နမ့္စန္ၿမိဳ႕မွ ထုတ္လုပ္ေသာ ေဆာက္လုပ္ေရးလုပ္ငန္းသံုး ထံုးမ်ား ရွမ္းျပည္အႏွံ႔တင္ပို႔လာရ

နမ့္စန္ၿမိဳ႕မွ ထုတ္လုပ္ေသာ ေဆာက္လုပ္ေရးလုပ္ငန္းသံုး ထံုးမ်ား ရွမ္းျပည္အႏွံ႔တင္ပို႔လာရ
မေ 3, 2016
By Tachileik News Agency

နမ့္စန္၊ ဧၿပီလ (၂၇) ရက္
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ နမ့္စန္ၿမိဳ႕မွထုတ္လုပ္ေသာ ေဆာက္လုပ္ေရးလုပ္ငန္းသံုး ထံုးမ်ားမွာ ရွမ္းျပည္နယ္ အႏွံ႔အျပားသို႔ တင္ပို႔ေရာင္းခ်လာရေၾကာင္း ထံုး လုပ္ငန္းလုပ္ကိုင္သူမ်ားထံမွ သိရပါတယ္။

"ဒီနယ္ကထြက္တဲ့ ထံုးေတြကို နမ့္စန္ၿမိဳ႕အျပင္ လြိဳင္လင္၊ ပင္လုံ၊ က်ဳိင္းတုံၿမိဳ႕ နဲ႔  တာခ်ီလိတ္ကိုလည္း ပို႔တယ္။ အဓိက ေဒသတြင္း ေဆာက္လုပ္ေရးလုပ္ငန္းမွာ အသံုးျပဳၾကတာပါ"လို႔ ထံုးလုပ္ငန္းရွင္တစ္ဦးျဖစ္သူ ေဌးျမင့္ေလးက ေျပာပါတယ္။

နမ့္စန္ၿမိဳ႕တြင္ ေဆာက္လုပ္ေရးလုပ္ငန္းသံုး  ထံုးထုတ္လုပ္သည့္ ထံုးဖိုေပါင္း(၂၈)ဖိုရွိကာ အဆိုပါထံုးဖိုမ်ားမွ တစ္ပတ္လွ်င္ ပ်မ္းမွ်ထံုးအိတ္ေပါင္း(၁၂၆၀၀)အိတ္ထြက္ရွိေၾကာင္း သိရပါတယ္။

"ထံုးေတြကို အိတ္လိုက္၀ယ္ယူတာရွိသလို ထံုးဖိုကို  ဖိုလိုက္အျပတ္၀ယ္ယူတာလည္း ရွိပါတယ္။ ထံုးဖိုကေတာ့ အမ်ိဳးအစားအလုိက္ ကြာျခားမႈရွိတယ္။ ထံုးဖိုႀကီးရင္ ေစ်းပိုႀကီးတယ္။ အမ်ားဆံုး(၅)သိန္းကေန (၁၀)သိန္းအထိရွိတယ္"လို႔ ထံုးဖုတ္လုပ္ငန္းလုပ္ကိုင္သူ ကိုထူးက ေျပာပါတယ္။

ထံုးဖိုမ်ားမွာ ဖုိႀကီးတစ္ဖိုလွ်င္ က်ပ္(၁၀)သိန္း၊ ထုံးဖုိအလတ္လွ်င္ က်ပ္(၇)သိန္း၀န္းက်င္ႏွင့္ ထုံးဖုိငယ္လွ်င္ က်ပ္(၅)သိန္းခန္႔႐ွိၿပီး (၉)ပိ္ႆာ ခန္႔ဝင္ေသာ ထုံးတစ္အိတ္လွ်င္ (၁၄၀၀)က်ပ္မွ (၁၅၀၀)က်ပ္ခန္႔ ေပါက္ေစ်းရိွေၾကာင္း သိရပါတယ္။

ထံုးထုတ္လုပ္ရန္အတြက္ ထုံးတစ္ဖုိလွ်င္ အနည္းဆုံး(၅)ရက္မွ အမ်ားဆုံး(၇)ရက္ခန္႔ၾကာျမင့္ၿပီး ထံုးဖိုအႀကီးအေသးေပၚလုိက္၍ ထံုးထုတ္လုပ္မႈႏႈန္း ကြာျခားတာျဖစ္ပါတယ္။

သတင္း/ဓာတ္ပံု။  ။ သန္းစိုးေအာင္(နမ့္စန္)

.................

နမ့်စန်၊ ဧပြီလ (၂၇) ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့မှထုတ်လုပ်သော ဆောက်လုပ်ရေးလုပ်ငန်းသုံး ထုံးများမှာ ရှမ်းပြည်နယ် အနှံ့အပြားသို့ တင်ပို့ရောင်းချလာရကြောင်း ထုံး လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။

"ဒီနယ်ကထွက်တဲ့ ထုံးတွေကို နမ့်စန်မြို့အပြင် လွိုင်လင်၊ ပင်လုံ၊ ကျိုင်းတုံမြို့ နဲ့ တာချီလိတ်ကိုလည်း ပို့တယ်။ အဓိက ဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းမှာ အသုံးပြုကြတာပါ"လို့ ထုံးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဌေးမြင့်လေးက ပြောပါတယ်။

နမ့်စန်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ထုံးထုတ်လုပ်သည့် ထုံးဖိုပေါင်း(၂၈)ဖိုရှိကာ အဆိုပါထုံးဖိုများမှ တစ်ပတ်လျှင် ပျမ်းမျှထုံးအိတ်ပေါင်း(၁၂၆၀၀)အိတ်ထွက်ရှိကြောင်း သိရပါတယ်။

"ထုံးတွေကို အိတ်လိုက်ဝယ်ယူတာရှိသလို ထုံးဖိုကို ဖိုလိုက်အပြတ်ဝယ်ယူတာလည်း ရှိပါတယ်။ ထုံးဖိုကတော့ အမျိုးအစားအလိုက် ကွာခြားမှုရှိတယ်။ ထုံးဖိုကြီးရင် ဈေးပိုကြီးတယ်။ အများဆုံး(၅)သိန်းကနေ (၁၀)သိန်းအထိရှိတယ်"လို့ ထုံးဖုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုထူးက ပြောပါတယ်။

ထုံးဖိုများမှာ ဖိုကြီးတစ်ဖိုလျှင် ကျပ်(၁၀)သိန်း၊ ထုံးဖိုအလတ်လျှင် ကျပ်(၇)သိန်းဝန်းကျင်နှင့် ထုံးဖိုငယ်လျှင် ကျပ်(၅)သိန်းခန့်ရှိပြီး (၉)ပိ်ဿါ ခန့်ဝင်သော ထုံးတစ်အိတ်လျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ်ခန့် ပေါက်ဈေးရှိကြောင်း သိရပါတယ်။

ထုံးထုတ်လုပ်ရန်အတွက် ထုံးတစ်ဖိုလျှင် အနည်းဆုံး(၅)ရက်မှ အများဆုံး(၇)ရက်ခန့်ကြာမြင့်ပြီး ထုံးဖိုအကြီးအသေးပေါ်လိုက်၍ ထုံးထုတ်လုပ်မှုနှုန်း ကွာခြားတာဖြစ်ပါတယ်။

သတင်း/ဓာတ်ပုံ။ သန်းစိုးအောင်(နမ့်စန်)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~