မိုးသီးနှင့်လေပြင်းဒဏ်ကြောင့် ပျက်စီးကွမ်းခြံများ သုံးလခန့်ကြာမှ မူလအခြေအနေ ပြန်ရောက်နိုင်မည်

မိုးသီးနှင့်လေပြင်းဒဏ်ကြောင့် ပျက်စီးကွမ်းခြံများ သုံးလခန့်ကြာမှ မူလအခြေအနေ ပြန်ရောက်နိုင်မည်
မေ 7, 2016
By Tachileik News Agency

တာချီလိတ်၊ မေလ(၇)ရက်

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးသီးကျခြင်း၊ လေပြင်းတိုက်ခြင်းများကြောင့် ပျက်စီးသွားသည့်ကွမ်းခြံများ မူလကွမ်းထွက်နှုန်း ပြန်လည်ရရှိရန် အချိန်(၃)လခန့်ကြာမြင့်မည်ဖြစ်ကြောင်း ကွမ်းစိုက်သူများထံမှ သိရသည်။


ကွမ်းခြံများတွင် ကွမ်းရွက်ပုံမှန်ထွက်ဖြစ်သည့် နွေရာသီအတွင်း မိုးသီးကျခြင်းနှင့် လေပြင်းတိုက်ခြင်းများကြောင့် ကွမ်းအထွက်နှုန်းထွက်ကျဆင်းသွားပြီး မန္တလေးပွဲရုံများသို့ တင်ပို့မှုမှာလည်း ကျဆင်းသွားကြောင်း သိရသည်။


ဧပြီလနောက်ဆုံးပတ်အတွင်း မန္တလေးမြို့အနီးတဝိုက် ကွမ်းစိုက်ဒေသများတွင် မိုးသီးများကျခြင်း၊ လေပြင်းတိုက်ခြင်းတို့ကြောင့် ဒေသတွင်း ကွမ်းခြံများတစ်ဝက်နီးပါး ပျက်စီးးခဲ့ခြင်းကြောင့် ကွမ်းပွဲရုံများတွင် ဧပြီလအတွင်း ကွမ်းရွက်အ၀င်နည်းခဲ့ကြောင်း မန္တလေးမြို့ကွမ်းပွဲရုံလုပ်ကိုင်သူများထံမှ သိရသည်။


သတင်း။  ။ #ဇောင်းညီ

.......................

တာချီလိတ်၊ မေလ(၇)ရက်

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးသီးကျခြင်း၊ လပြေင်းတိုက်ခြင်းများကြောင့် ပျက်စီးသွားသည့်ကွမ်းခြံများ မူလကွမ်းထွက်နှုန်း ပြန်လည်ရရှိရန် အချိန်(၃)လခန့်ကြာမြင့်မည်ဖြစ်ကြောင်း ကွမ်းစိုက်သူများထံမှ သိရသည်။

"ကျွန်တော့်ခြံထဲက ကွမ်းပင်တွေ အကုန်လောက်နီးနီး လဲပြိုကုန်တာ။ အခုက ကွမ်းပင်ကို ထောင်တဲ့တိုင်တွေပါ အကုန်ပြိုလဲပြီး မိုးသီးဒဏ်ကြောင့် ကွမ်းပင်တွေလည်းသေသွားတယ်လေ။ ပျက်စီးသွားတာကို ပြန်ပြင်ဖို့ဆို နောက်ထပ်သုံးလကျော်လောက်စောင့်ရမှာ။ ကွမ်းအထွက်နှုန်းကတော့ သေချာပြောလို့ မရနိုင်ဘူး။ ကွမ်းခြံအကြီးအသေးပေါ်မူတည်တယ်" ဟု စဉ့်ကိုင်မြို့မှ ကွမ်းစိုက်တောင်သူ ဦးအုန်းမောင်ကပြောသည်။

ကွမ်းခြံများတွင် ကွမ်းရွက်ပုံမှန်ထွက်ဖြစ်သည့် နွေရာသီအတွင်း မိုးသီးကျခြင်းနှင့် လပြေင်းတိုက်ခြင်းများကြောင့် ကွမ်းအထွက်နှုန်းထွက်ကျဆင်းသွားပြီး မန္တလေးပွဲရုံများသို့ တင်ပို့မှုမှာလည်း ကျဆင်းသွားကြောင်း သိရသည်။

 “ကွမ်းခြံတော်တော်များများဟာ မိုးသီးဒဏ်ကြောင့် ကွမ်းရွက်တွေသေကုန်ပြီး အထွက်နှုန်းနည်းကုန်တယ်။ ခန့်မှန်းရသလောက် ကွမ်းခြံတစ်ဝက်နီးပါး ပျက်ဆီးသွားတယ်။ ပြန်လည်ဖြစ်ထွန်းဖို့ သုံးလလောက် ထပ်စောင့်ရမှာ။” ဟု မန္တလေးမြို့ရှိ လှမျိုးသိမ်းကွမ်းပွဲရုံမှ မသန္တာအေးကပြောသည်။

ဧပြီလနောက်ဆုံးပတ်အတွင်း မန္တလေးမြို့အနီးတဝိုက် ကွမ်းစိုက်ဒေသများတွင် မိုးသီးများကျခြင်း၊ လပြေင်းတိုက်ခြင်းတို့ကြောင့် ဒေသတွင်း ကွမ်းခြံများတစ်ဝက်နီးပါး ပျက်စီးခဲ့ခြင်းကြောင့် ကွမ်းပွဲရုံများတွင် ဧပြီလအတွင်း ကွမ်းရွက်အဝင်နည်းခဲ့ကြောင်း မန္တလေးမြို့ကွမ်းပွဲရုံလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် ကွမ်းပွဲရုံများသို့ ကွမ်းအဝင်နှုန်းနည်းသွားခြင်းကြောင့် ကွမ်းဈေးမှာလည်း ထက်ဝက်ကျော် တက်လာရာ ယခင်က ကွမ်းတစ်ပိဿလျှင်(၃၀၀၀)ကျပ်မှ ယခု တစ်ပိဿါလျှင်(၈၀၀၀)ကျပ်အထိ ဖြစ်လာကြောင်း သိရသည်။

သတင်း။ #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~