တန္႔ယန္းရွိ တအာင္းေက်းရြာမ်ားတြင္ တစ္ႏုိင္တစ္ပိုင္ လက္ဖက္စက္ရံုမ်ား တည္ေဆာက္ရန္ စီစဥ္

တန္႔ယန္းရွိ တအာင္းေက်းရြာမ်ားတြင္ တစ္ႏုိင္တစ္ပိုင္ လက္ဖက္စက္ရံုမ်ား တည္ေဆာက္ရန္ စီစဥ္
မေ 27, 2016
By Tachileik News Agency

တန္႔ယန္း၊ ေမလ (၂၇) ရက္
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) တန္႔ယန္းၿမိဳ႕နယ္ နားဟုတ္၊ ဟိုတာ ေက်း႐ြာအုပ္စုမ်ားတြင္ တစ္နိုင္တစ္ပိုင္     လက္ဖက္  စက္ရုံမ်ား ေပၚေပါက္လာရန္ လြယ္ပန္ထိပ္ထားအဖြဲ႕မွ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

အဆိုပါ တအာင္းေက်း႐ြာမ်ားမွ ေတာင္ေပၚလက္ဖက္ခင္းမ်ားတြင္ ေစ်းအနိမ့္ျဖင့္သာ ေရာင္းခ်ေနရသျဖင့္ ေတာင္သူမ်ားထံမွ လက္ဖက္ေစ်းေကာင္းေကာင္းျဖင့္ ဝယ္ယူေပးမည့္ လက္ဖက္အစိုစက္ရုံကို လြယ္ပန္ေက်း႐ြာတြင္ ဇြန္လအတြင္း စတင္ဖြင့္လွစ္ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။

“လက္ဖက္႐ြက္စိမ္းေတြကို လက္ဖက္အဝယ္ဒိုင္ေတြက ေပးတဲ့ေစ်းထက္ပိုေပးၿပီး လက္ဖက္စိုက္ေတာင္သူေတြဆီကေန ဝယ္ယူသြားမွာျဖစ္ပါတယ္” ဟု လြယ္ပန္ထိပ္ထားအဖြဲ႕မွ မိုင္းအိုက္ဆြယ္က ဆိုသည္။

လြယ္ပန္၊ လြယ္ဆိုင္၊ ပန္ေမာင္၊ ပန္ယယံုး၊ ပန္ဝ စသည့္ တအာင္း႐ြာမ်ားမွ လက္ဖက္အစိမ္းမ်ားကို ဝယ္ယူၿပီး ၿမိဳ႕ႀကီးမ်ားသို႔ ျပန္လည္တင္ပို႔မည့္ အဆိုပါစက္ရံုအား လက္ဖက္လိွမ့္စက္ (၁) လံုး၊ လက္ဖက္ေပါင္းအိုးမ်ားျဖင့္သာ စတင္ႏိုင္မည္ျဖစ္ေသာ္လည္း ဆက္လက္တိုးခ်ဲ႕သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီလိုလက္ဖက္စက္ရုံေတြ ေပၚလာရင္ ေတာင္သူေတြကို လက္ဖက္႐ြက္အရည္အေသြးေကာင္းေကာင္းရဖို႔ စနစ္တက်  လက္ဖက္စ္ိုက္ပ်ိဳးနည္း ၊ ခူးဆြတ္နည္း ၊ ကိုင္းျဖတ္နည္းေတြကို ဂ်ပန္နည္းစနစ္ အတိုင္း လုပ္နိုင္ဖို႔ သင္ၾကားေပးမွာပါ။ ေတာင္သူေတြအေနနဲ႔ လက္ဖက္ ကို ေတာင္ေအာက္ထိ သြားေရာင္းစရာ မလိုဘဲ ႐ြာမွာရိွတဲ့စက္ရုံမွာတင္ေရာင္းႏိုင္မယ့္အျပင္  လက္ဖက္ေစ်းလည္း ပိုရလာမယ္” ဟု လြယ္ပန္ထိပ္ထားအဖြဲ႕က ကိုမိုင္းအိုက္ဆြယ္က ေျပာသည္။                    

ယခုႏွစ္အတြင္း လက္ဖက္ဒိုင္မ်ားမွ လက္ဖက္ ဝယ္ေစ်းမွာ တစ္ပိႆာလွ်င္ က်ပ္(၂၈၀၀)ဝန္းက်င္ရိွၿပီး မိုးတြင္း   ကာလ တြင္ က်ပ္ (၂၀၀၀)ဝန္းက်င္သာ ဝယ္ေစ်းရွိေတာ့ေၾကာင္း သိရသည္။

ယခင္ႏွစ္က လက္ဖက္ေျခာက္ တစ္ပိႆာလွ်င္ က်ပ္ (၅၀၀၀)မွ က်ပ္ (၇၀၀၀)အထိ ေစ်းရေသာ္လည္း့ ၂၀၁၆ ခုႏွစ္တြင္ ေစ်းထိုးက်လာသျဖင့္ လက္ဖက္စိုက္ေတာင္သူမ်ားမွာ စားဝတ္ေနေရးထိခိုက္လာေၾကာင္း သိရသည္။
လက္ဖက္စက္ရံုဖြင့္လွစ္မည့္ လြယ္ပန္ေက်း႐ြာမွာ အိမ္ေျခ (၄၁၇) အိမ္ရိွၿပီး  တအာင္းလူမ်ိဳးစုမ်ား ေနထုိင္ၾကကာ လက္ဖက္စိုက္ပ်ိဳးေရးျဖင့္သာ အသက္ေမြးဝမ္းေၾကာင္း လုပ္ကိုင္ၾကျခင္းျဖစ္သည္။

သတင္း။  ။ လျပည့္ကို
...................

တန့်ယန်း၊ မေလ (၂၇) ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နားဟုတ်၊ ဟိုတာ ကျေးရွာအုပ်စုများတွင် တစ်နိုင်တစ်ပိုင် လက်ဖက် စက်ရုံများ ပေါ်ပေါက်လာရန် လွယ်ပန်ထိပ်ထားအဖွဲ့မှ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ တအာင်းကျေးရွာများမှ တောင်ပေါ်လက်ဖက်ခင်းများတွင် ဈေးအနိမ့်ဖြင့်သာ ရောင်းချနေရသဖြင့် တောင်သူများထံမှ လက်ဖက်ဈေးကောင်းကောင်းဖြင့် ဝယ်ယူပေးမည့် လက်ဖက်အစိုစက်ရုံကို လွယ်ပန်ကျေးရွာတွင် ဇွန်လအတွင်း စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“လက်ဖက်ရွက်စိမ်းတွေကို လက်ဖက်အဝယ်ဒိုင်တွေက ပေးတဲ့ဈေးထက်ပိုပေးပြီး လက်ဖက်စိုက်တောင်သူတွေဆီကနေ ဝယ်ယူသွားမှာဖြစ်ပါတယ်” ဟု လွယ်ပန်ထိပ်ထားအဖွဲ့မှ မိုင်းအိုက်ဆွယ်က ဆိုသည်။

လွယ်ပန်၊ လွယ်ဆိုင်၊ ပန်မောင်၊ ပန်ယယုံး၊ ပန်ဝ စသည့် တအာင်းရွာများမှ လက်ဖက်အစိမ်းများကို ဝယ်ယူပြီး မြို့ကြီးများသို့ ပြန်လည်တင်ပို့မည့် အဆိုပါစက်ရုံအား လက်ဖက်လှိမ့်စက် (၁) လုံး၊ လက်ဖက်ပေါင်းအိုးများဖြင့်သာ စတင်နိုင်မည်ဖြစ်သော်လည်း ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုလက်ဖက်စက်ရုံတွေ ပေါ်လာရင် တောင်သူတွေကို လက်ဖက်ရွက်အရည်အသွေးကောင်းကောင်းရဖို့ စနစ်တကျ လက်ဖက်စို်က်ပျိုးနည်း၊ ခူးဆွတ်နည်း၊ ကိုင်းဖြတ်နည်းတွေကို ဂျပန်နည်းစနစ် အတိုင်း လုပ်နိုင်ဖို့ သင်ကြားပေးမှာပါ။ တောင်သူတွေအနေနဲ့ လက်ဖက် ကို တောင်အောက်ထိ သွားရောင်းစရာ မလိုဘဲ ရွာမှာရှိတဲ့စက်ရုံမှာတင်ရောင်းနိုင်မယ့်အပြင် လက်ဖက်ဈေးလည်း ပိုရလာမယ်” ဟု လွယ်ပန်ထိပ်ထားအဖွဲ့က ကိုမိုင်းအိုက်ဆွယ်က ပြောသည်။

ယခုနှစ်အတွင်း လက်ဖက်ဒိုင်များမှ လက်ဖက် ဝယ်ဈေးမှာ တစ်ပိဿါလျှင် ကျပ်(၂၈၀၀)ဝန်းကျင်ရှိပြီး မိုးတွင်း ကာလ တွင် ကျပ် (၂၀၀၀)ဝန်းကျင်သာ ဝယ်ဈေးရှိတော့ကြောင်း သိရသည်။

ယခင်နှစ်က လက်ဖက်ခြောက် တစ်ပိဿါလျှင် ကျပ် (၅၀၀၀)မှ ကျပ် (၇၀၀၀)အထိ ဈေးရသော်လည်း့ ၂၀၁၆ ခုနှစ်တွင် ဈေးထိုးကျလာသဖြင့် လက်ဖက်စိုက်တောင်သူများမှာ စားဝတ်နေရေးထိခိုက်လာကြောင်း သိရသည်။
လက်ဖက်စက်ရုံဖွင့်လှစ်မည့် လွယ်ပန်ကျေးရွာမှာ အိမ်ခြေ (၄၁၇) အိမ်ရှိပြီး တအာင်းလူမျိုးစုများ နေထိုင်ကြကာ လက်ဖက်စိုက်ပျိုးရေးဖြင့်သာ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်ကြခြင်းဖြစ်သည်။

သတင်း။ လပြည့်ကို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~