တာခ်ီလိတ္သို႔ တင္ပို႔ေနသည့္ မႏၱေလးကြမ္း အထြက္ႏႈန္းနည္းလာ၍ ေစ်းျမင့္လာ

တာခ်ီလိတ္သို႔ တင္ပို႔ေနသည့္ မႏၱေလးကြမ္း အထြက္ႏႈန္းနည္းလာ၍ ေစ်းျမင့္လာ
မေ 24, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ (၂၄) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ တင္ပို႔ေနသည့္ မႏၱေလးတိုင္းေဒသအတြင္း ကြမ္းစိုက္ေဒသမ်ားတြင္ ကြမ္းအထြက္ႏႈန္းနည္းသြား၍ ကြမ္းရြက္ေစ်းျမင့္လာေနေၾကာင္း ေဒသတြင္း ကြမ္းေစ်းကြက္မွ သိရသည္။

“ကြမ္းရြက္က လိုအပ္သေလာက္ မရေတာ့ဘူး။ (၄)ျခင္းေလာက္မွာရင္ (၁)ျခင္းေလာက္ပဲ ရေတာ့တယ္။ ကြမ္းစိုက္တဲ့ ေဒသေတြမွာ မိုးသီးဒဏ္ေၾကာင့္ ကြမ္းၿခံေတြပ်က္စီးၿပီး ကြမ္းအထြက္ႏႈန္းနည္းသြားတာရယ္  ေနာက္ၿပီး အပူဒဏ္ေၾကာင့္လည္း ကြမ္းအထြက္ႏႈန္းနည္းသြားတယ္။ ကြမ္းရြက္ေတြ ရွားပါးသြားေတာ့ အခုလတ္တေလာမွာ ကြမ္းရြက္ေစ်းက အဆမတန္တက္လာတယ္။”ဟု တာခ်ီလိတ္ၿမိဳ႕မွ ကြမ္းရြက္ေရာင္းသူ ဦးေအာင္မ်ိဳး၀င္းက ေျပာသည္။

မႏၱေလးမွကြမ္းရြက္ေစ်းသည္ ေမလ(၁၇)ရက္ေန႔တြင္ တစ္ပိႆာ က်ပ္(၇,၀၀၀)ႏႈန္းျဖင့္ ေစ်းစတင္ ျမင့္လာျခင္းျဖစ္ၿပီး ေမလ(၂၀)ရက္ေန႔တြင္ တစ္ပိႆာလွ်င္ က်ပ္(၁၂,၀၀၀)မွ (၁၅,၀၀၀) ၀န္းက်င္အထိ တက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

 “အခုပြဲရုံကိုလည္း ကြမ္းစိုက္သူေတြက ကြမ္းရြက္ သိပ္မသြင္းႏိုင္ေတာ့ဘူး။ တျခားနယ္ေတြကို ပို႔တဲ့ အခါမွာလည္း လိုအပ္သေလာက္ မပို႔ႏိုင္ေတာ့ဘူး။ ကြမ္းအထြက္ႏႈန္းေတြနည္းသြားေတာ့ ဒီဖက္မွာလည္း ကြမ္းရြက္ေစ်းေတြတက္ကုန္တာပါ။”ဟု မႏၱေလးၿမိဳ႕ လွမ်ိဳးသိမ္းကြမ္းပြဲရုံမွ မသႏၱာေအးက ေျပာသည္။

မႏၱေလးတိုင္းအတြင္း ဧၿပီလက မိုးသီးဒဏ္ေၾကာင့္ ကြမ္းၿခံေတာ္ေတာ္မ်ားမ်ား ပ်က္စီးသြားသည့္အျပင္ လက္ရိွ ရာသီဥတုအပူခ်ိန္ျမင့္မားလာသျဖင့္ ကြမ္းရြက္အထြက္ႏႈန္းက်ဆင္းလာျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ
………..

တာချီလိတ်၊ မေလ (၂၄) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ တင်ပို့နေသည့် မန္တလေးတိုင်းဒေသအတွင်း ကွမ်းစိုက်ဒေသများတွင် ကွမ်းအထွက်နှုန်းနည်းသွား၍ ကွမ်းရွက်ဈေးမြင့်လာနေကြောင်း ဒေသတွင်း ကွမ်းဈေးကွက်မှ သိရသည်။

“ကွမ်းရွက်က လိုအပ်သလောက် မရတော့ဘူး။ (၄)ခြင်းလောက်မှာရင် (၁)ခြင်းလောက်ပဲ ရတော့တယ်။ ကွမ်းစိုက်တဲ့ ဒေသတွေမှာ မိုးသီးဒဏ်ကြောင့် ကွမ်းခြံတွေပျက်စီးပြီး ကွမ်းအထွက်နှုန်းနည်းသွားတာရယ် နောက်ပြီး အပူဒဏ်ကြောင့်လည်း ကွမ်းအထွက်နှုန်းနည်းသွားတယ်။ ကွမ်းရွက်တွေ ရှားပါးသွားတော့ အခုလတ်တလောမှာ ကွမ်းရွက်ဈေးက အဆမတန်တက်လာတယ်။”ဟု တာချီလိတ်မြို့မှ ကွမ်းရွက်ရောင်းသူ ဦးအောင်မျိုးဝင်းက ပြောသည်။

မန္တလေးမှကွမ်းရွက်ဈေးသည် မေလ(၁၇)ရက်နေ့တွင် တစ်ပိဿါ ကျပ်(၇,ဝဝဝ)နှုန်းဖြင့် ဈေးစတင် မြင့်လာခြင်းဖြစ်ပြီး မေလ(၂၀)ရက်နေ့တွင် တစ်ပိဿါလျှင် ကျပ်(၁၂,ဝဝဝ)မှ (၁၅,ဝဝဝ) ဝန်းကျင်အထိ တက်လာခြင်းဖြစ်ကြောင်း သိရသည်။

 “အခုပွဲရုံကိုလည်း ကွမ်းစိုက်သူတွေက ကွမ်းရွက် သိပ်မသွင်းနိုင်တော့ဘူး။ တခြားနယ်တွေကို ပို့တဲ့ အခါမှာလည်း လိုအပ်သလောက် မပို့နိုင်တော့ဘူး။ ကွမ်းအထွက်နှုန်းတွေနည်းသွားတော့ ဒီဖက်မှာလည်း ကွမ်းရွက်ဈေးတွေတက်ကုန်တာပါ။”ဟု မန္တလေးမြို့ လှမျိုးသိမ်းကွမ်းပွဲရုံမှ မသန္တာအေးက ပြောသည်။

မန္တလေးတိုင်းအတွင်း ဧပြီလက မိုးသီးဒဏ်ကြောင့် ကွမ်းခြံတော်တော်များများ ပျက်စီးသွားသည့်အပြင် လက်ရှိ ရာသီဥတုအပူချိန်မြင့်မားလာသဖြင့် ကွမ်းရွက်အထွက်နှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~