး။ တကယ်တမ်း ဘတ်ဂျက်ချပေးတာ တစ်ကျောင်းကို လူဦးရေ(၉၀)စာပဲ ချပေးတယ်။ တစ်ချို့ကျောင်းတွေမှာ ဆရာမ(၅)ယောက်လောက်ဆိုတော့ အဲဒါတွေခွဲပေးရတယ်။ တစ်ချို့ကျောင်းကတော့ မသင်တာတွေရှိတယ်။ အဲဒီအတွက်ကျတော့ ပြန်သွင်းခိုင်းရတယ်။ ဒီလိုစိစစ်မှုတွေ မပြီးသေးတာပါ။ ကျောင်းတစ်ကျောင်းလုံးမှာ တစ်ယောက်ပဲသင်ရင်တော့ ချပေးတဲ့ဘတ်ဂျက် အပြည့်ရပါတယ်" ဟု လဲချား မြို့နယ်ပညာရေးမှူး ဒေါ်နန်းသောင်းအေးက ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်တွင် လဲချားမြို့နယ်အတွက် ရှမ်းစာသင်ကြားပေးသော ဆရာ၊ ဆရာမများအတွက် (၁၀) လစာအတွက် တစ်ဦးလျှင် ကျပ်(၃)သောင်းနှုန်းဖြင့် လူဦးရေ (၉၀)အတွက် ကျပ်သိန်းပေါင်း (၂၇၀) ချထားပေးရာတွင် ကျောင်းပေါင်း (၆၇)ကျောင်းရှိသည့်အနက် အချို့ကျောင်းများတွင် သင်ကြားခြင်း မရှိခြင်းနှင့် မီးဖွားခွင့်ယူထားသည့် ဆရာမများအတွက် ခွဲတမ်းကို မပေးဝေသေးဘဲ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။

"ကျွန်တော်တို့ အမြဲဘဏ်ရှင်းတမ်းတက်ရပြီး စာရင်းစစ်ဌာနလည်းရှိတယ်။ စာရင်းရှိတာက (၉၀)ဦးပေးရမှာ တစ်ချို့ မသင်တဲ့ကျောင်းတွေအတွက် ငွပြေန်သွင်းရဖို့ရှိပါတယ်။ ဒါကိုအချို့က ပွင့်ပွင့်လင်းလင်း ထိပ်တိုက်မမေးဘဲ သံသယတွေနဲ့ မြင်နေတာတွေရှိတော့ မကောင်းဘူး။ မေလထဲစာရင်းစစ်တွေလည်း ဝင်စစ်မှာပါ။ နောက်မှကျန်တဲ့ကျောင်းတွေကို ထုတ်ပေးမှာပါ"ဟု ဒုမြို့နယ်ပညာရေးမှူး ဦးကိုဝင်းထူးက ပြောသည်။

အမက (၂)မြို့ပေါ်ကျောင်းတွင် ကျောင်းသားဦးရေများသောကြောင့် ဆရာ (၂) ဦးနှင့် သင်ကြားပေးလျှက်ရှိရာ အဆိုပါ ဆရာများအတွက် လုပ်အားခအပြည့်ရရှိထားပြီးဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

သတင်း။ ဟံနိုင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~