ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် RCSS/SSA တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးခိုလှုံနေရ

ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် RCSS/SSA တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးခိုလှုံနေရ
မေ 11, 2016
By Tachileik News Agency

ကျောက်မဲ၊ မေလ(၁၁)ရက်


တိုက်ပွဲဖြစ်ပွားရာဒေသများဖြစ်သော ဟူးဆွန်၊ ဟူးကွက်၊ ကိန်းလော၊ တွန့်ဟိုတ်ကျေးရွာများမှ စစ်ဘေးရှောင်(၆၀၀)ခန့် ကျောက်မဲမြို့ပေါ်ရှိ တောင်နောက်ကျောင်း၊ စလင်းကျောင်းနှင့် ၀ါဆိုကျောင်းများတွင် ယာယီ ခိုလုံလျှက်ရှိပြီး တောင်နောက်ကျောင်းတွင် လူဦးရေ(၂၅၀)ခန့်၊ စလင်းကျောင်းတွင် (၁၅၀)ခန့်၊ ၀ါဆိုကျောင်းတွင်(၁၀၀)ခန့်ရှိနေပြီး ထပ်မံ၍ ၀င်ရောက်လာမှုများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၁၅ ခုနှစ်အတွင်း တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)နှင့် ရှမ်းပြည်(တောင်ပိုင်း) လက်နက်ကိုင်အဖွဲ့(RCSS/SSA)တို့ ဖြစ်ပွားသော တိုက်ပွဲကြောင့် ဒေသခံရွာသားပေါင်း တစ်သောင်းကျော် ကျောက်မဲမြို့ပေါ်နှင့် အခြားသော ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သင်္ကြန်ကာလအတွင်း အခြေအနေ အေးချမ်းသဖြင့် နေရပ်များသို့ ပြန်သွားခဲ့ရာ ယခု မေ လဆန်းပိုင်းတွင် တိုက်ပွဲများ တစ်ကျော့ပြန်လည် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းနှင့်ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ အပြန်အလှန် စွပ်စွဲပြောဆိုမှုများလည်းရှိနေခြင်းဖြစ်သည်။

သတင်း။  ။ ကိုဇက်

...................

ကျောက်မဲ၊ မေလ(၁၁)ရက်
ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်ထဲအတွင်း တအာင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA)နှင့် ရှမ်းပြည်(တောင်ပိုင်း)ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ အကြားတိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံရွာသား(၆၀၀)ကျော်ခန့် ကျောက်မဲမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံလျှက်ရှိကြောင်း သိရသည်။

"မေလ(၅)ရက်နေ့ ညနေပိုင်းပေါ့။ ရောက်လာတာတောင် အယောက်(၂၅၀)လောက်ရှိတယ်။ လူတွေပိုပြီး များလာတယ်။ အားလုံးပေါင်းဆိုရင် (၆၀၀)ကျော်လောက်ရှိမယ်။ သူတို့ အိပ်ဖို့အတွက် စောင်တွေလိုနေလို့ ဘိုးဘွားရိပ်သာအဖွဲ့ကသွားပြီးလှူခဲ့တယ်။ ဆန်(၁၀)အိတ်နဲ့ ဆီ(၂)ပုံးလည်း သွားပို့ထားတယ်။ ကျွန်တော်တို့ မြို့ကိုပြေးလာတယ်ဆိုတော့ လစ်လျူရှုပြီးလည်း မနေနိုင်ဘူး။ ခေတ္တ ခဏဆိုရင် စောင့်ရှောက်ပေးလို့ရပေမဲ့ ကြာလာရင်တော့ နိုင်ငံတော်အစိုးရအစီအစဉ်နဲ့မှရမယ်ဗျ"ဟု ကျောက်မဲမြို့ ဘိုးဘွားရိပ်သာမှ တာဝန်ခံ ကိုသားဇော်က ပြောသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများဖြစ်သော ဟူးဆွန်၊ ဟူးကွက်၊ ကိန်းလော၊ တွန့်ဟိုတ်ကျေးရွာများမှ စစ်ဘေးရှောင်(၆၀၀)ခန့် ကျောက်မဲမြို့ပေါ်ရှိ တောင်နောက်ကျောင်း၊ စလင်းကျောင်းနှင့် ဝါဆိုကျောင်းများတွင် ယာယီ ခိုလုံလျှက်ရှိပြီး တောင်နောက်ကျောင်းတွင် လူဦးရေ(၂၅၀)ခန့်၊ စလင်းကျောင်းတွင် (၁၅၀)ခန့်၊ ဝါဆိုကျောင်းတွင်(၁၀၀)ခန့်ရှိနပြေီး ထပ်မံ၍ ဝင်ရောက်လာမှုများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၁၅ ခုနှစ်အတွင်း တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)နှင့် ရှမ်းပြည်(တောင်ပိုင်း) လက်နက်ကိုင်အဖွဲ့(RCSS/SSA)တို့ ဖြစ်ပွားသော တိုက်ပွဲကြောင့် ဒေသခံရွာသားပေါင်း တစ်သောင်းကျော် ကျောက်မဲမြို့ပေါ်နှင့် အခြားသော ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သင်္ကြန်ကာလအတွင်း အခြေအနေ အေးချမ်းသဖြင့် နေရပ်များသို့ ပြန်သွားခဲ့ရာ ယခု မေ လဆန်းပိုင်းတွင် တိုက်ပွဲများ တစ်ကျော့ပြန်လည် ဖြစ်ပွားနခြေင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းနှင့်ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ အပြန်အလှန် စွပ်စွဲပြောဆိုမှုများလည်းရှိနခြေင်းဖြစ်သည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~