တာခ်ီလိတ္ၿမိဳ႕တြင္ သက္တမ္းတိုးရန္ မလိုသည့္ ထိုင္းစေလာင္းလိုင္းကို အသံုးျပဳသူမ်ားလာ

တာခ်ီလိတ္ၿမိဳ႕တြင္ သက္တမ္းတိုးရန္ မလိုသည့္ ထိုင္းစေလာင္းလိုင္းကို အသံုးျပဳသူမ်ားလာ
မေ 23, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ (၂၃) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ၊ တာခ်ီလိတ္ၿမိဳ႕တြင္ Sky Net စေလာင္းမ်ားထက္ ေစ်းႏႈန္းသက္သာၿပီး သက္တမ္းတိုးရန္ မလိုသည့္ ထိုင္းစေလာင္းလိုင္း IPM မ်ားကို ေဒသအတြင္း အသုံးျပဳသူမ်ားလာေၾကာင္း စေလာင္းတပ္ဆင္သူမ်ားထံမွ သိရသည္။

“IPM စေလာင္းေတြကို တပ္လာတာမ်ားတယ္။ သူက ေစ်းႏႈန္းလည္းသက္သာေတာ့ အိမ္တိုင္းမွာ ၀ယ္ၾကည့္ႏိုင္တယ္။ ေနာက္ၿပီး စေလာင္းတပ္ၿပီးသြားရင္ လစဥ္ေၾကးကေပးစရာမလိုဘူး။ Sky Net ကိုေတာ့ တခ်ိဳ႕ ေဘာလုံးပြဲေတြၾကည့္တဲ့သူေတြေတာ့ သုံးၾကတယ္။”ဟု ေဒသခံ New Power စေလာင္းဆိုင္မွ တာ၀န္ရွိသူက ေျပာသည္။

ထိုင္းစေလာင္းလိုင္းျဖစ္သည့္ IPM စေလာင္းမ်ားတြင္ ျမန္မာလိုင္းမ်ားအပါ၀င္ လိုင္းေပါင္း (၁၀၀)ေက်ာ္ ပါ၀င္ၿပီး စေလာင္းတစ္ခုလွ်င္ က်ပ္ေလးေသာင္းခန္႔သာက်သင့္ေၾကာင္း သိရသည္။

“တာခ်ီလိတ္မွာ Sky Net ရုံးခြဲလာဖြင့္တာ (၂)ႏွစ္ေတာ့ရွိၿပီ။ ရုံးခြဲအေနနဲ႔ ႏွစ္ႏွစ္အတြင္း အလုံးေရ (၆၀၀)ေက်ာ္ေလာက္ေတာ့ ေရာင္းရတယ္။ တျခားဆိုင္ေတြကေတာ့ ဘယ္ေလာက္ေရာင္းရလည္း မသိဘူး။ အဓိက က ေဘာလုံးပြဲၾကည့္တဲ့သူေတြက အမ်ားအားျဖင့္ တပ္ၾကတယ္။ ေနာက္ၿပီး လက္ဖက္ရည္ဆိုင္ေတြမွာ တပ္တာမ်ားတယ္။”ဟု Sky Net တာခ်ီလိတ္ရုံးခြဲမွ မနန္းေခ်ာစုက ေျပာသည္။

Sky Net အား တစ္လသက္တမ္း တပ္ဆင္မည္ဆိုပါက က်ပ္(၉၀,၀၀၀)ေက်ာ္ႏွင့္ တစ္ႏွစ္စာ တပ္ဆင္မည္ ဆိုပါက က်ပ္(၂၄၀,၀၀၀)ခန္႔ ကုန္က်မည္ျဖစ္ၿပီး သက္တမ္းတိုးရန္ လိုအပ္ျခင္းေၾကာင့္ ေဒသခံမ်ား စိတ္ဝင္စားမႈနည္းေၾကာင္း သိရသည္။

 “အရင္ကေတာ့ Sky Net လည္း မ၀ယ္တပ္ႏိုင္ေတာ့ TV လိုင္းပဲၾကည့္တယ္။ ေနာက္ေတာ့ ေစ်းသက္သာတဲ့ IPM စေလာင္းေတြ ထြက္လာေတာ့ အိမ္တိုင္းလိုလို တပ္ဆင္လာတာ မ်ားလာတယ္။ ျမန္မာလိုင္းလည္းပါတယ္။ လိုင္းေတာ္ေတာ္စုံၿပီး ေစ်းႏႈန္းက ဘတ္(၁၀၀၀)ေက်ာ္ ၀န္းက်င္မွာပဲရွိေတာ့ ေတာ္ေတာ္မ်ားမ်ား ၀ယ္လာၾကတယ္။”ဟု ေဒသခံ ကိုေက်ာ္ဇင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ Sky Net စေလာင္းလိုင္းအျပင္ IPM စေလာင္း၊ 4TV စေလာင္း ၊ HD စေလာင္းစသည္ တို႔အနက္ ေစ်းႏႈန္းသက္သာသည့္ IPM စေလာင္းမ်ားကို အသုံးျပဳသူမ်ားလာေၾကာင္းသိရသည္။

သတင္း။  ။ ေဇာင္းညီ
.....................

တာချီလိတ်၊ မေလ (၂၃) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် Sky Net စလောင်းများထက် ဈေးနှုန်းသက်သာပြီး သက်တမ်းတိုးရန် မလိုသည့် ထိုင်းစလောင်းလိုင်း IPM များကို ဒေသအတွင်း အသုံးပြုသူများလာကြောင်း စလောင်းတပ်ဆင်သူများထံမှ သိရသည်။
“IPM စလောင်းတွေကို တပ်လာတာများတယ်။ သူက ဈေးနှုန်းလည်းသက်သာတော့ အိမ်တိုင်းမှာ ဝယ်ကြည့်နိုင်တယ်။ နောက်ပြီး စလောင်းတပ်ပြီးသွားရင် လစဉ်ကြေးကပေးစရာမလိုဘူး။ Sky Net ကိုတော့ တချို့ ဘောလုံးပွဲတွကြေည့်တဲ့သူတွေတော့ သုံးကြတယ်။”ဟု ဒေသခံ New Power စလောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။
ထိုင်းစလောင်းလိုင်းဖြစ်သည့် IPM စလောင်းများတွင် မြန်မာလိုင်းများအပါဝင် လိုင်းပေါင်း (၁၀၀)ကျော် ပါဝင်ပြီး စလောင်းတစ်ခုလျှင် ကျပ်လေးသောင်းခန့်သာကျသင့်ကြောင်း သိရသည်။
“တာချီလိတ်မှာ Sky Net ရုံးခွဲလာဖွင့်တာ (၂)နှစ်တော့ရှိပြီ။ ရုံးခွဲအနေနဲ့ နှစ်နှစ်အတွင်း အလုံးရေ (၆၀၀)ကျော်လောက်တော့ ရောင်းရတယ်။ တခြားဆိုင်တွေကတော့ ဘယ်လောက်ရောင်းရလည်း မသိဘူး။ အဓိက က ဘောလုံးပွဲကြည့်တဲ့သူတွေက အများအားဖြင့် တပ်ကြတယ်။ နောက်ပြီး လက်ဖက်ရည်ဆိုင်တွေမှာ တပ်တာများတယ်။”ဟု Sky Net တာချီလိတ်ရုံးခွဲမှ မနန်းချောစုက ပြောသည်။
Sky Net အား တစ်လသက်တမ်း တပ်ဆင်မည်ဆိုပါက ကျပ်(၉၀,ဝဝဝ)ကျော်နှင့် တစ်နှစ်စာ တပ်ဆင်မည် ဆိုပါက ကျပ်(၂၄၀,ဝဝဝ)ခန့် ကုန်ကျမည်ဖြစ်ပြီး သက်တမ်းတိုးရန် လိုအပ်ခြင်းကြောင့် ဒေသခံများ စိတ်ဝင်စားမှုနည်းကြောင်း သိရသည်။
 “အရင်ကတော့ Sky Net လည်း မဝယ်တပ်နိုင်တော့ TV လိုင်းပဲကြည့်တယ်။ နောက်တော့ ဈေးသက်သာတဲ့ IPM စလောင်းတွေ ထွက်လာတော့ အိမ်တိုင်းလိုလို တပ်ဆင်လာတာ များလာတယ်။ မြန်မာလိုင်းလည်းပါတယ်။ လိုင်းတော်တော်စုံပြီး ဈေးနှုန်းက ဘတ်(၁၀၀၀)ကျော် ဝန်းကျင်မှာပဲရှိတော့ တော်တော်များများ ဝယ်လာကြတယ်။”ဟု ဒေသခံ ကိုကျော်ဇင်က ပြောသည်။
တာချီလိတ်မြို့တွင် Sky Net စလောင်းလိုင်းအပြင် IPM စလောင်း၊ 4TV စလောင်း၊ HD စလောင်းစသည် တို့အနက် ဈေးနှုန်းသက်သာသည့် IPM စလောင်းများကို အသုံးပြုသူများလာကြောင်းသိရသည်။
သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~