က်ိဳင္းတုံၿမိဳ႕ဆန္ေစ်းကြက္ ျပည္ပတင္ပို႔ႏိုင္မႈ ယခင္ႏွစ္ထက္ ေလ်ာ့က်ေန

က်ိဳင္းတုံၿမိဳ႕ဆန္ေစ်းကြက္ ျပည္ပတင္ပို႔ႏိုင္မႈ ယခင္ႏွစ္ထက္ ေလ်ာ့က်ေန
မေ 5, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ေမလ (၅)ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕ ဆန္ေစ်းကြက္မွ ၂၀၁၆ ခုနွစ္ေလးလအတြင္း ျပည္ပဆန္တင္ပို႔မႈမွာ ၂၀၁၅ ခုနွစ္ (၄)လ ကာလအတြင္း တင္ပို႔ႏုိင္မႈထက္ ေလ်ာ့နည္းေနေၾကာင္း က်ိဳင္းတုံၿမိဳ႕နယ္ ဆန္စပါး ကုန္သည္ႀကီးမ်ားအသင္းမွ သိရသည္။

"အခုလက္ရိွ ျပည္ပကို ဆန္တင္ပို႔နိုင္မႈ အေျခအေနက မနွစ္က ဒီအခ်ိန္နဲ႔စာရင္ တင္ပို႔နိုင္မႈနႈန္းက အမ်ားႀကီးကို ေလ်ာ့က်လာပါတယ္။ ဒီလိုျဖစ္ရတဲ့ အဓိကအေၾကာင္းရင္းက ကုန္ၾကမ္းေတြျဖစ္တဲ့ ့စပါးေတြကို မိုင္းေယာင္း၊ မိုင္းယုဘက္ကေန ရသမွ်၀ယ္သြားၾကေတာ့ က်ိဳင္းတုံအတြက္ ကုန္ၾကမ္းက မရိွေတာ့ဘူး။ ဒီလို ကုန္ၾကမ္းကမရိွေတာ့ စပါးတင္ပို႔နိုင္မႈနႈန္းေတြက သိသိသာသာ ေလ်ာ့နည္းလာ ပါတယ္။"ဟု က်ိဳင္းတုံၿမိဳ႕ ဆန္၊စပါးကုန္သည္ႀကီးမ်ားအသင္း ဥကၠဌ ဦးမုန္းကိုက ေျပာသည္။

က်ိဳင္းတုံၿမိဳ႕တြင္ ၂၀၁၅ ခုနွစ္ ဇန္နဝါရီလမွ ဧၿပီလအထိ ျပည္ပသို႔ဆန္တင္ပို႔မႈမွာ ဆန္တန္ခ်ိန္ (၁၆၀၀၀)ေက်ာ္အထိရိွခဲ့ၿပီး ၂၀၁၆ ခုနွစ္ ေလးလတာကာလအတြင္း ဆန္တန္ခ်ိန္ (၅၀၀၀)နီးပါးသာ တင္ပို႔ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ဆန္စပါးကုန္သည္ႀကီးမ်ားအသင္းမွ သိရသည္။

 " က်ိဳင္းတုံက စပါးေတြကို တရားမ၀င္ သယ္ေဆာင္သြားၾကတဲ့အတြက္ ကၽြန္ေတာ္တို႔အေနနဲ႔ ျပည္ပကို ဆန္တင္ပို႔မႈႏႈန္းေတြ ေလ်ာ့က်လာတဲ့အတြက္ နိုင္ငံေတာ္အတြက္ အခြန္ဘ႑ာလည္း ေလ်ာ့ပါတယ္္။ ယခင္ အစိုးရလက္ထက္က ဒီကိစၥကို ေသေသခ်ာခ်ာ စိစစ္အေရးယူေပးျခင္းမရိွတဲ့အတြက္ ကၽြန္ေတာ္တို႔ေတြ အခက္အခဲ ႀကံဳရပါတယ္။ ဒီအစိုးရလက္ထက္မွာေတာ့ ဒီကိစၥကို ေသေသခ်ာခ်ာ စိစစ္အေရးယူေပးေစခ်င္ပါတယ္။ ဒီလိုမွမဟုတ္ရင္ ကၽြန္ေတာ္တို႔ ျပည္တြင္းကဆန္ေတြ ျပည္ပကို တင္ပို႔ရာမွာ ပိုုၿပီးဒုကၡေရာက္လာမွာပါ"ဟု ဦးမုန္းကိုက ဆိုသည္။

က်ိဳင္းတံုမွဆန္ကို မိုင္းလားၿမိဳ႕မွတဆင့္ တရုတ္ႏုိင္ငံသို႔ တင္ပို႔ေနျခင္းျဖစ္ၿပီး သႀကၤန္ကာလအၿပီး က်ိဳင္းတံုဆန္ေစ်းကြက္အေျခအေနမွာ ေစ်းကြက္ေအးေနေၾကာင္း သိရသည္။

ယခုလက္ရိွ ဆန္ေစ်းကြက္မွာ ဆန္တစ္အိတ္လွ်င္ (၂၉၀၀၀)က်ပ္ျဖစ္ၿပီး ကီလို(၄၀)ဝင္ စပါးတစ္အိတ္မွာ (၁၅၀၀၀)က်ပ္ရိွေနေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္

.......................

ကျိုင်းတုံ၊ ေမလ (၅)ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဆန်ဈေးကွက်မှ ၂၀၁၆ ခုနှစ်လေးလအတွင်း ပြည်ပဆန်တင်ပို့မှုမှာ ၂၀၁၅ ခုနှစ် (၄)လ ကာလအတွင်း တင်ပို့နိုင်မှုထက် လျော့နည်းနေကြောင်း ကျိုင်းတုံမြို့နယ် ဆန်စပါး ကုန်သည်ကြီးများအသင်းမှ သိရသည်။

"အခုလက်ရှိ ပြည်ပကို ဆန်တင်ပို့နိုင်မှု အခြေအနေက မနှစ်က ဒီအချိန်နဲ့စာရင် တင်ပို့နိုင်မှုနှုန်းက အများကြီးကို လျော့ကျလာပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ကုန်ကြမ်းတွဖြေစ်တဲ့စပါးတွေကို မိုင်းယောင်း၊ မိုင်းယုဘက်ကနေ ရသမျှဝယ်သွားကြတော့ ကျိုင်းတုံအတွက် ကုန်ကြမ်းက မရှိတော့ဘူး။ ဒီလို ကုန်ကြမ်းကမရှိတော့ စပါးတင်ပို့နိုင်မှုနှုန်းတွေက သိသိသာသာ လျော့နည်းလာ ပါတယ်။"ဟု ကျိုင်းတုံမြို့ ဆန်၊စပါးကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးမုန်းကိုက ပြောသည်။

ကျိုင်းတုံမြို့တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပြည်ပသို့ဆန်တင်ပို့မှုမှာ ဆန်တန်ချိန် (၁၆၀၀၀)ကျော်အထိရှိခဲ့ပြီး ၂၀၁၆ ခုနှစ် လေးလတာကာလအတွင်း ဆန်တန်ချိန် (၅၀၀၀)နီးပါးသာ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆန်စပါးကုန်သည်ကြီးများအသင်းမှ သိရသည်။

 " ကျိုင်းတုံက စပါးတွေကို တရားမဝင် သယ်ဆောင်သွားကြတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပြည်ပကို ဆန်တင်ပို့မှုနှုန်းတွေ လျော့ကျလာတဲ့အတွက် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာလည်း လျော့ပါတယ်။ ယခင် အစိုးရလက်ထက်က ဒီကိစ္စကို သေသေချာချာ စိစစ်အရေးယူပေးခြင်းမရှိတဲ့အတွက် ကျွန်တော်တို့တွေ အခက်အခဲ ကြုံရပါတယ်။ ဒီအစိုးရလက်ထက်မှာတော့ ဒီကိစ္စကို သေသေချာချာ စိစစ်အရေးယူပေးစေချင်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ ပြည်တွင်းကဆန်တွေ ပြည်ပကို တင်ပို့ရာမှာ ပိုပြီးဒုက္ခရောက်လာမှာပါ"ဟု ဦးမုန်းကိုက ဆိုသည်။

ကျိုင်းတုံမှဆန်ကို မိုင်းလားမြို့မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့နခြေင်းဖြစ်ပြီး သင်္ကြန်ကာလအပြီး ကျိုင်းတုံဆန်ဈေးကွက်အခြေအနေမှာ ဈေးကွက်အေးနေကြောင်း သိရသည်။

ယခုလက်ရှိ ဆန်ဈေးကွက်မှာ ဆန်တစ်အိတ်လျှင် (၂၉၀၀၀)ကျပ်ဖြစ်ပြီး ကီလို(၄၀)ဝင် စပါးတစ်အိတ်မှာ (၁၅၀၀၀)ကျပ်ရှိနေကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~