(ေဆာင္းပါး) ၁၂ တန္း ပညာေရး အစ “KG”ႏွင့္ ေျပာင္းလဲလာမည့္ သင္ၾကားေရးစနစ္

(ေဆာင္းပါး) ၁၂ တန္း ပညာေရး အစ “KG”ႏွင့္ ေျပာင္းလဲလာမည့္ သင္ၾကားေရးစနစ္
မေ 29, 2016
By Tachileik News Agency
ေဆာင္းပါးရွင္။  ။ ဦးခင္ေမာင္ျမင့္ (ေရႊမဟာ)

ပညာေရးေဆာင္းပါး
အေျခခံပညာေရးကို "Kindergarten (KG)တန္းမွ Grade eleven " အထိ (၁၂)တန္းပညာေရးထားရွိဖို႔ ၿပီးခဲ့တဲ့ အစိုးရေဟာင္းလက္ထက္ကတည္းက အမ်ိဳးသားပညာေရး ဥပေဒမ်ား ေရးဆဲြခဲ့ၾကပါတယ္။

KG တန္းဆိုတာ သူငယ္တန္းပါပဲ။ ယခင္ကေတာ့ သူငယ္တန္းကို Grade one လို႔ သတ္မွတ္ခဲ့ေပမဲ့ စနစ္သစ္မွာ ပထမတန္းကို Grade one လို႔ သတ္မွတ္ပါတယ္။ KG စတက္တဲ့ ကေလးေတြဟာ Grade Eleven အထိ (၁၂)တန္း ပညာေရးကို သင္ၾကားရမွာျဖစ္ပါတယ္။ အဘိဓာန္မွာ Kindergarten ကို သူငယ္တန္းလို႔ ဖြင့္ဆိုပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ ပထမတန္းကို ကူးေျပာင္းမႈ လြယ္ကူေစဖို႔ အသက္(၅)ႏွစ္ျပည့္ၿပီး ကေလးမ်ားအတြက္ ဘက္စံုဖြံ႕ၿဖိဳးမႈႏွင့္ သင့္ေလ်ာ္ေသာ နည္းလမ္းမ်ားကို အသံုးျပဳၿပီး ျပဳစုပ်ိဳးေထာင္ေပးတဲ့ ပညာေရးပါပဲ။

ဒီသူငယ္တန္း သင္႐ိုးသစ္ ထြက္လာေအာင္ (၂၀၁၃)ခုႏွစ္ကစၿပီး အေျခခံမူခ်မွတ္ကာ အစပ်ိဳးခဲ့ၾကပါတယ္။ ႏိုင္ငံတကာ ပညာေရးပညာရွင္ Miss Margarette နဲ႔ ျပည္တြင္းပညာေရး ပညာရွင္မ်ား အႀကိမ္ႀကိမ္ ဝိုင္းဝန္း ျပဳစုခဲ့ရတယ္လို႔ ဆိုပါတယ္။

သူငယ္တန္း(KG) သင္႐ိုးသစ္ေရးဆဲြေရးမွာ ဥကၠဌ အျဖစ္တာဝန္ယူရတဲ့ ေဒါက္တာခင္မ်ိဳးျမင့္ၾကဴ နဲ႔အတူ အေျခခံပညာမွ ဆရာမ်ား၊ ပညာေရးေကာလိပ္မွဆရာမ်ား၊ ပညာေရး သုေတသန သင္႐ိုးအဖဲြ႕ဝန္ထမ္းမ်ားဟာ ပါေမာကၡေဒါက္တာသိန္းလြင္(ပညာေရးစိတ္ပညာရွင္)၊ ေဒါက္တာျမင့္သိန္း(သင္႐ိုးၫႊန္းတမ္း ဆိုင္ရာပညာရွင္)၊ ေဒါက္တာဝင္းေအာင္(ဘာသာစကားဆိုင္ရာ ပညာရွင္) တို႔ရဲ႕ အနီးကပ္ ႀကီးၾကပ္လမ္းၫႊန္မႈကို ခံယူၿပီး ေရးဆဲြခဲ့ၾကတယ္လို႔ သိရပါတယ္။

သူငယ္တန္းနဲ႔ ပတ္သက္ၿပီး အခက္အခဲေတာ့ အနည္းငယ္ ရွိႏိုင္ပါတယ္။ မိဘေတြအေနနဲ႔ သားသမီးေတြ ေက်ာင္းက ျပန္ေရာက္လာရင္ စာအုပ္ေတြထုတ္ၿပီး စစ္ေဆးတတ္ၾကပါတယ္။ စာအုပ္ထဲမွာစာရွိမွ၊ နႈတ္က တတြတ္တြတ္ရြတ္ျပႏိုင္မွ သေဘာက်တတ္ၾကပါတယ္။ ယခု သူငယ္တန္းသင္႐ိုးသစ္ဟာ မူေဟာင္းမွာ ဖက္တြယ္ထားမိတဲ့ မိဘေတြနဲ႔ သင္ၾကားေပးရမယ့္ ဆရာ/ဆရာမေတြအၾကား အနည္းငယ္ေတာ့ အခက္အခဲ ရွိပါလိမ့္မယ္။ ကေလးေတြဟာ စနစ္ေဟာင္းကလို ျပဌာန္းစာအုပ္ကလာတဲ့ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ စတဲ့စာေတြကို မသင္ရေတာ့ပါဘူး။ စာထက္ပညာကိုသာ သင္ၾကရမွာျဖစ္ပါတယ္။ စာ ဆိုတာ ပညာကို မ်ားမ်ားနဲ႔ျမန္ျမန္ရယူတဲ့ နည္းစနစ္သာျဖစ္တယ္လို႔ ဆိုပါတယ္။

ကေလးေတြဟာ စာမ်ားမ်ားသင္၊ စာမ်ားမ်ားေရးေနရံုနဲ႔ ပညာတတ္ေတြ မျဖစ္ႏိုင္ဘူးလို႔ ဆိုပါတယ္။ စာကိုအလြတ္က်က္မွတ္ၿပီး ၾကက္တူေရြး စာအံသေလာက္သာ တတ္တဲ့စနစ္ထက္ ကိုယ္တိုင္ နားလည္ သေဘာေပါက္ ထိုးထြင္းႀကံဆႏိုင္တဲ့ ပညာစစ္စစ္ရႏိုင္ဖို႔ ဒီသူငယ္တန္းစနစ္သစ္ကို ျပဌာန္းတယ္လို႔လည္း ဆိုပါတယ္။

သူငယ္တန္းကေလးေတြကို သူတို႔အရြယ္ ဖြံ႕ၿဖိဳးမႈနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေစမယ့္ ပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြျဖစ္ေစမယ့္ ပညာေရးအရ လိုက္ေလ်ာညီေထြျဖစ္ေစမယ့္ သင္႐ိုးသစ္မွာ ဘာသာရပ္ခဲြျခားမႈ မရွိေတာ့ဘဲ သင္ယူဖံြ႕ၿဖိဳးမႈနယ္ပယ္ေျခာက္ခုနဲ႔ ဖြဲ႕စည္းၿပီး သင္ၾကားေပးသြားရမွာ ျဖစ္ပါတယ္။

အဲဒီနယ္ပယ္ ေျခာက္ခုက-

  • (၁) ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာျခင္း၊ 
  • (၂) စာရိတၱ၊ မိတၱနဲ႔ စိတ္လႈပ္ရွားမႈဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ျခင္း၊
  • (၃) အျပန္အလွန္ေျပာဆိုဆက္ဆံျခင္း၊ 
  • (၄) သခ်ၤာ အေျခခံမ်ားကို စူးစမ္းေလ့လာျခင္း၊ 
  • (၅) အႏုပညာရသခံစားျခင္းနဲ႔ ဖန္တီးျခင္း၊ 
  • (၆) ပတ္ဝန္းက်င္ေလာကကို သိရွိနားလည္ျခင္း တို႔ျဖစ္ပါတယ္။

နယ္ပယ္တစ္ခုခ်င္းကို သက္ဆိုင္ရာ တတ္သိကၽြမ္းက်င္မႈ ရရွိေစဖို႔ အေၾကာင္းအရာ(၁၅)ခုနဲ႔ ခ်ိတ္ဆက္သင္ေပးရမွာ ျဖစ္ပါတယ္။

အဲဒီ အေၾကာင္းအရာေတြက-

  • (၁) မိမိအေၾကာင္း၊ 
  • (၂) တို႔မိသားစု၊ 
  • (၃) တို႔ေက်ာင္း၊
  • (၄) တို႔ရပ္ရြာ၊ 
  • (၅) အပင္မ်ား၊ 
  • (၆) ရာသီဥတု၊ 
  • (၇) သယ္ယူပို႔ေဆာင္ေရး၊ 
  • (၈) ေစ်းမ်ား၊ 
  • (၉) ပဲြေတာ္မ်ား၊ 
  • (၁၀) ငါး၊ 
  • (၁၁) ေရ၊
  • (၁၂) ပိုးေကာင္ေလးမ်ား၊ 
  • (၁၃) အိမ္မ်ား၊ 
  • (၁၄) ငွက္မ်ားႏွင့္ 
  • (၁၅) ႏို႔တိုက္သတၱဝါမ်ား တို႔ျဖစ္ပါတယ္။

ဒီသေဘာတရား အေၾကာင္းအရာေတြကို ကေလးေတြ သိႏိုင္ေအာင္၊ နားလည္အကၽြမ္းတဝင္ရွိလာေအာင္ ခ်ဥ္းကပ္နည္း(၃)မ်ိဳးျဖစ္တဲ့

  • (၁) ကေလးဗဟိုျပဳခ်ဥ္းကပ္နည္း၊ 
  • (၂) ကစားျခင္းျဖင့္သင္ယူနည္း ႏွင့္ 
  • (၃) အေၾကာင္းအရာ အေျချပဳခ်ဥ္းကပ္နည္းေတြနဲ႔ သင္ၾကားေပးရမွာျဖစ္ပါတယ္။ 

KG တန္းမွာ စာအုပ္ထဲမွာ စာေရးခိုင္းၿပီး သင္ေပးရမွာလည္း မဟုတ္ပါဘူး။ (က မွ အ )အထိ ဗ်ည္း(၃၃)လံုးထဲမွ ကေလးမ်ားအတြက္ ခက္ခဲေစမယ့္ (ဃ၊စ်၊႗၊႒၊ၮ၊ဎ၊ဏ၊ဠ)ေတြကိုဖယ္ၿပီး က်န္တဲ့ ဗ်ည္းေတြကိုေတာင္ ပညာသင္ႏွစ္ကုန္ဖို႔ သံုးလေလာက္မွ သင္ေပးရပါလိမ့္မယ္။

ဒီသေဘာတရားေတြကို KG တန္းတက္မယ့္ ကေလးေတြရဲ႕ မိဘေတြ ႀကိဳတင္သိဖို႔ ႀကိဳးစားရမွာပါပဲ။

ဦးခင္ေမာင္ျမင့္ (ေရႊမဟာ)
...................
ပညာရေးဆောင်းပါး
အခြေခံပညာရေးကို "Kindergarten (KG)တန်းမှ Grade eleven " အထိ (၁၂)တန်းပညာရေးထားရှိဖို့ ပြီးခဲ့တဲ့ အစိုးရဟောင်းလက်ထက်ကတည်းက အမျိုးသားပညာရေး ဥပဒေများ ရေးဆွဲခဲ့ကြပါတယ်။
KG တန်းဆိုတာ သူငယ်တန်းပါပဲ။ ယခင်ကတော့ သူငယ်တန်းကို Grade one လို့ သတ်မှတ်ခဲ့ပေမဲ့ စနစ်သစ်မှာ ပထမတန်းကို Grade one လို့ သတ်မှတ်ပါတယ်။ KG စတက်တဲ့ ကလေးတွေဟာ Grade Eleven အထိ (၁၂)တန်း ပညာရေးကို သင်ကြားရမှာဖြစ်ပါတယ်။ အဘိဓာန်မှာ Kindergarten ကို သူငယ်တန်းလို့ ဖွင့်ဆိုပါတယ်။ ရည်ရွယ်ချက်ကတော့ ပထမတန်းကို ကူးပြောင်းမှု လွယ်ကူစေဖို့ အသက်(၅)နှစ်ပြည့်ပြီး ကလေးများအတွက် ဘက်စုံဖွံ့ဖြိုးမှုနှင့် သင့်လျော်သော နည်းလမ်းများကို အသုံးပြုပြီး ပြုစုပျိုးထောင်ပေးတဲ့ ပညာရေးပါပဲ။
ဒီသူငယ်တန်း သင်ရိုးသစ် ထွက်လာအောင် (၂၀၁၃)ခုနှစ်ကစပြီး အခြေခံမူချမှတ်ကာ အစပျိုးခဲ့ကြပါတယ်။ နိုင်ငံတကာ ပညာရေးပညာရှင် Miss Margarette နဲ့ ပြည်တွင်းပညာရေး ပညာရှင်များ အကြိမ်ကြိမ် ဝိုင်းဝန်း ပြုစုခဲ့ရတယ်လို့ ဆိုပါတယ်။
သူငယ်တန်း(KG) သင်ရိုးသစ်ရေးဆွဲရေးမှာ ဥက္ကဌ အဖြစ်တာဝန်ယူရတဲ့ ဒေါက်တာခင်မျိုးမြင့်ကြူ နဲ့အတူ အခြေခံပညာမှ ဆရာများ၊ ပညာရေးကောလိပ်မှဆရာများ၊ ပညာရေး သုတေသန သင်ရိုးအဖွဲ့ဝန်ထမ်းများဟာ ပါမောက္ခဒေါက်တာသိန်းလွင်(ပညာရေးစိတ်ပညာရှင်)၊ ဒေါက်တာမြင့်သိန်း(သင်ရိုးညွှန်းတမ်း ဆိုင်ရာပညာရှင်)၊ ဒေါက်တာဝင်းအောင်(ဘာသာစကားဆိုင်ရာ ပညာရှင်) တို့ရဲ့ အနီးကပ် ကြီးကြပ်လမ်းညွှန်မှုကို ခံယူပြီး ရေးဆွဲခဲ့ကြတယ်လို့ သိရပါတယ်။
သူငယ်တန်းနဲ့ ပတ်သက်ပြီး အခက်အခဲတော့ အနည်းငယ် ရှိနိုင်ပါတယ်။ မိဘတွေအနေနဲ့ သားသမီးတွေ ကျောင်းက ပြန်ရောက်လာရင် စာအုပ်တွေထုတ်ပြီး စစ်ဆေးတတ်ကြပါတယ်။ စာအုပ်ထဲမှာစာရှိမှ၊ နှုတ်က တတွတ်တွတ်ရွတ်ပြနိုင်မှ သဘောကျတတ်ကြပါတယ်။ ယခု သူငယ်တန်းသင်ရိုးသစ်ဟာ မူဟောင်းမှာ ဖက်တွယ်ထားမိတဲ့ မိဘတွေနဲ့ သင်ကြားပေးရမယ့် ဆရာ/ဆရာမတွေအကြား အနည်းငယ်တော့ အခက်အခဲ ရှိပါလိမ့်မယ်။ ကလေးတွေဟာ စနစ်ဟောင်းကလို ပြဌာန်းစာအုပ်ကလာတဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ စတဲ့စာတွေကို မသင်ရတော့ပါဘူး။ စာထက်ပညာကိုသာ သင်ကြရမှာဖြစ်ပါတယ်။ စာ ဆိုတာ ပညာကို များများနဲ့မြန်မြန်ရယူတဲ့ နည်းစနစ်သာဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးတွေဟာ စာများများသင်၊ စာများများရေးနေရုံနဲ့ ပညာတတ်တွေ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ စာကိုအလွတ်ကျက်မှတ်ပြီး ကြက်တူရွေး စာအံသလောက်သာ တတ်တဲ့စနစ်ထက် ကိုယ်တိုင် နားလည် သဘောပေါက် ထိုးထွင်းကြံဆနိုင်တဲ့ ပညာစစ်စစ်ရနိုင်ဖို့ ဒီသူငယ်တန်းစနစ်သစ်ကို ပြဌာန်းတယ်လို့လည်း ဆိုပါတယ်။
သူငယ်တန်းကလေးတွေကို သူတို့အရွယ် ဖွံ့ဖြိုးမှုနဲ့ လိုက်လျောညီထွဖြေစ်စေမယ့် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွဖြေစ်စေမယ့် ပညာရေးအရ လိုက်လျောညီထွဖြေစ်စေမယ့် သင်ရိုးသစ်မှာ ဘာသာရပ်ခွဲခြားမှု မရှိတော့ဘဲ သင်ယူဖွံ့ဖြိုးမှုနယ်ပယ်ခြောက်ခုနဲ့ ဖွဲ့စည်းပြီး သင်ကြားပေးသွားရမှာ ဖြစ်ပါတယ်။ 
အဲဒီနယ်ပယ် ခြောက်ခုက-
(၁) ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း၊ 
(၂) စာရိတ္တ၊ မိတ္တနဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း၊
(၃) အပြန်အလှန်ပြောဆိုဆက်ဆံခြင်း၊ 
(၄) သင်္ချာ အခြေခံများကို စူးစမ်းလေ့လာခြင်း၊ 
(၅) အနုပညာရသခံစားခြင်းနဲ့ ဖန်တီးခြင်း၊ 
(၆) ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်း တို့ဖြစ်ပါတယ်။
နယ်ပယ်တစ်ခုချင်းကို သက်ဆိုင်ရာ တတ်သိကျွမ်းကျင်မှု ရရှိစေဖို့ အကြောင်းအရာ(၁၅)ခုနဲ့ ချိတ်ဆက်သင်ပေးရမှာ ဖြစ်ပါတယ်။ 
အဲဒီ အကြောင်းအရာတွေက-
  • (၁) မိမိအကြောင်း၊ 
  • (၂) တို့မိသားစု၊ 
  • (၃) တို့ကျောင်း၊
  • (၄) တို့ရပ်ရွာ၊ 
  • (၅) အပင်များ၊ 
  • (၆) ရာသီဥတု၊ 
  • (၇) သယ်ယူပို့ဆောင်ရေး၊ 
  • (၈) ဈေးများ၊ 
  • (၉) ပွဲတော်များ၊ 
  • (၁၀) ငါး၊ 
  • (၁၁) ရေ၊
  • (၁၂) ပိုးကောင်လေးများ၊ 
  • (၁၃) အိမ်များ၊ 
  • (၁၄) ငှက်များနှင့် 
  • (၁၅) နို့တိုက်သတ္တဝါများ တို့ဖြစ်ပါတယ်။
ဒီသဘောတရား အကြောင်းအရာတွေကို ကလေးတွေ သိနိုင်အောင်၊ နားလည်အကျွမ်းတဝင်ရှိလာအောင် ချဉ်းကပ်နည်း(၃)မျိုးဖြစ်တဲ့
  • (၁) ကလေးဗဟိုပြုချဉ်းကပ်နည်း၊ 
  • (၂) ကစားခြင်းဖြင့်သင်ယူနည်း နှင့် 
  • (၃) အကြောင်းအရာ အခြပြေုချဉ်းကပ်နည်းတွေနဲ့ သင်ကြားပေးရမှာဖြစ်ပါတယ်။ 
KG တန်းမှာ စာအုပ်ထဲမှာ စာရေးခိုင်းပြီး သင်ပေးရမှာလည်း မဟုတ်ပါဘူး။ (က မှ အ )အထိ ဗျည်း(၃၃)လုံးထဲမှ ကလေးများအတွက် ခက်ခဲစေမယ့် (ဃ၊ဈ၊ဋ္ဋ၊ဋ္ဌ၊ဍ္ဍ၊ဎ၊ဏ၊ဠ)တွေကိုဖယ်ပြီး ကျန်တဲ့ ဗျည်းတွေကိုတောင် ပညာသင်နှစ်ကုန်ဖို့ သုံးလလောက်မှ သင်ပေးရပါလိမ့်မယ်။
ဒီသဘောတရားတွေကို KG တန်းတက်မယ့် ကလေးတွေရဲ့ မိဘတွေ ကြိုတင်သိဖို့ ကြိုးစားရမှာပါပဲ။
ဦးခင်မောင်မြင့် (ရွှေမဟာ)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~